What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂မိနစ်အတွင်း သင့်ခန္ဓာကိုယ်ကို ပါးလျစေပြီး ကြည့်ကောင်းစေမယ့် နည်းလမ်းလေးတွေ

၂မိနစ်အတွင်း သင့်ခန္ဓာကိုယ်ကို ပါးလျစေပြီး ကြည့်ကောင်းစေမယ့် နည်းလမ်းလေးတွေ google

၂မိနစ်အတွင်း သင့်ခန္ဓာကိုယ်ကို ပါးလျစေပြီး ကြည့်ကောင်းစေမယ့် နည်းလမ်းလေးတွေ

ပြီးပြည့်စုံတဲ့ အသွင်သဏ္ဍာန်မှာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့ဆိုတာ အမြဲတမ်းတော့ မဖြစ်နိုင်ပါဘူး။

မိန်းကလေးတို့ သဘာဝအတိုင်း ဝနေတဲ့အခါ ပိန်ချင်ပေမယ့် အစား၊ အအိပ်မလျော့နိုင်ဘူးလေ။

ဒါပေမယ့် အရေးပေါ်အခြေအနေမှာ ကြည့်ကောင်းနေစေဖို့ လိုအပ်လာတဲ့အခါ အဲဒီလိုလုပ်ဖို့ မိနစ်အနည်းငယ်သာ လိုအပ်ပါတယ်။

ဒါ့ကြောင့် ပွဲအခမ်းအနားတွေသွားတဲ့အခါ သင့်ကို သွယ်လျကြည့်ကောင်းနေစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။အဆင်ပြေမယ့် ဖိနပ်ကိုရွေးချယ်ပါ

သင့်ခြေထောက်များကို ရှည်သွယ်စေပြီး သင့်ခန္ဓာကိုယ်ကို ပါးလျစေဖို့ သင့်အသားအရောင်နဲ့ ဆင်တူဖြစ်တဲ့ဖိနပ်ကို ဝတ်ဆင်သင့်ပါတယ်။

အဝါနုရောင်၊ အသားရောင်၊ အညိုရောင် တို့က သင့်ခြေထောက်အရောင်နှင့် အနီးစပ်ဆုံးဖြစ်ပြီး သူတို့ရဲ့အသွင်အပြင်ကို ရှည်သွယ်စေပါလိမ့်မယ်။

သင်သည် စတော်ကင်သားလို ဘောင်းဘီအကျပ် ဝတ်လျှင် သင်ဝတ်ဆင်တာနဲ့လိုက်ဖက်တဲ့ ဖိနပ်အရောင်တူ ရွေးချယ်ပါ။

ဒီလှည့်ကွက်က အမြင်အာရုံမှာ သင့်ခြေထောက်တွေကို လက်မအနည်းငယ်ပိုရှည်သယောင်ဖြစ်စေပြီး သင့်ခြေထောက်ကို ရှည်ရှည်သွယ်သွယ်ဖြစ်စေပါတယ်။

ကြိုးသိုင်းဖိနပ်များက အမှန်တကယ်ရှိတာထက် ပိုပြီးတိုတောင်းသယောင်ဖြစ်စေတာကြောင့် ထိုဖိနပ်များမဝတ်ဆင်သင့်ပါဘူး။

၂။ သေးငယ်လွန်း၊ ကြီးလွန်းတဲ့ အဝတ်တွေကို ဖယ်ရှားဖို့

သေးငယ်လွန်း၊ အရွယ်အစားပိုကြီးလွန်းတဲ့ အရာများကို မဝယ်ပါနဲ့။ ထိုသို့သော အဝတ်တွေက သင့်အားနည်းချက်ကို ဖော်ပြနေပါလိမ့်မယ်။

သင့်ရဲ့ဝတ်စုံက ကွက်တိဖြစ်နေသင့်ပါတယ်။ ဒါမှသာ သင်ဝနေလျှင်တောင် ဖုံးကွယ်ပေးပြီး ကြည့်ကောင်းစေမှာပါ။

၃။ နောက်ကျောကို အမြဲတမ်းဖြောင့်ဖြောင့်ထားပါ။

ကိုယ်နေဟန်ထားကြည့်ကောင်းမှုက ခါးကိုလည်း သေးငယ်သယောင်ဖြစ်စေပြီးအမျိုးသမီးတိုင်းကို ကျော့ရှင်းစေနိုင်ပါတယ်။

