What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မင်္ဂလာဆောင်တော့မယ်ဆိုရင်(၂)

မင်္ဂလာဆောင်တော့မယ်ဆိုရင်(၂) google

၃နာရီလောက်ပဲကြာတဲ့ မင်္ဂလာပွဲလေး တစ်ပွဲပြီးဖို့ နောက်ကွယ်မှာ စီစဉ်စရာတွေများလှပါတယ်

ဒါကြောင့် အချိန်ကာလအလိုက် ကြိုပြီး စီစဉ်ရမယ့် အချက်လေးတွေ တက်နိုင်သလောက်လေး မျှဝေပေးလိုက်ပါတယ်နော်။

 

၁ လ အလို
——————

၁. ပန်း အလှပြင်ဖို့ ပြောပါ Booking လုပ်ပါ/ စရံချထားပါ

၂. လက်ဆောင် ကမ်းဖို့ ပစ္စည်း စီစဉ်ပါ

၃. သတိုးသား သတိုးသမီး ၂ယောက်စလုံး ဒီအချိန်မှာ ကျန်မာရေး အထူးဂရုစိုက်စေလိုပါတယ်

 

 

15 ရက် အလို
———————
၁. ဝတ်စုံငှားမယ်ဆိုရင် ၂ပတ်အလိုမှာ ဝတ်စုံသွားရွေးပါ ဒီထက်တော့ နောက်မကျပါစေချင်ပါဘူး

၂. မိမိအတွက်ရော အရံတွေအတွက်ရော ဖိနပ်ဝယ်ပါ

၃. မင်္ဂလာ ကားစီစဉ်ပါ

 


10 ရက်အလို
———————

၁. ဖိတ်စာ ဝေပါ  အရေးကြီးတဲ့လူတွေ မကျန်ခဲ့ဖို့ သေချာပြန်စစ်ပါ

၂. Designer ဆီမှာအပ်ထားတဲ့ ဝတ်စုံကို fitting သွားလုပ်ပါ

၃. လက်ဝတ်ရတနာ စီစဉ်ပါ

၎. လက်ဖွဲ့ခုံမှာထိုင်ပေးမယ့် ကိုယ့်ရဲ့ သူငယ်ချင်းတွေ ကို သေချာလေး အကူအညီတောင်းထားပါ

 


5 ရက်အလို
——————

၁. Designer ဆီမှာ fitting လုပ်ထားတဲ့ မင်္ဂလာဝတ်စုံကို သွားယူထားပါ ပွဲကြီးတွေဆိုရင် များသောအားဖြင့် Designer ကိုယ်တိုင် မင်္ဂလာပွဲ အထိ ဝတ်စုံ လိုက်ဝတ်ပေးကြပါတယ်

(လိုက်ဝတ်ပေးဖို့လည်း မေတ္တာရပ်ခံပါ) အဲ့လိုဆိုရင်တော့ အကောင်းဆုံးပါ

 

၂. ဒီအချိန်မှာ ချစ်သူ၂ဦး stress အများဆုံးအချိန်ပါ ဒါပေမဲ့ စိတ်အေးအေးထားပါနော် ကိုယ်က ဒီလောက် အစီအစဉ်တကျ လုပ်ထားပြီးပြီဆိုရင်
မင်္ဂလာပွဲက အကောင်းဆုံးနဲ့ လှလှပပလေး ပြီးသွားမှာပါ

၃. slide show CD ကို ၂ခု/၃ခု ပြင်ထားပါ ၁ခုတည်းဆိုရင် တခါတလေ ပွဲထဲမှာ CD မဖတ်လို့ အခက်အခဲဖြစ်တတ်ပါတယ်

၎. အိပ်ရေးဝဝအိပ်ပါ ကျန်းမာရေးဂရုစိုက်ပါ

 


၂ ရက် အလို
———————

၁. hotel / ခန်းမ/ Make up ဆရာ/ အခမ်းအနားမှူး / အရံ/ ဂီတ /ပန်းအလှပြင်/ လက်ဖွဲ့ခုံမှာထိုင်မယ့် သူငယ်ချင်းများ စသည်တို့ကို ဖုန်းဆက်ပြီး confirm ပြန်လုပ်ထားပါ

၂. spa သွားချင်တဲ့သတို့သမီးများ spa သွားပါ လက်သည်း/ ခြေသည်း/ ခေါင်းလျှော်တာတွေလုပ်ပါ

၃. တချို့ သတို့သမီးတွေက make up rehearsal ဆိုပြီး အစမ်းလိမ်းချင်ရင် ၂ရက်အလိုမှာ စမ်းလိမ်းပါ

၎. ဧည့်ခံ နဲ့ နေရာချပေးဖို့ အဆင်ပြေတဲ့သူတွေကို တာဝန်ပေးထားပါ

၅. လက်ဖွဲ့သယ်ဖို့ကား စီစဉ်ထားပါ

၆. မင်္ဂလာပွဲချိန်မှာ သတို့သားနဲ့သတို့သမီးသည် လှလှပပနဲ့ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဧည့်ခံရမှာ ဖြစ်တဲ့အတွက် စိတ်ရှုပ်ခံလို့ လုံးဝမဖြစ်ပါ

ဒါ့ကြောင့် ပွဲချိန်အတွင်း ကိစ္စအဝဝကို တာဝန်ယူပေးဖို့ ယုံကြည်ရဆုံးလူတယောက်ကို တာဝန်ပေးထားပါ

ဖြစ်နိုင်ရင် မိမိရဲ့ ဖုန်းတွေလည်း သူနဲ့ပဲအပ်ထားပါ ပိုက်ဆံရှင်းဖို့လည်း သူ့ကိုပဲ တာဝန်ပေးထားပါ

 

၁ရက် အလို
——————

၁. မင်္ဂလာဝတ်စုံ/ ဖိနပ်/ လက်ဝတ်ရတနာ အလှချိတ်မယ့် pre wedding ပုံများ/ slide show CD/ လက်ဆောင်ကမ်းမယ့်ပစ္စည်းများ/ ကိုယ်သောက်နေကျ အရေးကြီးသောဆေးဝါးများ စသည်တို့ကို သေချာထည့်ပါ

၂. မနက်ဖြန် မနက် ဘယ်အချိန်မှာ မိတ်ကပ်လိမ်းဖို့ နှစ်ဖက်မိဘ နဲ့ အရံများကို သေချာပြောထားပါ

၃. မနက်မှာ မိတ်ကပ်ပြင်ဖို့ ထရမယ့်အချိန် alarm ပေးထားပြီး စိတ်အေးအေးချမ်းချမ်းလေးနဲ့ အနားယူလို့ရပါပြီ

မင်္ဂလာပွဲလေး အစစအရာရာ အဆင်ပြေချောမွေ့ပါစေ

သတို့သားနဲ့သတို့သမီးလည်း ရာသက်ပန်ပေါင်းဖက်နိုင်ပြီး ပြည့်စုံပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။

 

Source : ROYAL KANOK - silk, fabric & designer

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

Read 1233 times
Rate this item
(0 votes)
Tagged under