What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂၀၁၈ အတွင်း အဝတ်အစားဝယ်ရေးမှာ ချမှတ်ရမယ့် စည်းမျဉ်း (၄) ခု

အဝတ်အစားတွေ ကိုယ့်လောက်ဝယ်တာလည်း ကိုယ်ပဲ.... ပြီးရင် ဘာဝတ်လို့ဝတ်ရမှန်းမသိဘူး။

ဗီရိုထဲမှာ အဝတ်တွေပြည့်နေပေမဲ့ သွားစရာလာစရာရှိရင် ဘာဝတ်ရမှန်းမသိလို့ ဝတ်စရာမရှိဘူး ညည်းမိသူလေးတွေရှိရင် လက်ထောင်နော်။ ဝယ်တုန်းက ဝယ်ထားပြီး မဝတ်ဖြစ်တာတွေလည်း ပုံနေပြီ။ နောက်ဆိုရင် အဝတ်အစားကို လက်လွှတ်စပယ် မဝယ်တော့ဘူးလို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ဒီစည်းမျဉ်းတွေအတိုင်း လိုက်နာရပါမယ်မဒီလေးတို့ရေ။

၁။ တစ်ကြိမ်ပဲဝတ်လို့ရတာတွေကို ပြန်ပြင်ဝတ်ပါ့မယ်

မင်္ဂလာဆောင်၊ ခရစ္စမတ်နဲ့ ပွဲလမ်းသဘင်တွေမှာ ဝတ်ဖို့အတွက် အထူးဝတ်စုံတွေ ချုပ်ကြ၊ ဝယ်ကြတယ်။ ပွဲလည်းပြီးရော ထပ်ဝတ်လို့မရတော့ဘူးဆိုရင် အရမ်းနှမြောဖို့ကောင်းတာ။  ဝတ်ပြီးသားဝတ်စုံကို နောက်တစ်ပွဲထပ်ဝတ်မယ်ဆို acessories တွေ ထပ်ဖြည့်တာမျိုး၊ အင်္ကျီလက်ကို ပုံစံပြောင်းတာမျိုး လုပ်ပစ်လိုက်တယ်။

၂။ မတော်တဲ့အဝတ်တွေ မဝယ်ရေး

အရမ်းကြိုက်လို့ ဝယ်လိုက်တယ် ကိုယ့်ဆိုဒ်တော့ မဟုတ်ဘူး။ နောက်မှ ပြန်ကျဉ်းဝတ်မယ်တို့ ဝလာရင် တော်မှာပါတို့လို စိတ်ကူးနဲ့တော့ မဝယ်တော့ဘူး။ အဲ့လိုဝယ်ပြီးမှ ဝတ်မရဘဲ ချောင်ထိုးထားရတာတွေက များနေပြီ။

၃။ အရမ်းတန်တယ်ဆိုတိုင်း မဝယ်တော့ဘူး

သွားရင်းလာရင်း discount ဆိုတဲ့ဆိုင်းဘုတ်လေးမြင်ပြီး အရမ်းတန်တာနဲ့ ဝယ်လိုက်မိတယ်။ အိမ်ရောက်တော့မှ ဝတ်မရ၊ စိတ်တိုင်းမကျနဲ့ သူများကိုပေးပစ်လိုက်ရတာမျိုးတွေလည်း ရပ်ဖို့သင့်ပြီ။

၎။ ဗီရိုရှင်းရေး

သွားခါနီး လာခါနီးမှ ဗီရိုတစ်ခုလုံး ရှုပ်ပွသွားအောင်လုပ်ရတာမျိုး ဖြစ်နေတာ အမြဲတမ်းလိုလိုပါပဲ။ နောက်တော့ ဗီရိုထဲမှာ ပြည့်ကျပ်ညပ်နေပြီး ဝတ်စရာမရှိတာရောပဲ။ တကယ်ဆိုရင် အဝတ်အစား တစ်ကြိမ်ဝယ်တိုင်း မဝတ်တော့တဲ့ အဝတ်တွေကို ဗီရိုထဲက ရှင်းထုတ်ပစ်လိုက်တာက အကောင်းဆုံးဖြေရှင်းနည်းပါ။

source:duwun

Read 1256 times
Rate this item
(0 votes)