ခေတ်အလယ်ပိုင်းလောက်ကတည်းက အထည်ဖြတ်ခြင်း၊ အထည်ချုပ်ခြင်း၊ ဒီဇိုင်းဆွဲခြင်း စသည့်အလုပ်တို့ကို အမျိုးသားများသာ လုပ်ရတဲ့အလုပ်ဟု ယူဆခဲ့ကြပါတယ်။ အမျိုးသမီးများကတော့ ဒီဇိုင်နာအမျိုးသားများရဲ့ လက်အောက်တွင်သာ အကူအဖြစ်လုပ်ခဲ့ကြရပါတယ်။
၁၆၇၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံရှိအထည်ချုပ်အမျိုးသမီးများက ဖက်ရှင်လုပ်ငန်းတွင် အဝတ်အစားများချုပ်လုပ်ခွင့်အတွက် တန်းတူအခွင့်အရေးရရန် အလုပ်သမား အစည်းအရုံးတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၈ခုနှစ် အစီရင်ခံစာတွင် ဖက်ရှင်brandတွေရဲ့ ၁၄%ဟာ အမျိုးသမီးများဖြင့် အလုပ်လုပ်နေကြောင်း တွေ့ရပါတယ်။
Peabody Essex လို့ခေါ်တဲ့ဖက်ရှင်ပြတိုက်ရဲ့ ပြတိုက်မှူး Petra Slinkard က “ ဖက်ရှင်ဒီဇိုင်းအလုပ်ကို အမျိုးသမီးတွေဘာလို့ စိတ်ဝင်စားကြသလဲဆိုတာကို ကျွန်မစဉ်းစားမိပါတယ်။ သမိုင်းကြောင်းအရတော့ အထည်ချုပ်ခြင်းဟာ အမျိုးသမီးများအတွက် လူမှုရေးအရလက်ခံနိုင်သော အလုပ်အကိုင်တစ်ခုမဟုတ်ခဲ့ပါ။ သို့သော်အမျိုးသမီးလုပ်သားများသည် အန္တရာယ်အရှိဆုံးအလုပ်ကို မကြာခဏလုပ်လေ့ရှိကြပါတယ်။ ပြင်သစ်နိုင်ငံရှိအထည်ချုပ်အမျိုးသမီးများ အလုပ်သမားအစည်းအရုံး တည်ထောင်ပြီး ရာစုနှစ် နှစ်ခုအကြာတွင် နယူးယောက်မြို့ Triangle Shirtwaist Factory မီးလောင်မှုကြောင့် အမျိုးသမီးအလုပ်သမား ၁၄၅ ဦး သေဆုံးခဲ့ပါတယ်။ နောက်ပိုင်းတွင် အထည်ချုပ်လုပ်သား သန်း ၄၀ အနက် ၈၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး ကမ္ဘာပေါ်တွင်လခအနိမ့်ဆုံးလုပ်သားအချို့လည်း ဖြစ်ပါတယ်။ အလုပ်ရှင်တွေက အမျိုးသမီးတွေမှာ ထောက်ပံ့နိုင်တဲ့ခင်ပွန်းတွေရှိတာကြောင့် နည်းနည်းပဲပေးရမယ်လို့ထင်ကြပါတယ်။ ဒါကအမြဲတမ်းအတွက် မမှန်နိုင်ပါဘူး။ ကမ္ဘာပေါ်မှာ single mother တွေလဲရှိပါသေးတယ်" ဟုပြောပြခဲ့သည်။
Peabody Essex ပြပွဲတွင် သမိုင်းအားဖြင့် အကြီးအကျယ်လျစ်လျူရှုခံခဲ့ရပြီး မေ့လျော့ခံခဲ့ရသော အမျိုးသမီးများစွာရဲ့ ကြိုးစားမှုလက်ရာများကို ဖက်ရှင်အဖြစ်အသွင်ပြောင်းပြီးပြသခဲ့ပါတယ်။ ဒီနေ့တော့ ထိုအမျိုးသမီးတွေထဲက တစ်ယောက်အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
PAULINE TRIGÈRE
၁၉၂၀ခုနှစ်တွင် အမေရိကန်ရဲ့ထူးခြားသော အားကစားဝတ်စုံ ဒီဇိုင်းများကို ဖန်တီးချူပ်လုပ်ပေးနေရတဲ့သူများထဲမှာ လူသိများသော ဒီဇိုင်နာ Claire McCardell နဲ့ Bonnie Cashin တို့အပြင် လူသိနည်းသော ဒီဇိုင်နာTrigèreကလည်း ပါ၀င်ကူညီခဲ့ပါတယ်။ သူမသည် ၁၉၃၇တွင် single motherအဖြစ် ပဲရစ်မြို့မှ နယူးယောက်မြို့သို့ ထွက်ခွာခဲ့ပါတယ်။ ၁၉၄၀ခုနှစ်တွင် သူမသည် နယူးယောက်မြို့ရှိ သူမရဲ့အစ်ကိုနှင့်အတူ အထည်ချုပ်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပါတယ်။
သူမသည် အဝတ်အစားများကို ထူးခြားဆန်းသစ်စွာ ဖန်တီးချုပ်လုပ်တတ်သူလည်း ဖြစ်ပါတယ်။ သူမသည် Jumpsuit ကို အဆင့်မြင့်ပြီး အမြင်ဆန်းသောဒီဇိုင်းဖြင့် ပြောင်းလဲချုပ်လုပ်ခဲ့ပါတယ်။ ထိုဒီဇိုင်းကပဲ သူမကို နာမည်ကြီးအောင်မြင်စေခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် သူမသည် လူမည်းမော်ဒယ်လ်ရဲ့ ပထမဆုံးဒီဇိုင်းဆွဲသူဖြစ်လာခဲ့ပါတယ်။
Ref : most-influential-fashion-designers-youve-never