What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့ ရုပ်သွင်ကို ဆိုးစေနိုင်မယ့် ဈေးဝယ်ထွက်ခြင်းအမှား(၆)ခု

အမြဲတမ်းလိုလို အရွယ်အစားမှားတဲ့ ပစ္စည်းတွေကို ဝယ်မိတာကြောင့် ထုတ်သုံးလေ့မရှိဘဲ အိမ်မှာအလဟဿဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် အွန်လိုင်းမှာ အမြဲတမ်းဝယ်လေ့ဝယ်ထရှိတဲ့ အခြေအနေတွေလည်း ရှိကောင်းရှိနိုင်တယ်။

မကြာခဏ အဝတ်အစားတွေလျှော်ဖွတ်ပြီးနောက်မှာတော့ အရွယ်အစားတွေ ကြီးလာတာ(သို့) သေးသွားတာတွေ ဖြစ်လာနိုင်တယ်။ တကယ်လို့ ရိုးရှင်းပြီး လွယ်ကူတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် ဂျင်းဘောင်းဘီ ဒါမှမဟုတ် ဆွယ်တာဝယ်တဲ့အခါမှာ လွယ်ကူစွာဝယ်နိုင်မှာဖြစ်ပြီး သင့်ကိုကြည့်ကောင်းစေမှာပါ။ ဒါကြောင့် အဝတ်အစား ဝယ်ယူတဲ့အခါ မှန်ကန်တဲ့ အရွယ်အစားကို ရွေးချယ်တတ်ပြီး ဘယ်လိုအမှားတွေကို ရှောင်ရှားသင့်လဲဆိုတာကို ပြောပြပေးပါမယ်။

၁။မှန်ကန်တဲ့ တိုင်းတာမှုကို ရယူခြင်း

1 min
တင်ပါးလုံးပတ်
မှန်ရှေ့မှာ ဘေးတိုက်ရပ်နေပြီး တင်ပါးဆုံရိုး လုံးပတ်ကို တိုင်းတာပါ။ တိုင်းတာတဲ့အခါ သင့်ရဲ့အရေးပါတဲ့ တင်ပါးရိုး အစိတ်အပိုင်းတွေပေါ်မှာ ပေကြိုးကို ထားပြီး ကွက်တိတိုင်းတာဖို့ လိုအပ်ပါတယ်။ ဒါမှသာ သင်ရှောင်ကြဉ်ရမယ့် အမှားတွေကို သိနိုင်မှာပါ။

ခါးလုံးပတ်
ခါးလုံးပတ်ကို တိုင်းတာဖို့ သင့်ဝမ်းဗိုက်ရဲ့အပါးလွှာဆုံးဖြစ်တဲ့ အစိတ်အပိုင်းတစ်ခုပေါ်မှာ ပေကြိုးကိုထားပါ။

ရင်ဘတ်လုံးပတ်
ရင်ဘတ်ရဲ့ အရေးပါဆုံး အစိတ်အပိုင်းတွေရဲ့ အပေါ်မှာ ပေကြိုးတိပ်ကိုထားပေးပါ။ အဲ့ဒီတိပ်ခွေဟာ ရင်ဘတ်ပေါ်ထက် နောက်ကျောဘက်ကို မြင့်ပြီး တိုင်းသင့်တယ်။

လည်ပင်းလုံးပတ်
ဒီနည်းလမ်းဟာ များသောအားဖြင့် အမျိုးသားတွေရဲ့ ရှပ်အင်္ကျီအရွယ်အစားတွေကို တိုင်းတာတဲ့အခါမှာ အသုံးပြုတယ်။ ပေကြိုးကို လည်ပင်းရဲ့အခြေမှာ ထားပြီး လည်ပင်းပတ်လည်ကို တိုင်းပါ။

ဒီလိုတိုင်းတာပြီးတဲ့နောက် အောက်မှာဖော်ပြထားတဲ့ ဇယားနှင့်အတူ ရလဒ်တွေကို နှိုင်းယှဉ်ဖို့ မှန်ကန်တဲ့ အရွယ်အစားကို ရွေးချယ်ပါ။

