မိန်းကလေးတွေအနေနဲ့ ပခုံးကျဉ်းတာဟာ ပြဿနာတစ်ခုတော့မဟုတ်ပါဘူး။ အချို့မိန်းကလေးတွေက သဲပုံနာရီခန္ဓာကိုယ်အချိုးအစား လိုချင်ကြပါ တယ်။
ပခုံးကကျဉ်းပြီး တင်ပါးကကျယ်နေရင် အချိုးအစားမကျဘူးလို့ခံစားနေရသူတွေ အတွက် ဖြေရှင်းနည်းလေးတွေဝေမျှပေးလိုက်ပါတယ်။
ပခုံးကျဉ်းတာကလူတိုင်းအတွက် ပြဿနာတစ်ခု မဟုတ်ပေမယ့် အချို့တွေအတွက်တော့စိတ်တိုင်းမကျမှုတွေ ဖြစ်စေတတ်ပါတယ်။ ပခုံးသေးတဲ့ အခါ ခန္ဒာကိုယ်အောက်ပိုင်းက အရမ်းကြီးနေတယ်လို့ ထင်ရတတ်ပါတယ်။ ဝတဲ့သူတွေပခုံးကျဉ်းရင် အရပ်ပိုပုသွားတယ်လို့ထင်ရစေတတ်ပါ တယ်။ပခုံးကျဉ်းတဲ့ ပြဿနာကို အလွယ်တကူ ဖြေရှင်းလို့ ရပါတယ်။
မှန်ကန်တဲ့ အင်္ကျီလည်ပင်းဒီဇိုင်း
အင်္ကျီလည်ပင်းဒီဇိုင်းရွေးချယ်မှုမှန်ကန်ရပါမယ်။ Vပုံလည်ပင်းရှိတဲ့ ရှပ်အင်္ကျီတွေ၊ တီရှပ်တွေဝတ်ပေးပါ။ အလျှားလိုက်တည့်ဖြဖတ်ထားတဲ့ လည် ပင်းပုံစံတွေကိုလည်း ရွေးချယ်ပေးပါ။ လေးထောင့်ပုံလည်ပင်း ဒီဇိုင်းဆို လည်းအဆင်ပြေပါတယ်။
လှေပုံလည်ပင်းဒီဇိုင်းတွေကလည်း သင့်ပခုံးကိုကျယ်တယ်လို့ ထင်ရစေပါ တယ်။ လှေပုံလည်ပင်းဆိုတာက လည်ပင်းအကျယ်ကြီးပါတဲ့ အင်္ကျီတွေကို ပြောတာပါ။ပခုံး၂ဖက် အစွန်းလောက်ရောက်လောက်အောင် ကျယ်တဲ့အတွက် မူလပခုံးအကျယ်ထက် ပိုကျယ်တယ်လို့ ထင်ရစေပါတယ်။
ပခုံးပြတ်အင်္ကျီများ
ပခုံးပြတ်အင်္ကျီတွေကလည်း သင့်ပခုံးကို ပိုကျယ်တယ်လို့ ထင်ရစေပါ တယ်။ လူတွေရဲ့အာရုံက သင့်ပခုံးမှာ ရှိနေမှာဖြစ်ပြီး သင့်ပခုံးကတင်ပါး ထက်ပိုကျဉ်းနေတယ်ဆိုတာကို သတိပြုမိတော့မှာမဟုတ်ပါဘူး။
အင်္ကျီလက်
အင်္ကျီလက်ရွေးချယ်တဲ့အခါ ကိုယ့်ပခုံးနဲ့တစ်သားတည်းကျမနေတဲ့ အင်္ကျီလက်မျိုးကို ရွေးချယ်ဝတ်ပါ။ အချို့အင်္ကျီလက်တွေရဲ့ပခုံးတွေက လေးထောင့်ဆန်ပြီးတောင့်တောင့်လေးဖြစ်နေပါတယ်။ ပခုံးမှာ အဖေါင်းတွေ အတွန့်တွေပါတာမျိုးလည်း ဝတ်သင့်ပါတယ်။ ဒီလိုလက်မျိုးပါတဲ့ အင်္ကျီတွေက သင့်ပခုံးကို မူလအရွယ်အစားထက် ပိုကျယ်တယ်လို့ထင်ရစေလို့ပါ။ ပခုံးမှာဖော့ခံပါတဲ့ အင်္ကျီတွေလည်း ဝတ်လို့ရပါတယ်။ ဖော့ခံကို သီးသန့်ဝယ်ပြီးထည့်ဝတ်လည်း ရပါတယ်။
ဂျာကင်/ကုတ်အင်္ကျီ
ဂျာကင်တွေကုတ်အင်္ကျီတွေရဲ့ပခုံးတွေကတောင့်နေပြီးကျယ်နေတတ်ပါ တယ်။ ပခုံးကျဉ်းသူတွေ အတွက် သင့်တော်ပြီး စတိုင်ကျလှပစေပါတယ်။
By Myanmar Textile & Garment Guide