ခွေခေါက်နေခြင်းက အလေ့အကျင့်ဆိုးတစ်ခုဖြစ်ပြီး သင့်ကိုအရပ်ပုစေယုံသာမက ကျန်းမာရေးပြဿနာများကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒါကိုရှောင်ကြဉ်ဖို့ အမြဲတမ်းသင့်ကျောကုန်းကို ဖြောင့်ဖြောင့်ထားသင့်ပြီး သင့်တင်ပါးကို နည်းနည်းတောင့်ထားသင့်ပါတယ်။


၄။မိတ်ကပ်လိမ်းတဲ့အခါ အခြေခံကောက်ကြောင်း နည်းစနစ်ကို လေ့လာပါ

ကောက်ကြောင်းက သင့်မျက်နှာကို ပိုသွယ်သွားစေပြီး မေးနှစ်ထပ်ကိုတောင် ဖုံးကွယ်ပေးနိုင်ပါတယ်။

အရင့်နှင့်အနုကို မှန်ကန်စွာ ဘယ်လိုသုံးရမလဲဆိုတာ လေ့လာဖို့ လိုအပ်ပါတယ်။

အဓိကသော့ချက်ကတော့ သင်ဖုံးကွယ်ချင်တဲ့အရာတွေကို အရင့်သုံးပြီး သင်မြင်သာစေချင်တဲ့အရာများကို အရောင်ဖျော့ဖျော့ သုံးခြင်းဖြစ်ပါတယ်။

ပထမဆုံး highlighter တစ်ခုအသုံးပြုပြီး ပြီးမှအရောင်ရင့်ကိုလိမ်းပါ။ အနားသတ်များကို မမြင်ရသင့်ဘူးဆိုတာ မမေ့ပါနဲ့။

ကူရှင်ကဲ့သို့ တောက်ပတဲ့ မိတ်ကပ်ကိုလိမ်းပါ။ ဥပမာအားဖြင့် အနီရောင်နှုတ်ခမ်းနီသည် မေးစေ့နှင့် မေးရိုးလိုင်းများကို ဟိုက်လိုက်လုပ်ပေးပါတယ်။

၅။ မှန်ကန်တဲ့ ပိတ်ထည်ကို ရွေးချယ်ပါ

အသားကြမ်းတဲ့ အဝတ်အထည်တွေက အရမ်းကြပ်စေတာကြောင့် ကြမ်းတမ်းတဲ့ ပစ္စည်းများနှင့် လုပ်ထားတဲ့ အဝတ်များကို မဝယ်ပါနဲ့။

စတုရန်းပုံသဏ္ဍာန်နှင့် ထောင့်ချွန်းများတဲ့ လိုင်းများပါသော အဝတ်အထည်များကိုရှောင်ပါ။

ဘယ်အပြစ်အနာအဆာမဆို ဖုံးအုပ်ဖို့ အသားချောပြီးပျော့ပြောင်းတဲ့ ပိတ်ထည်များနှင့် ပြုလုပ်ထားသော အဝတ်များကိုသာ ရွေးချယ်ပါ။

၆။ မှန်ကန်တဲ့ accessories ကို ရွေးယူပါ

လည်ပင်းခေါက်ဆွယ်တာတွေ၊ လည်ပိတ်ကျပ်ကျပ်များက သင့်ရဲ့ပုံရိပ်အလုံးစုံကို ဝန်ဖြစ်စေပါတယ်။

အဝိုင်းသို့မဟုတ် ဗီပုံသဏ္ဍာန်လည်ပင်းပေါက်များက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။

ဒါ့အပြင် လည်ပင်းအနားက ကြယ်သီး ၂လုံး ၃လုံးကို ဖြုတ်ထားခဲ့ပါ။
ထုထည်မကြီးမားတဲ့ ဆွဲကြိုးရှည်တွေနှင့် အပွင့်သေးသေးနားကပ်တွေက သင့်လည်ပင်းကို ရှည်သွယ်စေတာကြောင့် သင့်ပုံရိပ်ကိုလည်း ပြည့်စုံစေပါလိမ့်မယ်။


