Site is under maintenance!

What's new

ဆွဲဆောင်မှုရှိခြင်းဟာ ရုပ်ရည်နဲ့ မဆိုင်ပါဘူး။တစ်ခါတစ်လေ ရုပ်ချောတဲ့သူတောင် ဆွဲဆောင်အားကောင်းတဲ့အထဲမှာ မပါတတ်ပါဘူး။ မိန်းကလေးတွေရဲ့ မျက်လုံးထဲမှာ ဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားဆိုတာ အခုပြောမယ့် အချက်တွေနဲ့ ပြည့်စုံတဲ့သူဖြစ်တတ်ပါတယ်။


(၁)အသံနေအသံထားကောင်းခြင်း
မျက်နှာအသွင်ပြင် ခန့်ညားတာလိုပဲ ဆွဲအားကောင်းတဲ့ အသံတွေဟာ တစ်ဖက်လူကို တိမ်းညွတ်လာစေနိုင်ပါတယ်။ လေယူလေသိမ်း ကောင်းမွန်ပြီး သြဇာပါတဲ့ အမျိုးသားတွေဟာ ယုံကြည်အားကိုးချင်စရာလို့ အများက ယူဆတတ်ပါတယ်။

1
(၂)တည်ငြိမ်အေးချမ်းခြင်း

ပြဿနာ အခက်အခဲတွေနဲ့ တွေ့ချိန်မှာ ပျာယာခပ်မနေဘဲ တည်ငြိမ်သူဟာလည်း ထူးခြားတဲ့သူအဖြစ်  အများရဲ့အသိအမှတ်ပြုမှုခံရတတ်ပါတယ်။စိတ်အေးချမ်းအောင်နေတတ်သူဟာ ကိုယ်အမှုယာ၊နှုတ်အမှုအယာလည်း တည်ကြည်နေတာကြောင့် သူနဲ့ဆုံသူတိုင်းကိုပါ ငြိမ်သက်အေးဆေးစေနိုင်တဲ့အစွမ်းရှိပါတယ်။

2


(၃)ကိုယ်နံ့ကောင်းအောင် ဂရုစိုက်ခြင်း
အနံ့အသက်ကလည်း လူတစ်ယောက်ရဲ့Attractionပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ လူတွေအများကြီးနဲ့ ဆက်ဆံတွေ့ကြုံနေရသူတွေမှာ ကိုယ်နံ့ကောင်းအောင် အများကြီး ဂရုစိုက်ဖို့လိုပါတယ်။

3

(၄)အဝတ်အစား ဝတ်တတ်ခြင်း
 ဆွဲဆောင်မှုရှိဖို့ တန်ဖိုးကြီး အဝတ်အစားမျိုး ဝတ်စရာမလိုပါဘူး။ယောင်္ကျားတစ်ယောက်ဟာ သပ်သပ်ရပ်ရပ် ဝတ်စားတတ်ရင်ကို လူကြားထဲမှာ ထင်ရှားနေတတ်ပါတယ်။ ကိုယ်ရောက်နေတဲ့ နေရာတဲ့ ပတ်ဝန်းကျင်ပေါ်လိုက်ပြီး သင့်တင့်တဲ့ အဝတ်အစားဝတ်တာဟာ ကိုယ့်စတိုင်အတွက်လည်း ကိုယ့်ကိုယ်ကို ယုံကြည်စိတ် မြင့်မားစေပါတယ်။

4

(၅)ကြင်နာမှု ပြပါ

နှုးညံ့ကြင်နာတဲ့ ယောင်္ကျားကောင်းတစ်ယောက်ဖြစ်ခြင်းဟာ ယောင်္ကျားတစ်ယောက်အတွက် အကောင်းဆုံးပုံရိပ်ကို ဖော်ပြရာ ရောက်သလို အမျိုးသမီးတွေရဲ့ မျက်လုံးထဲမှာလည်း လေးစားစရာကောင်းတဲ့ လူကြီးလူကောင်းတစ်ယောက်လို ပုံပေါ်စေနိုင်ပါတယ်။

5

 

