What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ကို ပိုပြီး ငယ်ရွယ်တယ်လို့ ထင်ရစေမယ့် ဖက်ရှင်နည်းလမ်းကောင်းများ

သင်ဝတ်ဆင်တဲ့ အ၀တ်အစားဖက်ရှင်က သင့်ရဲ့စိတ်ခံစားချက်၊ သင့်ရဲ့ဖက်ရှင်အမြင်ကို ဖော်ပြနေသလိုပဲ သင့်ကိုပိုပြီးနုပျိုစေနိုင်သလို တစ်ခါတစ်ရံမှာလဲ အသက်ကြီးတဲ့ပုံပေါက်စေပါတယ်။ အ၀တ်အစား၊ ဖိနပ်၊ လက်ကိုင်အိတ်၊ လက်ဝတ်ရတနာတွေ ဆင်မြန်းတဲ့အခါ အစပ်အဟပ် တွဲမိဖို့က အရေးပါပါတယ်။

ဒါ့ကြောင့်ဘယ်လိုဖက်ရှင်အမှန်တွေကို ရွေးချယ်သင့်သလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

၁။ လည်ပင်းပေါက်လှလှလေးများ

1
သင်သည် ငယ်ရွယ်တဲ့ပုံပေါက်ချင်ရင် သင့်လည်ပင်းတွေကို ဖုံးကွယ်မထားပါနဲ့။ လည်ပင်းခေါက်ဆွယ်တာတစ်ထည်အစား လည်ပင်းပေါက်လှလှလေးတွေနဲ့ အင်္ကျီကိုရွေးချယ်ပါ။

၂။ စကတ်တိုလေးများ

2
ပိုပြီးနုပျိုစေဖို့ ဒူးဖုံးစကတ်လေးတွေ၊ မီနီစကတ်လေးတွေ ရွေးချယ်နိုင်ပါတယ်။စကတ်ရှည်တွေက သင့်ကို ဆွဲဆောင်မှုမရှိစေနိုင်သလို ငယ်ရွယ်တဲ့ပုံလဲ မပေါက်စေပါဘူး။

၃။ ဘလေဇာ သို့မဟုတ် ဂျာကင်အင်္ကျီ

3
ဘလေဇာ သို့မဟုတ် ဂျာကင်အကျီ င်္တွေကို ရွေးချယ်ပါ။ သိုးမွှေးအင်္ကျီရင့်စေ့တွေကို ကြိုက်ရင်တောင် အိမ်မှာပဲ ၀တ်ဆင်ပါ။ အထူးသဖြင့် မွဲခြောက်ခြောက်အရောင် ၊ အမည်းရောင်တွေကိုပါ။

၎။ လည်ပင်းကို ရှင်းရှင်းလင်းလင်းထားပါ

4
ပ၀ါတွေ ၀တ်ဆင်ခြင်းက အသက်ကြီးတဲ့ပုံပေါက်စေတာကြောင့် ဆောင်းတွင်းမဟုတ်လျှင် ၀တ်ဆင်ဖို့ ရှောင်ရှားပါ။ အဲ့ဒီအစား သင့်ရဲ့လည်ပင်းကို ရှင်းရှင်းလင်းလင်းထားပါ။

၅။ အရောင်တောက်တောက်တွေကို ရွေးချယ်ပါ

5
တောက်ပတဲ့ အ၀တ်အစားတွေက သင့်မျက်နှာကို လင်းလင်းလေး ဖြစ်စေပါတယ်။အနက်က အလွန်စတိုင်ကျတဲ့အရောင် ဖြစ်ပေမယ့် all black တွေကို ရှောင်ရှားပါ။ ဒါက သင့်အသားအရောင်နှင် အရေးအကြောင်းတွေကို ပေါ်လွင်စေပါတယ်။

၆။ မိတ်ကပ်ပါးပါးကို ရွေးချယ်ပါ

6
မိတ်ကပ်အလွန်အကျွံလိမ်းတာ၊ အရမ်းတောက်ပပြီး အရောင်ရင့်နှုတ်ခမ်းနီတွေဆိုးတာက သင့်နှုတ်ခမ်းပတ်လည်က အရေးအကြောင်းတွေကို သိသာစေပြီး အရောင်ရင့် အိုင်းရှဲဒိုးတွေက သင့်မျက်လုံးကို ပိုပြီး လေးလံစေပါတယ်။ မနုလွန်း မရင့်လွန်းတဲ့ shade လေးတွေ၊ Lip gloss လေးတွေက သင့်ကို ငယ်ရွယ်ပြီး သဘာဝပုံပေါက်စေပါတယ်။

၇။ခန္ဓာကိုယ် ပေါ်လွင်စေမယ့် အင်္ကျီကို ဝတ်ဆင်ပါ

7
သင့်ရဲ့ အကောင်းဆုံး အင်္ဂါရပ်တွေကို ပေါ်လွင်စေပြီး ကိုယ့်ရဲ့အရွယ်အစားနဲ့ ကွက်တိဖြစ်မယ့် အ၀တ်အစားများကို ရွေးချယ်ပါ။အဆမတန်ကြီးမားတဲ့ အ၀တ်တွေက သင့်ကို ပိုကြီးပြီး လေးလံတဲ့ပုံပေါက်စေပါတယ်။ ဒါတွေကို အားကစားရုံမှာသာ ၀တ်ဆင်ပါ။

၈။ ဖြစ်နိုင်လျှင် မျက်မှန်မတပ်ပါနဲ့

8
တချို့လူတွေက ပညာရှင်ပုံပေါက်စေဖို့ မျက်မှန်တပ်ပါတယ်။ တကယ်တော့ သူတို့က သင့်အသွင်အပြင်ကို အသက်ကြီးတဲ့ပုံပေါက်စေပါတယ်။ ဒါ့ကြောင့် မျက်မှန်ကို ဖယ်ရှားပြီး မျက်ကပ်မှန်တပ်ဆင်ဖို့ စဉ်းစားပါ။

၉။ အင်္ကျီပြောင်တွေကို ရွေးချယ်ပါ

9
အရောင်ဖျော့ဖျော့လေးတွေ၊ ပြောင်လေးတွေကို ဝတ်ဆင်ပါ။ပန်းပွင့်အဆင်နဲ့ ဘလေက်အင်္ကျီတွေ၊ ဂါဝန်တွေက သင့်ကိုအသက်ကြီးတဲ့ပုံပေါက်စေပါတယ်။

၁၀။ ဆံပင်အရှည်ထားပါ

10
သင့်ဆံပင် ထူပြီး ကျန်းမာလျှင် ဆံပင်အရှည် သို့မဟုတ် bob ပုံစံလေးတွေထားပါ။ဆံပင်အတိုက စတိုင်ကျပေမယ့် သင့်အမှန်တကယ်အသက်အရွယ်ကို နှစ်ဆပိုကြီးသယောင်ဖြစ်စေပါတယ်။

 

Source:life style

Read 1618 times
Rate this item
(2 votes)