What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကျန်းမာရေးထိခိုက်စေတဲ့ ဖက်ရှင်များ

ကျန်းမာရေးထိခိုက်စေတဲ့ ဖက်ရှင်များ google

ဖက်ရှင်ဆိုတာ အပေါ်ယံလှဖို့ပဲ ဦးစားပေးရတဲ့အရာတစ်ခုမဟုတ်ပါဘူး၊

ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်ဖို့နဲ့ ကျန်းမာရေးကို မထိခိုက်စေဖို့ လုံးဝအရေးကြီးပါတယ်။ ပျိုမေတို့ နေ့စဉ်ဝတ်ဆင်နေတဲ့ ဖက်ရှင်တွေက ကိုယ့်ကို နဂိုထက် ပိုလှသွားစေပေမယ့် ကျန်းမာရေးကို ထိခိုက်နေစေနိုင်တယ်ဆိုရင်တော့ နည်းနည်းပြောင်းလဲဝတ်ဆင်ဖို့ လိုပါတယ်။ ဒီတော့ ပျိုမေတို့ဝတ်ဆင်နေကျ ဘယ်ဖက်ရှင်တွေကို ကျန်းမာရေးမထိခိုက်အောင် ဘယ်လိုဝတ်ဆင်ရမလဲဆိုတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) Skinny Jeans
ဂျင်းဘောင်းဘီက ပေါ့ပါးလုံခြုံပြီး ဘယ်အခြေအနေမှာမဆို ၀တ်လို့အဆင်ပြေတဲ့ အမျိုးအစားဖြစ်တာကြောင့် ဂျင်းဖက်ရှင်က လူကြိုက်များတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ Skinny Jeans တွေက တင်ပါးနဲ့ပေါင်တံအလှကို ပိုပြီးပေါ်လွင်စေတာကြောင့် ပိုပြီးလူကြိုက်များပါတယ်။ ဒါပေမယ့် အရမ်းကြပ်လွန်းတဲ့ Skinny Jeans တွေက သွေးကြောတွေကို တင်းကြပ်စေတာကြောင့် သွေးလှည့်ပတ်မှုကို ကမောက်ကမဖြစ်စေပါတယ်။ အ၀တ်အထည်က အသားမှာအရမ်းကပ်နေတဲ့အခါ မွေးညှင်းပေါက်တွေ ပိတ်စေပါတယ်။ ဒါကြောင့် အရမ်းကြပ်တဲ့ Skinny Jeans တွေကို နေ့တိုင်းကြီးဝတ်နေမယ်ဆိုရင် ကျန်းမာရေးအတွက်လုံးဝမကောင်းတာကြောင့် တခါတလေမှသာဝတ်သင့်ပါတယ်။

(၂) မြင့်လွန်းတဲ့ဖိနပ်
ဖိနပ်အမြင့်တွေက မိန်းမဆန်ပြီး စမတ်ကျတာကြောင့် မိန်းကလေးတွေ အရမ်းသဘောကျကြပါတယ်။ ဒါပေမယ့် မြင့်လွန်းတဲ့ ဖိနပ်တွေကို အမြဲတမ်းစီးမယ်ဆိုရင် ခြေထောက်သွေးလှည့်ပတ်မှုမကောင်းတာ၊ နောက်ကျောအောင့်တာတွေဖြစ်စေနိုင်ပြီး ကြာလာရင် ကျောရိုးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဖိနပ်အမြင့်တွေကို တခါတရံမှသာ စီးသင့်ပါတယ်။

(၃) ပါးလွန်းတဲ့ဖိနပ်
ဖိနပ်အပါးတွေက အန္တရာယ်မရှိဘူးလို့ထင်နေရင်မှားသွားပါလိမ့်မယ်နော်။ ပါးလွန်းတဲ့ ဖိနပ်တွေကို အမြဲစီးထားမယ်ဆိုရင် ခြေထောက်တွေရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို လျော့နည်းစေပြီး ခြေချောင်းတွေပုံပျက်လာတာမျိုးဖြစ်နိုင်ပြီး ဒူးနဲ့တင်ပါးဆုံကိုပါထိခိုက်စေနိုင်တာကြောင့် ဖိနပ်ကို အမြဲတမ်းအပါးပဲစီးထားတာမျိုးမလုပ်ဘဲ အပြောင်းအလဲလေး လုပ်ပေးဖို့လိုပါတယ်။

(၄) Push-up bras
Push-up Bras တွေကလည်း အမျိုးသမီးတွေရဲ့ အကြိုက်တစ်ခုဖြစ်ပါတယ်။ ရင်သားအလှကိုပေါ်လွင်စေပြီး ဆွဲဆောင်မှုတိုးစေတဲ့ ဒီ push-up bras တွေကို အမြဲဝတ်တာက ရင်ဘတ်နားတ၀ိုက်က သွေးကြောတွေကို ပိတ်စေပြီး သွေးစီးဆင်းမှုကို ကမောက်ကမဖြစ်စေတဲ့အပြင် ရေရှည်မှာ ရင်သားကင်ဆာကိုတောင်ဖြစ်စေနိုင်ပါတယ်။

(၅) အသားကပ်ဘောင်းဘီ
အသားကပ်ဘောင်းဘီတွေကလည်း ခြေထောက်အလှကိုပေါ်လွင်စေတာကြောင့် လူကြိုက်များတဲ့ ဖက်ရှင်တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် အသားကပ်ဘောင်းဘီကို အမြဲတမ်းဝတ်ထားတဲ့အခါ ဆီးလမ်းကြောင်းပိုးဝင်တာမျိုးဖြစ်နိုင်ပြီး ချွေးထွက်ပြီးအသားတွေပွန်းတာ စသဖြင့် ဖြစ်နိုင်ပါတယ်။

(၆) လွယ်အိတ်အကြီး
အရွယ်အစားကြီးလွန်းတဲ့ဘေးလွယ်အိတ်တွေကို အမြဲလွယ်ပြီးသွားတာက ကျောရိုးပုံပျက်တာမျိုး၊ ကြွက်သားတွေ နာကျင်စေတာမျိုးနဲ့ သွေးကြောပိတ်နေတာမျိုးတွေအထိဖြစ်နိုင်တာကြောင့် လေးလွန်းတဲ့ အိတ်အကြီးကြီးတွေကို မလွယ်တာအကောင်းဆုံးပါ။

(၇) ဘောင်းဘီအပွ
ဘောင်းဘီပွပွတွေ ၀တ်ရတာက သက်တောင့်သက်သာ ရှိလွန်းတာကြောင့် အများစုက ညဘက်အိပ်တဲ့အခါ ဘောင်းဘီပွပွတွေဝတ်ပြီး အိပ်တတ်ကြပါတယ်။ ဘောင်းဘီအပွတွေက အသားအရေဓာတ် မတည့်ယားယံမှုကို ပိုဖြစ်စေနိုင်ပြီး ဆီးလမ်းကြောင်းပိုးဝင်တာ၊ မှိုရောဂါဖြစ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အတွင်းခံမပါဘဲ ၀တ်တတ်တဲ့သူတွေ ပိုပြီးသတိထားဖို့ လိုပါတယ်။

Source: Bayder

Read 1178 times
Rate this item
(0 votes)