သင့်ကို ပုံပန်းသဏ္ဍန် ပျက်စေနိုင်တဲ့ ဖက်ရှင်အမှားများ

2 min
US — အမေရိကန်ဆိုဒ်
INT — နိုင်ငံတကာဆိုဒ်
EU — ဥရောပဆိုဒ်

၂။ ကျွန်မတို့တွေအနေနဲ့ ထုတ်လုပ်သူတွေရဲ့ အကြံပြုချက်တွေကို အာရုံမစိုက်သင့်ဘူး

3 min
အဝတ်အစားတွေကို အွန်လိုင်းမှာ ရွေးချယ်တဲ့အခါ ထုတ်လုပ်မှု အရွယ်အစား ကွဲပြားတယ်ဆိုတာ သတိရပါ။ ဝက်ဘ်ဆိုဒ်တိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ဇယားတွေအရ သတ်မှတ်ချက်တွေရှိပါတယ်။

၃။ ဆိုဒ်ကိုရွေးချယ်တဲ့အခါ အဝတ်အထည်သားကို မသိနိုင်ဘူး

4 min
ချည်သား၊ သိုးမွေးသားတွေကို ဝယ်ပြီး လျှော်ဖွတ်လိုက်တဲ့အခါ ကျုံ့သွားတာတို့ ဆန့်သွားတာတို့ ဖြစ်တတ်တယ်။ ဒီလို အခြေအနေတွေကို ရှောင်ရှားဖို့အတွက် ထုတ်လုပ်သူတွေထံမှ အကြံပြုချက်ကို ရယူပါ။

၎။ ဆိုဒ်ပိုကြီးတဲ့ အဝတ်အစားကို ဝယ်ယူနိုင်ခြင်း

5 min
သိုးမွေးနှင့်လုပ်ထားတဲ့ဆွယ်တာအင်္ကျီ
ဆိုဒ်နည်းနည်းကြီးတဲ့ သိုးမွေးတွေကို ဝတ်ဆင်ခြင်းဟာ ကွက်တိဖြစ်နေတဲ့ အင်္ကျီတွေထက် သင့်ကို အများကြီး အနွေးဓာတ် ပေးစေပါတယ်။ သိုးမွေးအကျီတွေကို လျှော်ဖွတ်ပြီးနောက် သေးငယ်လာတာကို မြင်တွေ့ရပါလိမ့်မယ်။ ဒီလိုမဖြစ်အောင် အဝတ်တွေလျှော်ဖွတ်ပြီးတဲ့အခါ ကျုံ့သွားတာကို ရှောင်ရှားဖို့ လက်သုတ်ပုဝါအခြောက်ပေါ်မှာ အလျားလိုက်အနေအထားနဲ့ အခြောက်ခံသင့်ပါတယ်။

တီရှပ်၊ အတွင်းခံနှင့် အခြားချည်ထည်အဝတ်များ
အဝတ်လျှော်ပြီးတဲ့နောက် ချည်သားအင်္ကျီတွေ အနည်းငယ်ကျုံ့သွားလေ့ရှိတယ်။ ဒါကြောင့် သင်နဲ့ ကွက်တိဖြစ်မယ့် အင်္ကျီမျိုးကို မဝယ်သင့်ပါဘူး။ တကယ်လို့ အင်္ကျီက ကျုံ့နိုင်ဆန့်နိုင်တဲ့ အရာပါရင်တော့ ပုံမှန်ဆိုဒ်ကို ရွေးချယ်နိုင်ပါတယ်။

ရှပ်အင်္ကျီနှင့် ကော်လံပါသော ဘလောက်စ်အင်္ကျီ
ပထမဆုံးအနေနဲ့ ကော်လံဟာ ဘယ်လောက်ကျပ်လဲဆိုတာ သတိပြုပါ။ တကယ်လို့ ကော်လံနဲ့ လည်ပင်းကြားမှာ ကွာဟမှုမရှိရင်တော့ ဆိုဒ်ကြီးတာကို ဝယ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လျှော်ပြီးတဲ့အခါ ကျုံ့သွားစေနိုင်ပြီး လည်ပင်းတင်းကျပ်မှုကို ဖြစ်စေနိုင်တာကြောင့်ပါ။

