What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂ်င္းပင္ ကြက္တိျဖစ္ခ်င္ရင္. . .

Zawgyi version

ဂ်င္းေဘာင္းဘီ ၀တ္တဲ့အခါ ကုိယ္နဲ႔ အံကုိက္ျဖစ္တာကုိ ရဖုိ႔ မလြယ္ပါဘူး။ တင္ပါးေနရာမွာ အိက်ေနလုိ႔ ၾကည့္မေကာင္းတာ။ ေပါင္လုံးအေကြးနဲ႔ မအပ္မစပ္ ျဖစ္ေနတာေတြ ရွိစၿမဲပါပဲ။ ကြက္တိ အံ၀င္ခြင္က် ျဖစ္ဖုိ႔ဆုိတာ နတ္ျပည္က လႊတ္ခ်တဲ့အပ္နဲ႔ လူျပည့္မွာ ေထာင္ထားတဲ့အပ္ ထိပ္ခ်င္းထိဖုိ႔ ခက္ခဲသလုိမ်ဳိး ခဲယဥ္းပါတယ္။ ဒါေပမဲ့ ေရာဂါသိရင္ ေဆးရွိတယ္။ 

ဂ်င္းသားစစ္စစ္ေတြဟာ ေရေလွ်ာ္ရင္ က်ဳံ႕တယ္။ ဒီေတာ့ ဂ်င္းေဘာင္းဘီအေကာင္းစား ထုတ္လုပ္တဲ့သူေတြက အသားမက်ဳံ႕ေအာင္ စီမံၿပီးမွ ဂ်င္းေဘာင္းဘီကုိ ခ်ဳပ္လုပ္ၿပီး ထုတ္လုပ္ေလ့ရွိတယ္။ မခ်ဳပ္ခင္ကတည္းက ႀကိဳက်ဳံ႕ေပးၿပီးသား အသားကုိ သုံးၿပီး ခ်ဳပ္လုပ္ၾကတာ ျဖစ္ပါတယ္။ ႀကိဳက်ဳံ႕ေအာင္ ေရေလွ်ာ္ၿပီး အေျခာက္ခံေပးတဲ့ နည္းကုိ ပညာရပ္အေခၚအေ၀ၚကေတာ့ စံေဖာ္႐ုိက္ေဇးရွင္း Sanforization လုိ႔ ေခၚပါတယ္။

how to get jeans to fit perfectly style jean

(တင္သားေတြ ေပါင္လုံးေတြနဲ႔ အတိအက် ပုံက်ပန္းက် ျဖစ္ေနေစတဲ့ ဂ်င္းသားတစ္မ်ဳိးကေတာ့ LYCRA® fabric technology လုိင္ခရာ အထည္သားနည္းပညာ သုံးစြဲထားတဲ့ ဂ်င္းေဘာင္းဘီေတြ ျဖစ္ပါတယ္။ အဲဒီအေၾကာင္းကုိ အလ်ဥ္းသင့္တဲ့အခါ တင္ျပေပးဖုိ႔ ရွိတာေၾကာင့္ ယခု ခ်န္လွပ္ထားခဲ့ရပါတယ္)

အဲဒီလုိ လုပ္မထားတဲ့ ဂ်င္းေဘာင္းဘီမ်ဳိးကုိ ေရြးခ်ယ္၀ယ္ယူဖုိ႔လုိၿပီး မိမိေျခေထာက္ အရြယ္အစားထက္ နည္းနည္းေလး ပုိပြေနတာကုိ ေရြးခ်ယ္၀ယ္ယူရမွာ ျဖစ္ပါတယ္။ ဒါမွ ေရေလွ်ာ္ၿပီးခ်ိန္ က်ဳံ႕သြားရင္ ကုိယ့္ေပါင္လုံးေတြနဲ႔ တင္ပါးေတြနဲ႔ အံ၀င္ခြင္က် ျဖစ္ေနမယ္။

အဲဒီလုိ ဂ်င္းေဘာင္းဘီ အသစ္ကုိ ၀ယ္ၿပီးၿပီဆုိရင္ တစ္ထည္လုံး ေရေႏြး (ၾကက္သီးေႏြး)ထဲ ေကာင္းေကာင္း ႏွစ္ျမႇုဳပ္ထားလုိ႔ရမယ့္ အရြယ္အစားရွိတ့ဲ ဇလုံတစ္လုံးထဲမွာ ေရျဖည့္ထည့္ၿပီး ေဘာင္းဘီကုိ ေရထဲ လုံးလုံးလ်ားလ်ား ျမႇဳပ္ေနေအာင္ ေသေသခ်ာခ်ာ

ႏွစ္ၿပီး စိမ္ထားလုိက္ပါ။ တစ္ထည္လုံး ေရထဲျမႇဳပ္ေနေစဖုိ႔ အေပၚကေန တစ္ခုခုနဲ႔ ဖိေပးထားဖုိ႔ သတိမူပါ။

