What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရှပ်အကျီဝတ်ရာတွင် သိရန်လိုသည့်အခြေခံအချက်များ

ရှပ်အကျီဝတ်ရာတွင် သိရန်လိုသည့်အခြေခံအချက်များကို အမျိုးသားမှားအတွက်ဖော်ပြပေးထားပါတယ်။

၁။ကော်လံ
ကော်လံကြယ်သီးတပ်ထားတဲ့အခါ လက်ညှိုးနှစ်ချောင်းထည့်ရင် နေထိုင်ရတာသက်သက်သာသာဖြစ်နေသည့် အကျီဆိုဒ်ကိုရွေးချယ်ရပါမယ်။ အရမ်းကြပ်လွန်းရင် သို့မဟုတ် ချောင်လွန်းရင် ကွက်တိမဖြစ်စေပဲ လူကိုရှိုးပဲ့စေပါတယ်။

၂။ လက်အရှည်
လက်အရှည်က လက်ရဲ့လက်ပတ်နာရီဝတ်တဲ့နေရာထိရှိနေရပါမယ်။ လက်ပတ်နာရီဝတ်ထားရင် နာရီကိုမဖုန်းပဲဝတ်ရန်လိုပါတယ်။ လက်ကိုအရှည်အတိုင်းဝတ်မယ်ဆိုရင် လက်ကြယ်သီးကိုမဖြစ်မနေတပ်ဖို့ အကြံပေးပါရစေ။ လက်ကြယ်သီးတပ်ခြင်းက ပိုပြီးကြည့်ကောင်းစေပါတယ်။
(လက်တံရှည်တဲ့သူတွေအတွက် ကျနော်အပါအဝင် တော်တော်များများက လက်ကိုခေါက်မဝတ်ရင်အဆင်မပြေတတ်ပါ။ လက်ကိုအရှည်အတိုင်းဝတ်ရင်တိုနေတတ်ပြီး ဟိုမရောက်ဒီမရောက်ဖြစ်နေစေပါတယ်။ ကျနော်ကတော့များသောအားဖြင့် လက်ခေါက်ဝတ်ပါတယ်။)
*လက်ခေါက်နည်းကို နောက်ပိုင်းမှာ ဘယ်လိုခေါက်ရမယ်ဆိုတာပြောပေးပါမယ်*

၃။ အကျီကိုယ်ထည်
အကျီကိုယ်ထည်က မိမိခန္ဓာကိုယ်ထက် ဘေးကိုလက်နှစ်လုံးလောက်အနည်းငယ်ပိုနေခြင်းက အသင့်တော်ဆုံးပါ။ တနေကုန် လှုပ်ရှားသွားလာဖို့ အနည်းငယ်အသက်ရူချောင်ဖို့လိုပါတယ်။ 
အရမ်းပွလွန်းရင် ခန္ဓာကိုယ်ဟာ Cupcake လိုဘေးသားတွေပွပြီး ကျနေမှာသေချာပါတယ်။
*နောက်ပိုင်းမှာ အကျီကို ဘောင်းဘီထဲထည့်ဝတ်တဲ့အခါ ဘယ်လိုနည်းနဲ့ထည့်ရင် ကိုယ့်ကို fit ဖြစ်စေမလဲ ပြောပြပါမယ်*

၎။ အကျီအရှည်
အကျီကိုအပြင်ထုတ်ဝတ်တဲ့အခါ အကျီအရှည်ဟာပေါင်ရင်းနားဝန်းကျင်ပဲဖြစ်သင့်ပါတယ်။
အရှေ့ခြမ်းဟာ မိမိအတွင်းခံဘောင်းဘီတဝက်ဖုံးရုံ အရှည် (ပေါင်ရင်းနား)
အနောက်ခြမ်းဟာ မိမိတင်ပါးတဝက်ဖုံးရုံအရှည်
တွေဟာအကောင်းဆုံး အနေအထားပါ။ 
တိုလွန်း ရှည်လွန်းခြင်းက စမတ်မကျစေပဲဖြစ်ပါလိမ့်မယ်။

၅။ပုခုံး
ယောကျာ်းလေးတစ်ယောက်ရှပ်အကျီဝတ်ထားရင် မိန်းကလေးတွေပထမမြင်တာက Chest (ရင်ဘတ်) နဲ့ Shoulder (ပုခုံး) နေရာပါ။
Chest က အတော်အသင့်ပြည့်နေမယ်။ ပုခုံးကရှပ်ဝတ်ထားလို့ တောင့်တင်းနေတယ်ဆိုရင် မိန်းကလေးတွေ သဘောကျတာအမှန်ပါ။
ပုခုံးချုပ်ရိုးက မိမိပုခုံးရိုးအဆုံးကိုစမ်းကြည့်ပါ။ ပုခုံးရိုးအဆုံးကိုလည်းမလွန်စေရ၊ ပုခုံးရိုးအဆုံးမတိုင်ခင်လည်းမဖြစ်စေရပဲ၊ ပုခုံးရိုးနဲ့ကွက်တိဖြစ်နေစေရပါမယ်။

၆။မီးပူတိုက်
ရှပ်အကျီကို ဘယ်အချိန်ဝတ်ဝတ် မီးပူသေချာတိုက်ဝတ်ပါ။ ကြေနေတဲ့ ရှပ်အကျီဝတ်ခြင်းက ကြည့်ရအဆိုးဆုံးပါပဲ။

23434699 883849851783505 4239249380293566727 n

source:shirtfolio

Read 1943 times
Rate this item
(2 votes)