What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စွန့်ပစ်အဝတ်အစားများနဲ့ Instagramမှာ နာမည်ကြီးလာတဲ့ ထိုင်ဝမ် အဘိုးအဘွား

ယခုအခါ ထိုင်ဝမ်ရဲ့ ခေတ်မီပြီး အောင်မြင်ကျော်ကြားတဲ့ စုံတွဲတွေထဲမှာ နာမည်ကြီး ဆယ်ကျော်သက်တွေနှင့် influencerတွေပဲ မဟုတ်ကြတော့ပါဘူး။

 

ပြီးခဲ့တဲ့လက Chang Wan-ji (၈၃ နှစ်) နှင့်သူရဲ့ ဇနီး Hsu Sho-er (၈၄ နှစ်)တို့က သူတို့ရဲ့ စတိုင်ကျလိုက်ဖက်တဲ့ ဖက်ရှင် ပုံတူတွေကြောင့် Instagramမှာ follower ၆၀၀,၀၀၀ နီးပါး ရရှိခဲ့ကြပါတယ်။

 

သူတို့စုံတွဲဟာ ပင်မင်းဝန်ဆောင်မှုလုပ်ဆောင်ကြပြီး စွန့်ပစ်အဝတ်အစားတွေနဲ့ မော်ဒယ်စုံတွဲပုံများ ရိုက်ကူးလာရာမှ အွန်လိုင်းမှာ octogenarian duo(အသက်၈၀ကျော် ၉၀မရောက်သေးတဲ့ စုံတွဲ)အဖြစ် နာမည်ကြီးလာခဲ့ပါတယ်။

 

Taichungမြို့ အနီးက မြို့ငယ်လေးတစ်ခုမှာ ပင်မင်းဝန်ဆောင်မှုကို ဆယ်စုနှစ်ပေါင်းများစွာ လည်ပတ်ခဲ့ကြတဲ့ ၎င်းစုံတွဲက ထိုင်ဝမ်မှထုတ်ဝေတဲ့ Vogue နှင့် Marie Claire တို့မှာတောင် ဖော်ပြခြင်းခံရပါတယ်။

 

ဝန်ဆောင်မှုနှစ်များအတွင်း ပင်မင်းကိုလာအပ်ပြီး ဖောက်သည်တွေ မေ့နေတဲ့ အဝတ်အစားတွေနဲ့ ပြန်လာမရွေးတဲ့ အဝတ်တွေကို ထိုစုံတွဲက မလွှတ်ပစ်ရက်ပဲ သိမ်းထားခဲ့ကြတယ်လို့ ဆိုပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မြေးReef Changက သူတို့စုံတွဲကို ပျင်းနေတဲ့အချိန်တွေလျော့စေဖို့ ၎င်းအဝတ်အစားတွေ ပြန်အသုံးပြုဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။

 

"ကျွန်တော့် အဖိုးနဲ့အဘွားက အမြဲတမ်း လမ်းမပေါ်ကိုပဲ ကြည့်ပြီး ငေးနေကြတယ်။ သူတို့စုံတွဲ ပျင်းနေတဲ့အချိန်တွေကို ပျော်စေမယ့် အလုပ်အသစ် တစ်ခုကို ကျွန်တော်ရှာချင်ခဲ့တယ်။ဒါ့ကြောင့် ဒီအကြံကိုပေးလိုက်တာပါ"လို့ မြေးReef Changက AFP သို့ပြောကြားခဲ့ပါတယ်။

 

၎င်းစုံတွဲက ကင်မရာရှေ့မှာ လုံးဝသဘာဝကျတဲ့ စုံတွဲတစ်တွဲ ဖြစ်ပါတယ်။“ ဒီအဝတ်အစားတွေကို ဒီလိုဇိုင်းဆွဲရတာက ကျွန်တော့်ကို အသက် ၃၀ လောက်ငယ်သွားစေတယ်။ အဘိုးအခု နာမည်ကြီးနေပြီး နုသွားတယ်လို့ထင်ရတယ် လို့ လူအများကပြောကြတယ်” လို့ Chang Wan-jiက ဆိုင်ကို AFPလာရောက်လည်ပတ်စဉ်မှာ ပြောခဲ့ပါတယ်။

 

"ကျွန်မက အသက်ကြီးနေပြီ၊ ဒါပေမယ့်ကျွန်မနှလုံးသားက အိုမင်းခြင်းမရှိပါဘူး။ လှပတဲ့အဝတ်အစားတွေဝတ်ပြီး ပျော်စရာတွေနဲ့ ပျော်သွားချင်တယ်"လို့ Hsu Sho-erကပြောခဲ့ပါတယ်။

