What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင်အရင်ကလုံး၀မကြားဖူးခဲ့တဲ့ နာမည်အကြီးဆုံး ဖက်ရှင်ဒီဇိုင်နာDOROTHY SHAVERအကြောင်း

သင်အရင်ကလုံး၀မကြားဖူးခဲ့တဲ့ နာမည်အကြီးဆုံး ဖက်ရှင်ဒီဇိုင်နာDOROTHY SHAVERအကြောင်း google

ခေတ်အလယ်ပိုင်းလောက်ကတည်းက အထည်ဖြတ်ခြင်း၊ အထည်ချုပ်ခြင်း၊ ဒီဇိုင်းဆွဲခြင်း စသည့်အလုပ်တို့ကို အမျိုးသားများသာ လုပ်ရတဲ့အလုပ်ဟု ယူဆခဲ့ကြပါတယ်။ အမျိုးသမီးများကတော့ ဒီဇိုင်နာအမျိုးသားများရဲ့ လက်အောက်တွင်သာ အကူအဖြစ်လုပ်ခဲ့ကြရပါတယ်။

 

၁၆၇၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံရှိအထည်ချုပ်အမျိုးသမီးများက  ဖက်ရှင်လုပ်ငန်းတွင် အဝတ်အစားများချုပ်လုပ်ခွင့်အတွက် တန်းတူအခွင့်အရေးရရန် အလုပ်သမား အစည်းအရုံးတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၈ခုနှစ် အစီရင်ခံစာတွင် ဖက်ရှင်brandတွေရဲ့ ၁၄%ဟာ  အမျိုးသမီးများဖြင့် အလုပ်လုပ်နေကြောင်း တွေ့ရပါတယ်။

 

Peabody Essex လို့ခေါ်တဲ့ဖက်ရှင်ပြတိုက်ရဲ့ ပြတိုက်မှူး Petra Slinkard က “ ဖက်ရှင်ဒီဇိုင်းအလုပ်ကို အမျိုးသမီးတွေဘာလို့ စိတ်ဝင်စားကြသလဲဆိုတာကို ကျွန်မစဉ်းစားမိပါတယ်။ သမိုင်းကြောင်းအရတော့ အထည်ချုပ်ခြင်းဟာ အမျိုးသမီးများအတွက် လူမှုရေးအရလက်ခံနိုင်သော အလုပ်အကိုင်တစ်ခုမဟုတ်ခဲ့ပါ။ သို့သော်အမျိုးသမီးလုပ်သားများသည် အန္တရာယ်အရှိဆုံးအလုပ်ကို မကြာခဏလုပ်လေ့ရှိကြပါတယ်။ ပြင်သစ်နိုင်ငံရှိအထည်ချုပ်အမျိုးသမီးများ အလုပ်သမားအစည်းအရုံး တည်ထောင်ပြီး ရာစုနှစ် နှစ်ခုအကြာတွင် နယူးယောက်မြို့ Triangle Shirtwaist Factory မီးလောင်မှုကြောင့် အမျိုးသမီးအလုပ်သမား ၁၄၅ ဦး သေဆုံးခဲ့ပါတယ်။ နောက်ပိုင်းတွင် အထည်ချုပ်လုပ်သား သန်း ၄၀ အနက် ၈၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး ကမ္ဘာပေါ်တွင်လခအနိမ့်ဆုံးလုပ်သားအချို့လည်း ဖြစ်ပါတယ်။ အလုပ်ရှင်တွေက အမျိုးသမီးတွေမှာ ထောက်ပံ့နိုင်တဲ့ခင်ပွန်းတွေရှိတာကြောင့် နည်းနည်းပဲပေးရမယ်လို့ထင်ကြပါတယ်။ ဒါကအမြဲတမ်းအတွက် မမှန်နိုင်ပါဘူး။ ကမ္ဘာပေါ်မှာ single mother တွေလဲရှိပါသေးတယ်" ဟုပြောပြခဲ့သည်။

 

Peabody Essex ပြပွဲတွင် သမိုင်းအားဖြင့် အကြီးအကျယ်လျစ်လျူရှုခံခဲ့ရပြီး မေ့လျော့ခံခဲ့ရသော အမျိုးသမီးများစွာရဲ့ ကြိုးစားမှုလက်ရာများကို ဖက်ရှင်အဖြစ်အသွင်ပြောင်းပြီးပြသခဲ့ပါတယ်။ ဒီနေ့တော့ ထိုအမျိုးသမီးတွေထဲက တစ်ယောက်အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

DOROTHY SHAVER

၁၈၉၃ ခုနှစ်တွင် မွေးဖွားခဲ့သည့် Shaver သည် ဆရာမအဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။ ထို့နောက် နယူးယောက်ရှိ Lord & Taylor ဖက်ရှင်ဆိုင်တွင် လက်ထောက်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ နှစ်များစွာကြာပြီးနောက် သူမသည် သူမရဲ့ကြိုးစားမှုတွေကြောင့် Lord & Taylor ဖက်ရှင်ဆိုင်တွင် အမှုဆောင်ဒါရိုက်တာ ဖြစ်လာခဲ့ပါတယ် ။သူမသည် သူမရဲ့ လက်အောက်ခံ ဝန်ထမ်းများအပေါ်တွင်လည်း စာနာထောက်ထားမှုအပြည့်ဖြင့် စီမံအုပ်ချုပ်ခဲ့ပါတယ်။ ထို့ကြောင့် သူမသည် သမိုင်းတွင် နာမည်ကြီးသော အမှုဆောင်ဒါရိုက်တာအဖြစ် လူသိများပါတယ်။

၁၉၃၀ ခုနှစ်တွင် Shaverသည် သူမရဲ့ ကျော်ကြားမှုကို အသုံးပြု၍ အထည်ချုပ်လုပ်ငန်းတွင် အမျိုးသမီးများအားကူညီသည့် အဖွဲ့အစည်းတစ်ခုကို တည်ထောင်ရန် ပါဝင်ကူညီခဲ့ပါတယ်။ နှစ်နှစ်အကြာတွင် သူမသည် လူသိနည်းသော အမေရိကန်ဒီဇိုင်နာများရဲ့  ဖန်တီးချူပ်လုပ်ထားသော American Look ဖက်ရှင်ဒီဇိုင်းများကို မီးမောင်းထိုးပြခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်တွင် သူမသည် Lord & Taylor ဖက်ရှင်ဆိုင်ရဲ့ presidentဖြစ်လာပြီး ထိုအချိန်ရှိ အမေရိကန်အမျိုးသမီးများထဲတွင် ဝင်ငွေအများဆုံးရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Ref : 5-most-influential-fashion-designers-youve-never

 

 

Read 1109 times
Rate this item
(0 votes)