အနည္းဆုံး တစ္နာရီ ေရစိမ္ထားပါ။ ၿပီးရင္ မညႇစ္ဘဲ တန္းမွာ လွန္းထားလုိက္ပါ။ အတြန္႔အေၾက အရာမရွိေအာင္ မလွန္းခင္မွာ ဂ်င္းေဘာင္းဘီကုိ နာနာခါေပးပါ။ လိမ္ညႇစ္ရင္ အသားေၾကရာေတြ ထင္က်န္မွာမုိ႔ မညႇစ္ခုိင္းတာ ျဖစ္ပါတယ္။

ေရေတြ ေတာက္ေတာက္က်ေနရာမွ ရပ္သြားၿပီး စုိထန္႔ထန္႔ ျဖစ္သြားတဲ့အျဖစ္ကုိ ေရာက္တဲ့အထိ ေစာင့္ပါ။  အ၀တ္ေလွ်ာ္စက္မွ အ၀တ္ေရခါထုတ္တဲ့အပုိင္းကုိ သုံးၿပီးေတာ့ ဂ်င္းေဘာင္းဘီမွ ေရေတြ ဖယ္ရွားမယ္ ဆုိရင္လည္း ရပါတယ္။ အဲဒီလုိ စုိုထိုင္းထုိင္း ျဖစ္ေနခ်ိန္မွာ အဲဒီ ဂ်င္းေဘာင္းဘီကုိ ၀တ္ဆင္ပါ။ လုံး၀ေျခာက္ေသြ႕သြားတဲ့အထိ ၀တ္ဆင္ထားပါ။ ဂ်င္းသားက တစ္ေရေလွ်ာ္လုိက္တဲ့သေဘာ ျဖစ္တာေၾကာင့္ က်ဳံ႕၀င္သြားမယ္။ ခႏၶာကုိယ္ေအာက္ပုိင္းမွ တင္သား၊ ေပါင္လုံး စတာေတြအတုိင္း အံကုိက္ပုံသြင္းၿပီးသား ေတာင့္ေတာင့္ေလး ျဖစ္ေနမယ္။

မီးပူမတုိက္ေသးသေရြ႕၊ ေနာက္တစ္ႀကိမ္ ေရမေလွ်ာ္ေသးသေရြ႕ တင္သားေတြ၊ ေပါင္လုံးေတြ စတဲ့ ကုိယ္ခႏၶာေအာက္ပုိင္းနဲ႔ အံ၀င္ခြင္က် ျဖစ္ေနပါလိမ့္မယ္။ ထူးျခားခ်က္တစ္ခုက ေျခေထာက္လႈပ္ရွားမႈေတြမွာ ဂ်င္းေဘာင္းဘီက အံ၀င္ခြင္က် မျဖစ္လုိ႔ တုပ္ေနတာမ်ဳိး လုံး၀ မပေပ်ာက္ရင္ေတာင္ အေတာ္နည္းပါးေနပါလိမ့္မယ္။ မိမိအတြက္ တုိင္းၿပီး ခ်ဳပ္ေပးထားသလား ထင္မွတ္မွားမိမယ္။

 aid26412 v4 900px Make Your Jeans

Unicode version

ဂျင်းဘောင်းဘီ ဝတ်တဲ့အခါ ကိုယ်နဲ့ အံကိုက်ဖြစ်တာကို ရဖို့ မလွယ်ပါဘူး။ တင်ပါးနေရာမှာ အိကျနေလို့ ကြည့်မကောင်းတာ။ ပေါင်လုံးအကွေးနဲ့ မအပ်မစပ် ဖြစ်နေတာတွေ ရှိစမြဲပါပဲ။ ကွက်တိ အံဝင်ခွင်ကျ ဖြစ်ဖို့ဆိုတာ နတ်ပြည်က လွှတ်ချတဲ့အပ်နဲ့ လူပြည့်မှာ ထောင်ထားတဲ့အပ် ထိပ်ချင်းထိဖို့ ခက်ခဲသလိုမျိုး ခဲယဉ်းပါတယ်။ ဒါပေမဲ့ ရောဂါသိရင် ဆေးရှိတယ်။ 

ဂျင်းသားစစ်စစ်တွေဟာ ရေလျှော်ရင် ကျုံ့တယ်။ ဒီတော့ ဂျင်းဘောင်းဘီအကောင်းစား ထုတ်လုပ်တဲ့သူတွေက အသားမကျုံ့အောင် စီမံပြီးမှ ဂျင်းဘောင်းဘီကို ချုပ်လုပ်ပြီး ထုတ်လုပ်လေ့ရှိတယ်။ မချုပ်ခင်ကတည်းက ကြိုကျုံ့ပေးပြီးသား အသားကို သုံးပြီး ချုပ်လုပ်ကြတာ ဖြစ်ပါတယ်။ ကြိုကျုံ့အောင် ရေလျှော်ပြီး အခြောက်ခံပေးတဲ့ နည်းကို ပညာရပ်အခေါ်အေဝါ်ကတော့ စံဖော်ရိုက်ဇေးရှင်း Sanforization လို့ ခေါ်ပါတယ်။