 

- ကမ္ဘာအနှံ့ကျော်ကြားမှု -

 

အခြားသူတွေရဲ့ အ၀တ်အထည်ပုံစံတွေကို လိုက်ကြည့်နေစဉ် သူမရဲ့ဗီရိုထဲမှာ မေ့နေတဲ့အဝတ်အစားတွေ များစွာရှိကြောင်း သူမသတိရပြီး ပြန်ရှာခဲ့ပါတယ်။

 

"လွန်ခဲ့တဲ့အနှစ် ၃၀က၀ယ်ခဲ့တဲ့ အ၀တ်အထည်တွေကိုတောင် ကျွန်မ တွေ့ခဲ့ရတယ်။ ဒါပေမဲ့အဲဒါတွေကို ကျွန်မပြန်ဝတ်နိုင်သေးတယ်။ ဒါဟာ ဝမ်းသာစရာကောင်းပါတယ်" လို့ Hsu Sho-erကဆိုပါတယ်။

 

ဒီစုံတွဲရဲ့ Instagramအကောင့်ကတော့ @wantshowasyoung ဖြစ်ပြီး သူတို့ရဲ့ မြေးReefကစီမံ ခန့်ခွဲတာဖြစ်ပါတယ်။

 

ဒီအကောင့်ဟာ ပြည်ပမှာ ပရိသတ်ပေါင်း ၄၀၀၀၀၀ ခန့်နဲ့အတူ စတင်ပျံ့နှံ့လာခဲ့တာဖြစ်ပြီး နိုင်ငံတကာသတင်းမီဒီယာတွေမှာ ချပြခြင်း ခံခဲ့ရပါတယ်။

 

ဒီစုံတွဲရဲ့ကမ္ဘာအနှံ့ကျော်ကြားမှုက မေ့တတ်တဲ့ဖောက်သည်တချို့ကို အဝတ်ဟောင်းတွေ ပြန်လာယူဖို့လှုံ့ဆော်ပေးခဲ့ပြီး အချို့သောဒေသခံပရိသတ်တွေက စတိုးဆိုင်ကို ကြည့်ဖို့ မြို့ကိုလာလည်ကြပါတယ်။

 

ဆိုင်ကို Wan Shoလို့အမည် ပေးထားပြီး တရုတ်နာမည်တွေရဲ့ အလယ် စလုံးဖြစ်ပါတယ်။

 

- အဝတ်အစားကိုပြန်လည်အသုံးပြုပါ -

 

Chang Wan-jiက သူအငြိမ်းစားယူရန် စဉ်းစားခဲ့သော်လည်း စက်တွေကြောင့် ဝန်ဆောင်မှုကို လုပ်အားခနည်းလည်း ဆက်အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

 

"သက်ကြီးရွယ်အိုတွေဟာ ဆက်လှုပ်ရှားပြီး တက်ကြွနေသင့်ပါတယ်။ ဒါမှ ကျွန်တော်တို့က ပိုသန်မာလာမယ်။ ငါ အလုပ်လုပ်နေမယ်၊ ငါအလုပ်များနေရင် ရောဂါတွေဘာတွေ စိတ်ပူစရာမလိုဘူး" လို့ Changက ပြောခဲ့ပါတယ်။

 

၎င်းစုံတွဲက လက်ရှိ အဝတ်အစားတွေထဲကမှ အချို့ကို လွန်ခဲ့သောနှစ်များအတွင်း ပရဟိတလုပ်ငန်းများနှင့်ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို လှူဒါန်းခဲ့ပါတယ်။

 

စုံတွဲက သူတို့ရဲ့ လူမှုမီဒီယာအသစ်ကို "သဘာဝပတ်ဝန်းကျင်ဖက်ရှင်" သဘောတရားကို မြှင့်တင်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

 

"မြန်ဆန်ပြောင်းလဲနေတဲ့ဖက်ရှင်ကို လိုက်ပြီး အဝတ်အစားအသစ်တွေကို ဆက်ဝယ်နေမယ့်အစား လူဟောင်းတွေနဲ့ အ၀တ်တွေကို ပုံစံအသစ်နဲ့ပေါင်းစပ်လိုက်ရင် ဒါကလည်း ဖက်ရှင်လုပ်နိုင်တယ်ဆိုတာကို လူတွေမြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက ကမ္ဘာနဲ့ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေလိမ့်မယ်"လို့ Reef Chang ကပြောကြားခဲ့ပါတယ်။

 

Source:NDTV

Read 820 times
Rate this item
(0 votes)