၇။ သင့်ရဲ့အဓိကပြဿနာနေရာတွေကို မထင်ရှားစေပါနဲ့

တခါတရံမှာ မိန်းကလေးတွေက အဓိကပြဿနာတစ်ခုကို အလွန်အကျွံ ဖုံးကွယ်ခြင်းဖြင့် ဖုံးအုပ်ဖို့ ကြိုးစားကြပါတယ်။

( ဥပမာ- ဗိုက်ပူနေတာကို ထမီစကပ်ကျပ်ကျပ်ဝတ်တဲ့အခါ ပိုသိသာခြင်း) ဆန့်ကျင်ဘက်အနေဖြင့် အဲ့ဒီနေရာကိုပဲ အာရုံရောက်အောင်ပြုလုပ်သလို ဖြစ်နေပါတယ်။

ဥပမာ သင့်တင်ပါးကို မကြည့်စေချင်ဘူးဆိုလျှင် အိပ်ကပ်အကြီးတွေပါတဲ့ ဂျင်းပင်တွေ၊ သရုပ်ဖော်ပုံတွေပါတဲ့ အဝတ်အစားတွေကို မဝတ်ပါနဲ့။

၈။ ဆံပင်ညှပ်သမားနှင့် တိုင်ပင်ပါ

ဆံပင်အုံထူတဲ့ ဆံပင်ပုံစံများက သင့်ကိုကြည့်ရင် မညီမျှမှုကို ယူဆောင်ပေးနိုင်ပါတယ်။

ဆံပင်အရှည်အနေတော်ပုံစံနှင့် ပခုံးအထိ bobs ဆံပင်ပုံစံတွေက သင့်ကို လိုက်ဖက်စေပါတယ်။

ဆံပင်အတိုပုံစံက သင့်ရဲ့လည်ပင်းကို ဆံပင်အောက်မှာ ဝှက်ထားပေးတဲ့အခါ ကြည့်ကောင်းစေပါတယ်။

နားရွက်အနားက ဆံပင်က နည်းနည်းရှည်ရပါမယ်။ နည်းနည်းဖန်တီးမှုလွန်းတဲ့ ဆံပင်ပုံစံကို ရှောင်ကြဉ်ဖို့ အကြံပြုပါတယ်။

ရှည်လျားဖြောင့်စင်းတဲ့ ဆံပင်တွေက အများအားဖြင့် ဆူဖြိုးတဲ့ မိန်းကလေးများနှင့် မလိုက်ဖက်ပါဘူး။

ဆံပင်ပုံစံက အဓိကပြဿနာနေရာတွေကို အလေးပေးသကဲ့သို့ဖြစ်စေပါတယ်။

သင့်ဆံပင်ရှည်ကို မစွန့်လွတ်နိုင်လျှင် စတတ်ပုံစံ အရှေ့ပုခုံးအထက်ကိုအနည်းငယ်ညှပ်ဖို့ ကြိုးစားသင့်ပါတယ်။

၉။ Shapewear သုံးပါ

Shapewear က သင့်ကို ပါးလျသယောင်ထင်ရစေပြီး အမျိုးသမီးတွေအတွက် fitဖြစ်စေပါတယ်။

အဆီပိုတွေရှိတဲ့ အမျိုးသမီးတွေအတွက်သာမက တင်ပါးဧရိယာနှင့် ဝမ်းဗိုက်မှာ ဗိုက်ခေါက်ထွက်ခြင်း၊ cellulite ဖုံးကွယ်ချင်တဲ့အမျိုးသမီးတွေအတွက်လည်း ကူညီပေးပါတယ်။

ဒါပေမယ့် ပွဲလမ်းသဘင်များအတွက်သာ shapewear ကိုအသုံးပြုသင့်ပြီး အမြဲတမ်း ခဏခဏ မဝတ်ဆင်သင့်ပါဘူး။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

ၿပီးျပည့္စံုတဲ့ အသြင္သ႑ာန္မွာ ကိုယ့္ကိုယ္ကို ထိန္းသိမ္းဖို႔ဆိုတာ အၿမဲတမ္းေတာ့ မျဖစ္ႏိုင္ပါဘူး။