(၆)ကိုယ်နေဟန်ထား

ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး လက်တွေခြေတွေကို သက်တောင့်သက်သာ အနေအထားနဲ့ လမ်းလျှောက်တာ သွားလာ လှုပ်ရှားတာလုပ်သင့်ပါတယ်။ Body Language ပုံစံအရ လွတ်လပ်ပွင့်လင်းတဲ့ Open Typeဖြစ်နေတဲ့သူဟာ ရုပ်မချောတောင် ကြည့်ကောင်းနေမှာပါ။

6

 

(၇)ယောင်္ကျားဆန်ဆန်နေပါ
ယောင်္ကျားတစ်ယောက်ဖြစ်လို့ မုတ်ဆိတ်၊နှုတ်ခမ်းမွှေးလိုမျိုး ယောင်္ကျားလက္ခဏာတွေ ကိုယ့်မှာ ရှိလာပါလိမ့်မယ်။ ဒါတွေကို သပ်သပ်ရပ်ရပ် ကြည့်ပျော် ရှုပျော်ဖြစ်အောင်တော့ ပြုပြင်ပေးရမှာ ဖြစ်ပေမယ့် အလွန်အကျွံ အလှပြင်တာမျိုး မလုပ်သင့်ပါဘူး။
Gym လေး ဘာလေးသွား၊ ကိုယ်ကာယပိုင်းမှာ တောင့်တင်းသန်မာအောင်ဂရုစိုက်ဖို့လည်းလိုပါတယ်။ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားတစ်ယောက်အဖြစ် လူကြားသူကြားထဲမှာ ကိုယ်ကိုယ်ကို ယုံကြည်မှုရှိရှိနေနိုင်မှာ ဖြစ်ပါတယ်။

7

 

ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ ဘယ်လိုအမျိုးသားတွေက ဆွဲဆောင်မှုရှိနေလဲဆိုတာ ဒီအချက်တွေနဲ့ ကြည့်ကြည်လိုက်ပါနော်

Source: Kwee

Myanmar Textile and Garment Directory

Published in Tips

မန်မာဆန်ဆန်ဝတ်ဆင်တတ်သော ပျိုမေတို့အတွက် Textileကနေ မြန်မာဆန်ဆန် နေထိုင်ဝတ်ဆင်ခြင်း၏ အကျိုးကျေးဇူး ( ၁ဝ ) ခုကို ပြောပြပေးချင်ပါတယ်နော်

Published in Tips

အခု ဖက်ရှင်ဆိုင်တွေမှာ small တွေ၊ XS Size ဖက်ရှင် တွေကပဲ အများဆုံး နေရာယူထားကြပါ တယ်။

Published in Tips

ဖက်ရှင်ဆိုတာ အပေါ်ယံလှဖို့ပဲ ဦးစားပေးရတဲ့အရာတစ်ခုမဟုတ်ပါဘူး၊

Published in Tips

သင်ရွေးချယ်လိုက်တဲ့ အဝတ်အစားပုံစံဟာ သင့်ရဲ့ခံစားမှုကိုလည်း ပြောင်းလဲစေပါတယ်။

Published in Tips

မင်္ဂလာပါရှင်..  ဒီနေ့ပြောချင်တာကတော့ ဖိနပ်နဲ့ သက်ဆိုင်တဲ့ သိကောင်းစရာတွေပဲ ဖြစ်ပါတယ်။

Published in Tips

ပျိုမေတို့တွေက နေ့စဉ်ဝတ်စားဆင်ယင်ရာမှာ ကိုယ်တိုင်နှစ်သက်သဘောကျတဲ့ ဖက်ရှင်လေးတွေရော၊ လက်ရှိရေပန်းစားနေတဲ့ Trend ဖြစ်နေတဲ့

Published in Tips

မိန်းကလေးတစ်ယောက်ဖြစ်ရတာ တော်တော်မလွယ်ပါဘူး၊ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး စမတ်ကျတဲ့

Published in Tips

ဒီနေ့မှာတော့ Textile ပရိတ်သတ်ကြီးအတွက် ငပျင်းမလေးတွေ ဖက်ရှင်နဲ့ ပတ်သက်ပြီး လုပ်တတ်တဲ့ အကျင့်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Published in Tips

အမျိုးသမီးတစ်ယောက်အတွက် ဖက်ရှင်ကျကျလေး ဆင်မြန်းတွဲစပ်ချင်တယ်ဆိုရင် ကိုယ်ရဲ့ခန္ဓာကိုယ် အနေအထား၊

Published in How To
Page 1 of 3

Search Articles