(တင်သားတွေ ပေါင်လုံးတွေနဲ့ အတိအကျ ပုံကျပန်းကျ ဖြစ်နေစေတဲ့ ဂျင်းသားတစ်မျိုးကတော့ LYCRA® fabric technology လိုင်ခရာ အထည်သားနည်းပညာ သုံးစွဲထားတဲ့ ဂျင်းဘောင်းဘီတွေ ဖြစ်ပါတယ်။ အဲဒီအကြောင်းကို အလျဉ်းသင့်တဲ့အခါ တင်ပြပေးဖို့ ရှိတာကြောင့် ယခု ချန်လှပ်ထားခဲ့ရပါတယ်)

အဲဒီလို လုပ်မထားတဲ့ ဂျင်းဘောင်းဘီမျိုးကို ရွေးချယ်ဝယ်ယူဖို့လိုပြီး မိမိခြေထောက် အရွယ်အစားထက် နည်းနည်းလေး ပိုပွနေတာကို ရွေးချယ်ဝယ်ယူရမှာ ဖြစ်ပါတယ်။ ဒါမှ ရေလျှော်ပြီးချိန် ကျုံ့သွားရင် ကိုယ့်ပေါင်လုံးတွေနဲ့ တင်ပါးတွေနဲ့ အံဝင်ခွင်ကျ ဖြစ်နေမယ်။

အဲဒီလို ဂျင်းဘောင်းဘီ အသစ်ကို ဝယ်ပြီးပြီဆိုရင် တစ်ထည်လုံး ရေနွေး (ကြက်သီးနွေး)ထဲ ကောင်းကောင်း နှစ်မြှုပ်ထားလို့ရမယ့် အရွယ်အစားရှိတဲ့ ဇလုံတစ်လုံးထဲမှာ ရဖြေည့်ထည့်ပြီး ဘောင်းဘီကို ရေထဲ လုံးလုံးလျားလျား မြှုပ်နေအောင် သေသေချာချာ

နှစ်ပြီး စိမ်ထားလိုက်ပါ။ တစ်ထည်လုံး ရေထဲမြှုပ်နေစေဖို့ အပေါ်ကနေ တစ်ခုခုနဲ့ ဖိပေးထားဖို့ သတိမူပါ။

အနည်းဆုံး တစ်နာရီ ရေစိမ်ထားပါ။ ပြီးရင် မညှစ်ဘဲ တန်းမှာ လှန်းထားလိုက်ပါ။ အတွန့်အကြေ အရာမရှိအောင် မလှန်းခင်မှာ ဂျင်းဘောင်းဘီကို နာနာခါပေးပါ။ လိမ်ညှစ်ရင် အသားကြေရာတွေ ထင်ကျန်မှာမို့ မညှစ်ခိုင်းတာ ဖြစ်ပါတယ်။

ရေတွေ တောက်တောက်ကျနေရာမှ ရပ်သွားပြီး စိုထန့်ထန့် ဖြစ်သွားတဲ့အဖြစ်ကို ရောက်တဲ့အထိ စောင့်ပါ။ အဝတ်လျှော်စက်မှ အဝတ်ရေခါထုတ်တဲ့အပိုင်းကို သုံးပြီးတော့ ဂျင်းဘောင်းဘီမှ ရေတွေ ဖယ်ရှားမယ် ဆိုရင်လည်း ရပါတယ်။ အဲဒီလို စိုထိုင်းထိုင်း ဖြစ်နေချိန်မှာ အဲဒီ ဂျင်းဘောင်းဘီကို ဝတ်ဆင်ပါ။ လုံးဝခြောက်သွေ့သွားတဲ့အထိ ဝတ်ဆင်ထားပါ။ ဂျင်းသားက တစ်ရေလျှော်လိုက်တဲ့သဘော ဖြစ်တာကြောင့် ကျုံ့ဝင်သွားမယ်။ ခန္ဓာကိုယ်အောက်ပိုင်းမှ တင်သား၊ ပေါင်လုံး စတာတွေအတိုင်း အံကိုက်ပုံသွင်းပြီးသား တောင့်တောင့်လေး ဖြစ်နေမယ်။

မီးပူမတိုက်သေးသရွေ့၊ နောက်တစ်ကြိမ် ရေမလျှော်သေးသရွေ့ တင်သားတွေ၊ ပေါင်လုံးတွေ စတဲ့ ကိုယ်ခန္ဓာအောက်ပိုင်းနဲ့ အံဝင်ခွင်ကျ ဖြစ်နေပါလိမ့်မယ်။ ထူးခြားချက်တစ်ခုက ခြေထောက်လှုပ်ရှားမှုတွေမှာ ဂျင်းဘောင်းဘီက အံဝင်ခွင်ကျ မဖြစ်လို့ တုပ်နေတာမျိုး လုံးဝ မပပျောက်ရင်တောင် အတော်နည်းပါးနေပါလိမ့်မယ်။ မိမိအတွက် တိုင်းပြီး ချုပ်ပေးထားသလား ထင်မှတ်မှားမိမယ်။

Read 7639 times
Rate this item
(0 votes)