မိန္းကေလးတို႔ သဘာဝအတိုင္း ဝေနတဲ့အခါ ပိန္ခ်င္ေပမယ့္ အစား၊ အအိပ္မေလ်ာ့ႏိုင္ဘူးေလ။ ဒါေပမယ့္ အေရးေပၚအေျခအေနမွာ ၾကည့္ေကာင္းေနေစဖို႔ လိုအပ္လာတဲ့အခါ အဲဒီလိုလုပ္ဖို႔ မိနစ္အနညး္ငယ္သာ လိုအပ္ပါတယ္။

ဒါ့ေၾကာင့္ ပြဲအခမ္းအနားေတြသြားတဲ့အခါ သင့္ကို သြယ္လ်ၾကည့္ေကာင္းေနေစမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။အဆင္ေျပမယ့္ ဖိနပ္ကိုေရြးခ်ယ္ပါ

သင့္ေျခေထာက္မ်ားကို ရွည္သြယ္ေစၿပီး သင့္ခႏၶာကိုယ္ကို ပါးလ်ေစဖို႔ သင့္အသားအေရာင္နဲ႔ ဆင္တူျဖစ္တဲ့ဖိနပ္ကို ဝတ္ဆင္သင့္ပါတယ္။

အဝါႏုေရာင္၊ အသားေရာင္၊ အညိဳေရာင္ တို႔က သင့္ေျခေထာက္အေရာင္ႏွင့္ အနီးစပ္ဆံုးျဖစ္ၿပီး သူတို႔ရဲ႕အသြင္အျပင္ကို ရွည္သြယ္ေစပါလိမ့္မယ္။

သင္သည္ စေတာ္ကင္သားလို ေဘာင္းဘီအက်ပ္ ဝတ္လွ်င္ သင္ဝတ္ဆင္တာနဲ႔လိုက္ဖက္တဲ့ ဖိနပ္အေရာင္တူ ေရြးခ်ယ္ပါ။

ဒီလွည့္ကြက္က အျမင္အာရံုမွာ သင့္ေျခေထာက္ေတြကို လက္မအနည္းငယ္ပိုရွည္သေယာင္ျဖစ္ေစၿပီး သင့္ေျခေထာက္ကို ရွည္ရွည္သြယ္သြယ္ျဖစ္ေစပါတယ္။

ႀကိဳးသိုင္းဖိနပ္မ်ားက အမွန္တကယ္ရွိတာထက္ ပိုၿပီးတိုေတာင္းသေယာင္ျဖစ္ေစတာေၾကာင့္ ထိုဖိနပ္မ်ားမဝတ္ဆင္သင့္ပါဘူး။

၂။ ေသးငယ္လြန္း၊ ႀကီးလြန္းတဲ့ အဝတ္ေတြကို ဖယ္ရွားဖို႔

ေသးငယ္လြန္း၊ အရြယ္အစားပိုႀကီးလြန္းတဲ့ အရာမ်ားကို မဝယ္ပါနဲ႔။ ထိုသို႔ေသာ အဝတ္ေတြက သင့္အားနညး္ခ်က္ကို ေဖာ္ျပေနပါလိမ့္မယ္။

သင့္ရဲ႕ဝတ္စံုက ကြက္တိျဖစ္ေနသင့္ပါတယ္။ ဒါမွသာ သင္ဝေနလွ်င္ေတာင္ ဖုံးကြယ္ေပးၿပီး ၾကည့္ေကာင္းေစမွာပါ။

၃။ ေနာက္ေက်ာကို အၿမဲတမ္းေျဖာင့္ေျဖာင့္ထားပါ။

ကိုယ္ေနဟန္ထားၾကည့္ေကာင္းမႈက ခါးကိုလည္း ေသးငယ္သေယာင္ျဖစ္ေစၿပီးအမ်ိဳးသမီးတိုင္းကို ေက်ာ့ရွင္းေစႏိုင္ပါတယ္။

ေခြေခါက္ေနျခင္းက အေလ့အက်င့္ဆိုးတစ္ခုျဖစ္ၿပီး သင့္ကိုအရပ္ပုေစယံုသာမက က်န္းမာေရးျပႆနာမ်ားကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

ဒါကိုေရွာင္ၾကဥ္ဖို႔ အၿမဲတမ္းသင့္ေက်ာကုန္းကို ေျဖာင့္ေျဖာင့္ထားသင့္ၿပီး သင့္တင္ပါးကို နည္းနည္းေတာင့္ထားသင့္ပါတယ္။


