What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"ပူပြင်းတဲ့ရာသီနဲ့သင့်တော်တဲ့ Fashion Tips"

သင်္ကြန်ပြီးကတည်းကပိုပိုပြီးပူပြင်းလာတာနေမရထိုင်မရတောင်ဖြစ်နေရပါပြီ။ဒီလိုပူပြင်းလှတဲ့ရာသီမှာ ချွေးအပြိုင်းပြိုင်းနဲ့မို့အလှပျက်ရလေ့ရှိတာပေါ့။ကိုယ်ကရာသီနဲ့လိုက်ဖက်တဲ့ဖက်ရှင်ကိုမရွေးချယ် တတ်ရင်ဝတ်ထားတာဘယ်လောက်လန်းလန်းသက်တောင့်သက်သာမရှိပဲဖယိုဖရဲဖြစ်ရတတ်ပါတယ်။

ဒါ့ကြောင့်ဒီနွေပူပူမှာဘယ်လိုအဝတ်အစားတွေရွေးချယ်ဝတ်သင့်ပြီးဘယ်လိုဖက်ရှင်ကျအောင်ဝတ်စား ရမလဲဆိုတာဝေမျှပေးလိုက်ပါတယ်။


 အရောင်နုနုပွပွနဲ့ဇာပါတဲ့ဒီဇိုင်း

အကျီင်္ရွေးချယ်တဲ့နေရာမှာအပူစုပ်ယူမှုနည်းပါးတဲ့အရောင်အနုလေးတွေကိုအထူးသဖြင့်ရွေးချယ်ပါ။ အဖြူရောင်ကတော့အကောင်းဆုံးရွေးချယ်မှုပေါ့။အကျီင်္အကျပ်တွေကနွေရာသီနဲ့မသင့်တော်ပါဘူး။ချွေးပိုထွက်စေပြီးစေးကပ်ကပ်ဖြစ်စေတတ်ပါတယ်။ဒါ့ကြောင့်ဖြစ်နိုင်ရင်အကျီင်္ချောင်ချောင် တွေကိုပဲဝတ်ပေးသင့်ပါတယ်။လေဝင်လေထွက်ကောင်းပြီးအပူသက်သာချင်ရင်တော့ ဇာပေါက်လေးတွေပါတဲ့ဒီဇိုင်းမျိုးကိုရွေးချယ်ပေးပါ။ဖက်ရှင်လည်းကျသက်တောင့်သက်သာလည်းရှိ သွားပြီပေါ့။


အနက်ရောင်မဝတ်သင့်

အနက်ရောင်တွေကလူနဲ့လိုက်ပြီးစတိုင်ကျတာမှန်ပါတယ်။ဒါပေမယ့်အနက်ရောင်ကအပူကိုစုပ်ယူ ထားတတ်တာကြောင့်လိုတာထက်ပိုပူပြီးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ဒါ့ကြောင့်တတ်နိုင်ရင် ဒီနွေပူပူမှာကိုယ့်အကြိုက်ဆုံးအနက်ရောင်အကျီင်္ဘောင်းဘီတွေကိုခဏသိမ်းထားလိုက်ပါ။


တီရှပ်ဂါဝန်

တီရှပ်ဂါဝန်ဆိုတာတီရှပ်အကျီင်္ကိုဂါဝန်လိုချုပ်ထားတဲ့ဒီဇိုင်းပါ။တီရှပ်အရှည်ပေါ့။ဒီတီရှပ်ဂါဝန်တွေက အပူလည်းသက်သာပြီးစတိုင်လည်းကျပါတယ်။ခရီးသွားလာတဲ့အခါမှာသက်တောင့်သက်သာရှိစေပြီး လွတ်လပ်မှုကိုပေးစွမ်းနိုင်ပါတယ်။ကျေလည်းမကျေသွားတတ်လို့မီးပူတိုက်ရသက်သာတာပေါ့။နွေပူပူမှာမီးပူတိုက်ရတာတော်တော်စိတ်ရှုပ်ဖို့ကောင်းပါတယ်။


အင်္ကျင်္ီလက်ရှည်ပါးပါးကိုလန်းအောင်ဝတ်ပါ

နေတွေပူလို့အသားတွေမည်းမှာကြောက်တဲ့မမတွေကတော့အကျီင်္လက်ရှည်အပါးသားလေးတွေပြေးဝယ်ထားလိုက်ပါ။ကိုယ်ဝယ်တဲ့အကျီင်္လက်ရှည်အသားကလေဝင်လေထွက်ကောင်းတဲ့အသား ဖြစ်ရပါမယ်။အကောင်းဆုံးကတော့ချည်သားပါ။ရှပ်အကျီင်္လက်ရှည်တွေကိုဝတ်ကြတာများပါတယ်။ ဒီအတိုင်းဝတ်ရင်ရိုးရိုးကြီးနဲ့မလန်းပါဘူး။ရှပ်အကျီင်္လက်ရှည်တွေဝတ်တဲ့အခါအောက်ဆုံးကျယ်သီး၂လုံးကိုဖြုတ်ထားပြီးအောက်အနားစနှစ်စကိုစွဲယူပြီးချည်လိုက်ပါ။ခါးတိုဒီဇိုင်းနဲ့ခပ်မိုက်မိုက်လေး ဖြစ်သွားမှာပါ။


 ဖော့ခံပါတဲ့ဘရာမဝတ်သင့်

အရမ်းပူရတဲ့ကြားထဲဘရာစီရာကဖော့ခံကြောင့်ချွေးတွေပိုထွက်လို့ကျန်းမာရေးထိခိုက်တာမျိုးဖြစ်ရတတ်ပါတယ်။ဒါ့ကြောင့်ရာသီဥတုအရမ်းပူတဲ့အချိန်မှာဖော့ခံအထူပါတဲ့ဘရာမျိုးကိုဝတ်တာ ရှောင်ပါ။

Read 1602 times
Rate this item
(0 votes)