What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ့်ခန္ဓာကိုယ်နှင့်အလိုက်ဖက်ဆုံး ဂျင်းဘောင်းဘီကိုရွေးချယ်နိုင်မယ့်နည်းလမ်း(၄)သွယ်

အင်္ကျီအဝတ်အစားဝယ်တော့မယ်ဆိုရင်ကိုယ်နဲ့တော်မတော်ရွေးချယ်ဖို့အတွက်ကတော့ဝတ်ကြည့်မှဘဲ စိတ်တိုင်းကျတဲ့ အဝတ်အစားတွေကို ရရှိမှာပဲဖြစ်ပါတယ်။

တော်တော်များများဆိုင်တွေကတော့ စ်းပြီးဝတ်ကြည့်လိုရပေမယ့် တစ်ချို့ဆိုင်တွေကတော့ဝတ်ကြည့်ခွင့်မပေးထားပါဘူး။ ဒီလိုမျိုးဝတ်ကြည့်ခွင့်မပေးထားတဲ့ ဆိုင်မျိုးတွေကို ရောက်သွားတဲ့အခါ ဒါမှမဟုတ်ဝတ်ကြည့်ဖို့အဆင်မပြေတော့တဲ့အချိန်တွေမှာဆိုရင် ဝတ်ကြည့်စရာမလိုဘဲ ကိုယ့်ခန္ဓာကိုယ်နဲ့ အဆင်ပြေစေမယ့် ဂျင်ဘောင်းဘီမျိုးတွေကို ရွေချယ်ယူနိုင်မယ့်နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁.Size ကိုရွေးချယ်ပါ

ဂျင်းဘောင်းဘီကို ရွေးချယ်ဝယ်ယူတော့မယ် ဝတ်မကြည့်ပဲဒီတိုင်းပဲဝယ်ယူတော့မယ်ဆိုရင် အရင်ဆုံးလုပ်သင့်တာကတော့ ကိုယ်နဲ့သင့်တော်တဲ့ဆိုဒ်ကို ရွေးချယ်နိုင်ဖို့ကအရေးကြီးပါတယ်။အဓိကတော့ ခါးဆိုဒ်ပဲဖြစ်ပါတယ်။ဒီတော့ ကိုယ့်နဲ့သင့်တော်တဲ့ခါးဆိုဒ်ကိုဘယ်လိုရွေးချယ်မလဲ။ ဂျင်းဘောင်းဘီရဲ့ ခါးနေ ရာကို လည်ပင်းမှာပတ်ပြီးတိုင်း မယ်ဆိုရင်တော့တိကျတဲ့အဖြေ တစ်ခုကိုရရှိမှာဘဲဖြစ်ပါတယ် တိုင်းတဲ့အခါမှာဘောင်းဘီးရဲ့ခါးအစွန်းနှစ်ဖက်ကို လည်ပင်နောက်မှာအလွယ်တကူထိစပ်သွားတယ်ဆိုရင်တော့ သင့်ရဲ့ခါးနဲ့တော်တဲ့ဂျင်းဘောင်းဘီပဲဖြစ်ပါတယ်။

၂.ပွမနေအောင်

ဘောင်းဘီတစ်ထည်ကိုဝယ်မယ်ဆိုရင်ခါးနေရာတော်နေရုံနဲ့လည်းမရသေးပါဘူး။ ပေါင်နေရာတွေမှာမပွနေဖို့က လည်းအရေးကြီးပါတယ်။ဒါကြောင့်ကိုယ်နဲ့ Fit ဖြစ်နေမယ့်ဘောင်းဘီမျိုးတွေကိုရွေးချယ်ချင်တယ်ဆိုရင်တော့ ဂျင်းဘောင်းဘီရဲ့ခါးအကျယ်ကိုသင့်တံတော်ဆစ်ကိုထည့်ပြီးတိုင်းလို့ရပါတယ်။သင့်ရဲ့တံတောင်းဆစ်ကဘောင်းဘီအကျယ်မှာအလွယ်တကူပဲFitဖြစ်နေမယ်ဆိုရင်တော့ဒီဘောင်းဘီကသင့်ရဲ့ဆိုဒ်အမှန်ဘဲဖြစ်ပါတယ်။

၃.အရှည်ကိုစစ်ဆေးမယ်ဆိုရင်

သင့်အရပ်နဲ့လိုက်ဖက်တဲ့ဘောင်းဘီဖြစ်လားဆိုတာလည်းစစ်ဆေးလို့ရပါတယ်။ဘောင်းဘီအောက်နားနှစ်ဖက်ကိုတစ်စစီတွဲပြီး လက်နှစ်ဖက်ကိုလည်းဆန့်လိုက်မယ်ဆိုရင်တော့သင့်အရပ်နဲ့သင့်လျော်တဲ့ဘောင်းဘီဆိုရင်သင့်လက်နှစ်ဖက်ဆန့်တန်းလိုက်တဲ့အရှည်အတိုင်းကွပ်တိဖြစ်နေမှာပါ။

၎.ခြေသလုံးနေရာရော်တော်ရဲ့လား

ဂျင်းဘောင်းဘီရဲ့အောက်ပိုင်းဖြစ်တဲ့ခြေသလုံးနေရာတွေကရောသင်နဲ့သင့်တော်ရဲ့လား။ဒီအချက်ကို သိရဖို့အတွက်ဆိုရင်တော့သင်ရွေးချယ်ထားတဲ့ဂျင်းဘောင်းဘီရဲ့ခြေသလုံးနေရာကို သင့်လက်ကိုလက်သီးဆုပ်ပြီး ထည့်ကြည့်လိုက်ပါ အလွယ်တကူFit ဖြစ်နေမယ်ဆိုရင်တော့ သင့်နဲ့ပြီးပြည့်စုံပြီးလိုက်ဖက်တဲ့ဂျင်းဘောင်းဘီတစ်ထည်ကို ရွေချယ်နိုင်ပြီးဘဲ ဖြစ်ပါတယ်။

Read 2274 times
Rate this item
(1 Vote)