၄။မိတ္ကပ္လိမ္းတဲ့အခါ အေျခခံေကာက္ေၾကာင္း နည္းစနစ္ကို ေလ့လာပါ

ေကာက္ေၾကာင္းက သင့္မ်က္ႏွာကို ပိုသြယ္သြားေစၿပီး ေမးႏွစ္ထပ္ကိုေတာင္ ဖံုးကြယ္ေပးႏိုင္ပါတယ္။

အရင့္ႏွင့္အႏုကို မွန္ကန္စြာ ဘယ္လိုသံုးရမလဲဆိုတာ ေလ့လာဖို႔ လိုအပ္ပါတယ္။

အဓိကေသာ့ခ်က္ကေတာ့ သင္ဖံုးကြယ္ခ်င္တဲ့အရာေတြကို အရင့္သံုးၿပီး သင္ျမင္သာေစခ်င္တဲ့အရာမ်ားကို အေရာင္ေဖ်ာ့ေဖ်ာ့ သံုးျခင္းျဖစ္ပါတယ္။

ပထမဆံုး highlighter တစ္ခုအသံုးျပဳၿပီး ၿပီးမွအေရာင္ရင့္ကိုလိမ္းပါ။ အနားသတ္မ်ားကို မျမင္ရသင့္ဘူးဆိုတာ မေမ့ပါနဲ႔။ ကူရွင္ကဲ့သို႔ ေတာက္ပတဲ့ မိတ္ကပ္ကိုလိမ္းပါ။

ဥပမာအားျဖင့္ အနီေရာင္ႏႈတ္ခမ္းနီသည္ ေမးေစ့ႏွင့္ ေမးရိုးလိုင္းမ်ားကို ဟိုက္လိုက္လုပ္ေပးပါတယ္။

၅။ မွန္ကန္တဲ့ ပိတ္ထည္ကို ေရြးခ်ယ္ပါ

အသားၾကမ္းတဲ့ အဝတ္အထည္ေတြက အရမ္းၾကပ္ေစတာေၾကာင့္ ၾကမ္းတမ္းတဲ့ ပစၥည္းမ်ားႏွင့္ လုပ္ထားတဲ့ အဝတ္မ်ားကို မဝယ္ပါနဲ႔။

စတုရန္းပံုသ႑ာန္ႏွင့္ ေထာင့္ခၽြန္းမ်ားတဲ့ လိုင္းမ်ားပါေသာ အဝတ္အထည္မ်ားကိုေရွာင္ပါ။

ဘယ္အျပစ္အနာအဆာမဆို ဖံုးအုပ္ဖို႔ အသားေခ်ာၿပီးေပ်ာ့ေျပာင္းတဲ့ ပိတ္ထည္မ်ားႏွင့္ ျပဳလုပ္ထားေသာ အဝတ္မ်ားကိုသာ ေရြးခ်ယ္ပါ။

၆။ မွန္ကန္တဲ့ accessories ကုိ ေရြးယူပါ

လည္ပင္းေခါက္ဆြယ္တာေတြ၊ လည္ပိတ္က်ပ္က်ပ္မ်ားက သင့္ရဲ႕ပံုရိိပ္အလံုးစံုကို ဝန္ျဖစ္ေစပါတယ္။

အဝိုင္းသို႔မဟုတ္ ဗီပံုသ႑ာန္လည္ပင္းေပါက္မ်ားက အေကာင္းဆံုးေရြးခ်ယ္မႈ ျဖစ္ပါတယ္။ ဒါ့အျပင္ လည္ပင္းအနားက ၾကယ္သီး ၂လံုး ၃လံုးကို ျဖဳတ္ထားခဲ့ပါ။

ထုထည္မႀကီးမားတဲ့ ဆြဲႀကိဳးရွည္ေတြႏွင့္ အပြင့္ေသးေသးနားကပ္ေတြက သင့္လည္ပင္းကို ရွည္သြယ္ေစတာေၾကာင့္ သင့္ပံုရိပ္ကိုလည္း ျပည့္စံုေစပါလိမ့္မယ္။


၇။ သင့္ရဲ႕အဓိကျပႆနာေနရာေတြကို မထင္ရွားေစပါနဲ႔

တခါတရံမွာ မိန္းကေလးေတြက အဓိကျပႆနာတစ္ခုကို အလြန္အကၽြံ ဖံုးကြယ္ျခင္းျဖင့္ ဖံုးအုပ္ဖို႔ ႀကိဳးစားၾကပါတယ္။