၅။ ဆိုဒ်သေးတဲ့ အဝတ်အစားတွေကို ဝယ်ယူနိုင်ခြင်း

6 min
သိုးမွေးအင်္ကျီ
ဘယ်လိုချည်တွေနဲ့ အသုံးပြုခဲ့လဲဆိုတာ အရေးမကြီးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဝတ်အစားတွေက ဆန့်သွားပါလိမ့်မယ်။ သိုးမွေးအင်္ကျီတွေကို ဝယ်တဲ့အခါမှာ တစ်ဆိုဒ်ပိုသေးတာကို ဝယ်ယူခြင်းဟာ အကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ရင် အင်္ကျီလက်က ရှည်သထက်ရှည်လာတာကိုသတိထားမိမှာပါ။

ဂျင်းဘောင်းဘီ
ဂျင်းတွေကို ချည်သားနှင့်ပြုလုပ်ထားပြီး ဂျင်းအဝတ်အစားတွေဟာ ပထမဆုံးနေ့မှာ ဝတ်ဆင်မှုထက် ပိုကြီးလာနိုင်တယ်။ ဒါပေမဲ့ ခြွင်းချက်အနေနဲ့ elastic နဲ့လုပ်ထားတဲ့ ဂျင်းတွေဆိုရင်တော့ ဆိုဒ်ကြီးလာနိုင်ခြင်း မရှိပါဘူး။

ပေါ်လီအက်စတာ
ပေါ်လီအက်စတာဆိုတာ ဓာတုနည်းဖြင့် ပြုလုပ်ထားသောအမျှင်များကို ရက်လုပ်ထားတဲ့ အထည်ဖြစ်ပါတယ်။ ဒီလို ဓာတုနည်းတွေနဲ့ ပြုလုပ်ထားတဲ့ အဝတ်တွေဟာ မကြာခဏဆိုသလို ကျုံ့နိုင်တယ်။ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ တစ်ဆိုဒ်ပိုသေးတဲ့ အင်္ကျီတွေကို ဝယ်ယူပါ။

၆။ လူအများစုဟာ မှန်ကန်တဲ့ ခြေထောက်ဆိုဒ်ကို မတိုင်းတာကြဘူး

7 min
တကယ်လို့ သင်ဟာ အွန်လိုင်းမှာ ဖိနပ်မှာဖို့ လိုအပ်တယ်ဆိုရင် ခြေဖနောင့်ကနေ အရှည်ဆုံးခြေချောင်းအစွန်အထိ သင့်ခြေထောက် အရှည်ကို တိုင်းတာပါ။ တိုင်းတာတဲ့အခါမှာလည်း နှစ်ဖက်လုံးကို တိုင်းတာပါ။ ဘာကြောင့်လဲဆိုရင် လူအများစုရဲ့ခြေထောက်အရွယ်အစားဟာ တစ်ဖက်နဲ့ တစ်ဖက် မတူညီတာကြောင့်ဖြစ်တယ်။ ဆိုဒ်ပိုကြီးတဲ့ ဖိနပ်ကို ရွေးချယ်ပါ။

8 min
လက်မ-အမေရိကန်ဆိုဒ်
စင်တီမီတာ-ဥရောပဆိုဒ်
အလွန်အရေးကြီးတဲ့ နောက်ထပ်ကန့်သတ်ချက်ကတော့ အကျယ်ပဲဖြစ်တယ်။ လူကြိုက်အများဆုံး စနစ်ကတော့ အမေရိကန် စနစ်ပဲဖြစ်ပါတယ်။ N-narrow ၊ M-medium ၊ W-wide
ခုပြောပြပေးလိုက်တဲ့ အရာတွေကို သိသွားပြီဆိုတော့ အင်္ကျီဝယ်ယူတဲ့အခါမှာဘဲဖြစ်ဖြစ်၊ ဖိနပ်ဝယ်ယူတဲ့အခါမှာဘဲဖြစ်ဖြစ် နည်းစနစ်ကျကျ မှန်ကန်အောင်ရွေးချယ်တတ်ပြီပေါ့နော်။

 

Author:TDA

Read 9492 times
Rate this item
(1 Vote)