What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မသိသူကျော်သွား၊ သိသူဖော်စား

မသိသူကျော်သွား၊ သိသူဖော်စား google

 နေ့စဉ် လူသုံးကုန်ပစ္စည်းတွေထဲမှာ ကျနော်တို့ ထင်မှတ်မထားတဲ့၊ တစ်ခြားနေရာမှာ နည်းလမ်းတစ်မျိုးမျိုးနဲ့ အသုံးချလို့ ရတဲ့

အသုံးဝင်တဲ့ပစ္စည်းတွေ အမြောက်အများ ရှိပါတယ်။ အခု အဲဒီလို ကက်သီးကက်သတ် ထည့်သွင်းပေးလိုက်တဲ့ ပစ္စည်းလေးတွေ ဘာအတွက်လည်း၊ ဘယ်လိုသုံးရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံး စမ်းသပ်သုံးစွဲကြည့်ကြပါလို့။

(၁) သိုးမွှေးခေါင်းစွပ်ပေါ်က အမွေးစုတ်ဖွား တစ်ချိုက သိုးမွှေးခေါင်းစွပ်ပေါ်မှာ အမွေးစုတ်ဖွားလေးတွေ ထည့်သွင်းထားတာကို အလှသဘောလို့ ထင်နေတတ်ကြ ပါ တယ်။ တကယ်တော့ ဒီအမွေးစုတ်ဖွားလေးတွေက အသုံးဝင်ပါတယ်။ ဒီဦးထုပ်တွေကို စတင်ဝတ်ဆင်ခဲ့ကြသူတွေကတော့ 18 ရာစုက ပြင်သစ်သင်္ဘောသားတွေပါ။ သင်္ဘောအတွင်းပိုင်းကို ၀င်ရောက်ရတဲ့အခါ အပေါ်က မျက်နှာကျက်တွေနဲ့ တိုက်မှာမိခြင်းမှ ကာကွယ်ဖို့ ဒီအမွေးစုတ်ဖွားလေးတွေကို ထည့်သွင်းခဲ့တာပါ။ နောက်ပိုင်းမှာ စစ်တပ်တွေမှာတောင် တပ်ဆင် အသုံးပြုခဲ့ကြပါတယ်။

11

 

(၂) ဘောင်းဘီပေါ်က ခေါက်ရိုးကြောင်း ဘောင်းဘီပေါ်က ခေါက်ရိုးကြောင်းကလည်း ဖတ်ရှင်သက်သက် ထည့်သွင်းထားတာ မဟုတ်ပါဘူး။ 19 ရာစုမတိုင် မီက ဘောင်းဘီတွေမှာ ခေါက်ရိုးကြောင်းတွေ မပါဝင်ပါဘူး။ နောက်ပိုင်းမှာ ဘောင်းဘီထုတ်တဲ့ စက်ရုံတွေဟာ အသားမာပြီး ခေါက်ရသိမ်းရခက်ခဲတဲ့ ဘောင်းဘီတွေကို စက်ရုံမှာကတည်းက တမင်တကာ ခေါက်ရိုးသက်သက် ထည့်သွင်းပေးခဲ့ပါတယ်။ ဒီလို ထည့်သွင်းလိုက်တဲ့အတွက် ခေါက်ရသိမ်းရ ကျစ်လစ်သွားပြီး၊ ကုန်ဝင်ဆန့်မှုလည်း ပိုသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဖက်ရှင်သဘောမျိုး တွင်ကျယ်သွားခဲ့တာပါ။

22

 

(၃) အမျိုးသမီးအတွင်းခံထဲက အိတ်ကပ်ငယ် အမျိုးသမီးအတွင်းခံ သို့မဟုတ် အမျိုးသားအတွင်းခံထဲမှာ အိတ်ကပ်ငယ်လေးတွေ ထည့်သွင်းထားလေ့ရှိပါတယ်။ ဒီအိတ်ငယ်လေးထဲမှာ လျှို့ဝှက်ထားအပ်တဲ့ ကွန်ဒုံးကဲ့သို့သော အရာတွေ၊ ပိုက်ဆံနဲ့ လူသိမခံနိုင်တဲ့ ပစ္စည်းတွေကို ထည့်သွင်းနိုင်ပါတယ်။

33

 

(၄) ကျောပိုးအိတ်နောက်ကျောက လေးထောင့်သားရေပြား ကျောပိုးအိတ်နောက်ကျောမှာ ပါလေ့ရှိတဲ့ အပေါက်နှစ်ပေါက်ပါတဲ့ လေးထောင့် သားရေပြားလေးကလည်း ခရီးထွက်တဲ့ အခါ အသုံးဝင်ပါတယ်။ ဖိနပ်နှစ်ရံ သုံးရံလောက်ကို ဖိနပ်ကြိုးကနေ လျှိုသွင်းပြီး သယ်သွားနိုင်သလို၊ ရေဘူးအိတ်လည်း ချိတ်လို့ ရပါတယ်။ အထူးသဖြင့်တော့ ဖိနပ်ကဲ့သို့သော အိတ်ထဲမှာ အ၀တ်တွေနဲ့ ရောမထားသင့်တဲ့ အရာတွေကို သယ်ယူဖို့ပါ။

44

Source: Shwemom

Myanmar Textile and Garment Directory

Read 1719 times
Rate this item
(0 votes)