( ဥပမာ- ဗိုက္ပူေနတာကို ထမီစကပ္က်ပ္က်ပ္ဝတ္တဲ့အခါ ပိုသိသာျခင္း) ဆန္႔က်င္ဘက္အေနျဖင့္ အဲ့ဒီေနရာကိုပဲ အာရံုေရာက္ေအာင္ျပဳလုပ္သလို ျဖစ္ေနပါတယ္။

ဥပမာ သင့္တင္ပါးကို မၾကည့္ေစခ်င္ဘူးဆိုလွ်င္ အိပ္ကပ္အႀကီးေတြပါတဲ့ ဂ်င္းပင္ေတြ၊ သရုပ္ေဖာ္ပံုေတြပါတဲ့ အဝတ္အစားေတြကို မဝတ္ပါနဲ႔။

၈။ ဆံပင္ညွပ္သမားႏွင့္ တိုင္ပင္ပါ

ဆံပင္အံုထူတဲ့ ဆံပင္ပံုစံမ်ားက သင့္ကိုၾကည့္ရင္ မညီမွ်မႈကို ယူေဆာင္ေပးႏိုင္ပါတယ္။

ဆံပင္အရွည္အေနေတာ္ပံုစံႏွင့္ ပခံုးအထိ bobs ဆံပင္ပံုစံေတြက သင့္ကို လိုက္ဖက္ေစပါတယ္။

ဆံပင္အတိုပံုစံက သင့္ရဲ႕လည္ပင္းကို ဆံပင္ေအာက္မွာ ဝွက္ထားေပးတဲ့အခါ ၾကည့္ေကာင္းေစပါတယ္။ နားရြက္အနားက ဆံပင္က နည္းနည္းရွည္ရပါမယ္။

နည္းနည္းဖန္တီးမႈလြန္းတဲ့ ဆံပင္ပံုစံကို ေရွာင္ၾကဥ္ဖို႔ အႀကံျပဳပါတယ္။

ရွည္လ်ားေျဖာင့္စင္းတဲ့ ဆံပင္ေတြက အမ်ားအားျဖင့္ ဆူၿဖိဳးတဲ့ မိန္းကေလးမ်ားႏွင့္ မလိုက္ဖက္ပါဘူး။ ဆံပင္ပံုစံက အဓိကျပႆနာေနရာေတြကို အေလးေပးသကဲ့သို႔ျဖစ္ေစပါတယ္။

သင့္ဆံပင္ရွည္ကို မစြန္႔လြတ္ႏိုင္လွ်င္ စတတ္ပံုစံ အေရွ႕ပုခံုးအထက္ကိုအနည္းငယ္ညွပ္ဖို႔ ႀကိဳးစားသင့္ပါတယ္။

၉။ Shapewear သံုးပါ

Shapewear က သင့္ကို ပါးလ်သေယာင္ထင္ရေစၿပီး အမ်ိဳးသမီးေတြအတြက္ fitျဖစ္ေစပါတယ္။

အဆီပိုေတြရိွတဲ့ အမ်ိဳးသမီးေတြအတြက္သာမက တင္ပါးဧ၇ိယာႏွင့္ ဝမ္းဗိုက္မွာ ဗိုက္ေခါက္ထြက္ျခင္း၊ cellulite ဖံုးကြယ္ခ်င္တဲ့အမ်ိဳးသမီးေတြအတြက္လည္း ကူညီေပးပါတယ္။

ဒါေပမယ့္ ပြဲလမ္းသဘင္မ်ားအတြက္သာ shapewear ကိုအသံုးျပဳသင့္ၿပီး အၿမဲတမ္း ခဏခဏ မဝတ္ဆင္သင့္ပါဘူး။

 

Credit: Lifestyle Myanmar

Myanmar Textile and Garment Directory

သူတို႔လို လွပစြာ ခ်ဳပ္ဖို႔ ဖက္ရွင္ဒီဇိုင္နာေတြကို သိခ်င္တယ္ဆိုရင္ေတာ့ဒါေလးကို ႏွိပ္လိုက္ပါေနာ္

Read 2082 times
Rate this item
(0 votes)
Tagged under