What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Plus Size လေးတွေအတွက် ခေတ်မီပြီး စတိုင်ကျစေမယ့် fashion tips များ

ခုလို ၂၁ ရာစုကို ရောက်လာတဲ့အချိန်မှာ Body Positive Movement တွေကြောင့် Plus size လေးတွေဟာလဲ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ Fashion ကျကျဝတ်စားလာကြပြီပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ Plus Size လေးတွေအတွက် Stylish and Chic ဖြစ်စေဖို့ Tips လေးတွေ ဝေမျှပေးလိုက်ရပါတယ်။

 

Body Type: Straight

Plus Size Puff Sleeve Top Fall Outfit

Librarian Style: Eloquii Conversational Print Blouse and Flounce Pencil  Skirt

 

သင့်ရဲ့ ပခုံး၊ ခါး၊ တင်ပါးတွေ အရွယ်အစားတူညီနေပြီး ခါး နေရာလေးဟာလဲ သိသိသာသာ မပေါ်လွင်ရင်တော့ Straight Plus Size body type ထဲမှာ ပါဝင်နေပါတယ်။

ခန္ဓာကိုယ်ကို သွယ်လျနေစေဖို့ ခါးပတ်လေးတွေကို အသုံးပြုပေးသင့်သလို Curvy shape လေးပေါ်နေစေဖို့ top နဲ့ bottom ကို color-blocking လုပ်ပြီးလဲ ဝတ်ဆင်နိုင်ပါတယ်။ Ruffle ပါတဲ့ Top တွေနဲ့ Pants အတွက်တော့ Bootcut နဲ့ Flare လေးတွေဟာ ခန္ဓာကိုယ်ကို ပိုပြီးသွယ်လျဟန် ခံစားရစေပါတယ်။

 

Body Type: Apple

Hello Yellow - Trendy Curvy

The Colorful Life - Trendy Curvy

Sunshine Ready w/ LOFT - Trendy Curvy

သင့်ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်းဖြစ်တဲ့ ပခုံး၊ ရင်ဘတ်နဲ့ ခါး အချိုးအစားတွေဟာ ပို Curvy ဖြစ်နေပြီး တင်ပါးနဲ့ ခြေထောက် နေရာတွေမှာ သွယ်သွားမယ်ဆိုရင်တော့ သင်ဟာ Apple Plus Size လေး ဖြစ်နေမှာပါ။

အပေါ်ပိုင်းသိသိသာသာ ဖွံ့ဖြိုးတဲ့သူမို့ S-shaped Curve လေး ဖြစ်နေစေချင်ရင်တော့ A-skirt လေးတွေ Flare Pants လေးတွေကို ဦးစားပေး ရွေးချယ်ရပါ့မယ်။ Deep Neckline Dress တွေနဲ့တော့ ပိုပြီးသင့်လျှော်ပါတယ်။ အပေါ်ပိုင်းကို shaded color top တွေ ဝတ်ပြီး အောက်ပိုင်းကို Tinted color Hue color ဒါမှမဟုတ် Printed Pants နဲ့ Skirts တွေကို တွဲဖက်ဝတ်ဆင်ပေးခြင်းကလဲ feminine shape ကို ပိုပြီး ပိုင်ဆိုင်စေမှာပါ။

 

Body Type: Pear

plus_size__.JPG

ပေါင်နဲ့ တင် နေရာတွေဟာ ပခုံးနဲ့ ခါး နေရာတွေထက် ပိုပြီး ကြီးတဲ့ Pear လေးတွေအတွက်လဲ Proportion ချတတ်ဖို့က အရေးကြီးပါတယ်။ အပေါ်ပိုင်းသေးတဲ့သူတွေ ဖြစ်တာကြောင့် အပေါ်ပိုင်းမှာ Printed Top တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ Statement Accessories တွေဟာလဲ လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ Flat Pants နဲ့ Skinny Jeans တွေကိုဝတ်ပြီး အပေါ်ကနေ Cardigan တွေ၊ Long Blazer တွေကိုသာ Layer ထပ်လိုက်မယ်ဆိုရင်တော့ အရမ်းကို Stylish ဖြစ်လာစေမှာပါ။

 

Body Type: Hourglass

Plus_size.JPG

 

သင့်ရဲ့ ပခုံး နဲ့ တင်ဟာ အချိုးအဆတူနေရင် ဒါမှမဟုတ် ရင်ဘတ်နဲ့ တင်ပ နေရာဟာ curvy ဖြစ်ပြီး ခါးလေး ပေါ်နေရင်တော့ Hourglass Plus Size Girl လေးပါပဲ။ ခါးနေရာလေး ပေါ်လွင်နေပြီးသားဖြစ်တာကြောင့် Top နဲ့ Bottom အချိုးအဆကျနေဖို့ကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ Plus size bodycon dress လေးတွေကတော့ အသင့်တော်ဆုံးဖြစ်သလို low-cut and structured Tops တွေနဲ့ High-waist Pants and Jeans တွေကိုလဲ ဝတ်သင့်ပါတယ်။

အခုလောက်ဆို Plus Size လေးတွေအတွက် Fashion Tips လေးတွေကို ဖော်ပြပေးခဲ့ပြီမို့ သဘောကျလိမ့်မယ်လို့ ထင်ပါတယ်နော်..။

 

By Myanmar Textile & Garment Guide

Read 765 times
Rate this item
(0 votes)