What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကော်လာစတိုင်လ် (၅၀ ) ခု အခေါ်အဝေါ်များ

အင်္ကျီတစ်ထည်ရဲ့ စတိုင်လ်ကို ကော်လာက အားဖြည့်ပေးတယ်။

အင်္ကျီရဲ့ လည်ပင်းပေါက်မှာ ကော်လာကို ထားတဲ့အခါ ပုံသဏ္ဌာန်အမျိုးမျိုး အရွယ်အစား အမျိုးမျိုးဖြင့် လှပတင့်တယ်နေအောင် လုပ်ကြတယ်။
မတ်မတ်ထောင်နေတဲ့ ကော်လာကတုံး၊
ရှပ်ကော်လာ၊
ကော်လာပြား၊
သဘောၤသား ကော်လာ၊
ရင်ဘတ်ပေါ် အလိုက်သင့် ခေါက်ထားတဲ့ကော်လာ
တို့ကို အသုံးများကြတယ်။

ကော်လာနဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်တွေကို ပုံမှာ ကြည့်ရှုနိုင်ပါတယ်။

collar terms

ကော်လာတွေကို တည်ဆောက်တဲ့အခါ အခြေခံနည်းလမ်း ၃ သွယ် ရှိတယ်။

ပထမနည်းလမ်းက ထောင့်မတ် တည်ဆောက်တာ ဖြစ်ပါတယ်။
မတ်မတ်ထောင်နေတဲ့ ကော်လာကတုံး stand-up collar (တရုတ်ရှေးရိုးရာ အင်္ကျီရဲ့ ကော်လာကနေ ဆင်းသက်လာလို့ mandarin collar လို့လည်း ခေါ်ကြတယ်။ mandarin ဆိုတာက ရှေးတရုတ်ဘုရင်ခေတ်ရဲ့ မှူးကြီးမတ်ရာကို ဆိုလိုတယ်) ၊ ရှပ်ကော်လာ shirt coollar နဲ့ ကော်လာပြား flat collar အသေးစားတွေအတွက် သုံးစွဲကြတယ်။


ဒုတိယနည်းလမ်းက အင်္ကျီရဲ့ ရှေ့နဲ့နောက် ပခုံးသားတွေကို အတူတွဲဆက်ပေးပြီး အင်္ကျီအတွက် ဘလောက်ရဲ့ ထိပ်မှာ ကော်လာကို တိုက်ရိုက် ထည့်သွင်း တည်ဆောက်ပေးတာ ဖြစ်ပါတယ်။
ဒီနည်းကို သင်္ဘောသားကော်လာ sailor collar နဲ့ အရွယ်အစား ပိုကြီးမားတဲ့ ကော်လာပြား flat collar တို့အတွက် သုံးစွဲကြတယ်။


တတိယနည်းလမ်းက ရင်ဘတ်ပေါ် ခေါက်ထားတဲ့ကော်လာ တည်ဆောက်နည်း ဖြစ်ပါတယ်။ V ပုံ လည်ပင်းပေါက်ကို ပုံဖော်ပေးတယ်။ ဂျက်ကက်၊ ကုတ်၊ ဘလောက်စ်၊ ရှပ်တို့မှာ သုံးကြတယ်။ ရင်ဘတ်ပေါ် ခေါက်ထားတဲ့အပိုင်းကို ကော်လာနဲ့ တွဲပြီး စတိုင် ထုတ်ကြတယ်။ အဲဒီမှာ စတိုင်အမျိုးမျိုး ဖမ်းလို့ရတယ်။

အဲဒီအခြေခံနည်းလမ်း ၃ ခုကို အခြေခံပြီး ကော်လာတွေ စတိုင်အမျိုးမျိုးထုတ်ကြပြီး အမည်တွေ အမျိုးမျိုး ပေးထားကြတာမှာ အချို့ကို လေ့လာနိုင်ဖို့ ဖော်ပြပေးထားပါတယ်။



 

collar type 01

collar type 02

collar type 03

collar type 04

collar type 05

collar type 06

collar type 08

collar type 09

collar type 10

collar type 11

Read 1585 times
Rate this item
(0 votes)