What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကံတရားက အသိပေးပြောပြတယ်ဆိုတဲ့ ဒီဇိုင်နာအင်ကြင်းစံ

ဖက်ရှင်ဆိုတာ အနုလက်ရာ ပုံပန်းသဏ္ဌာန် တစ်ခုသက်သက်မျှသာ မဟုတ်ဘူးလို့ ကျမ ယုံကြည်တယ်။

စကားတစ်ခွန်းမှ ပြောပြစရာမလိုဘဲ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်တင်ပြတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဖက်ရှင်လောကမှာ ကျင်လည်နေသူတွေကို အင်တာဗျူးရတာ ကျမ နှစ်ခြိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့နှစ် နိုဝင်ဘာလတုန်းက Massif Fashion Week မှာ the Fashion DJ ဆိုတဲ့ brand နဲ့ လုပ်ကိုင်တဲ့ တက်သစ်စ ဖက်ရှင်ဒီဇိုင်နာ အင်ကြင်းစံကို မျက်မြင်ကိုယ်တွေ့ဖြစ်ဖို့ အခွင့်အလမ်းကို ရရှိခဲ့တယ်။ ပထမဆုံး ဖက်ရှင်ရှိုးမှာ သူရဲ့ အိပ်မက်တွေကို သူ့ရဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ဖြန့်ခင်းပြသခဲ့ပါတယ်။

အင်ကြင်းကို ကျမ တွေ့တဲ့ အခိုက်အတန့်မှာ သူက တကယ်ထူးကဲတယ်။ ကိုယ်လုံးကိုယ်ပေါက် သေးသေးသွယ်သွယ် ကျစ်လစ်လှပတဲ့ မိန်းကလေးတစ်ဦးဖြစ်ပြီး အဖြူရောင်၊ ရွှေရောင်နဲ့ အတော်လှပတဲ့ သားမွေးတု ကုတ်အင်္ကျီ ပန်းနုရောင်တို့ကို ၀တ်ထားတယ်။ အင်ကြင်းနဲ့ စကားပြောရတာ အတော်ကောင်းတယ်။
သူက အလုပ်တွေ ရှုပ်နေတယ်။ သူ့ဒီဇိုင်းကို မော်ဒယ်တွေရဲ့ ကိုယ်ပေါ်မှာ fitting လုပ်နေတယ်။ အစစအရာရာ အပြစ်အနာကင်းနေတာ သေချာအောင် လုပ်တယ်။ သူ့မျက်လုံးတွေက အသေးစိတ်အထိ အပြစ်အနာကင်းမကင်း မြင်တယ်။

ဖက်ရှင်ဒီဇိုင်နာ တစ်ဦး ဖြစ်လာဖို့ ဘယ်အရာက စိတ်ကူးစေ့ဆော်ပေးခဲ့သလဲ

ကျမ ဖက်ရှင်ကို ချစ်တယ်။ အဲဒါ ကိုယ့်ကိုယ်ကိုယ် သတိပြုမိခဲ့တာ ကလေးအရွယ်ကတည်းက ဖြစ်ပါတယ်။ ကျမက အမြဲတမ်း တစ်မူထူးခြားချင်တယ်။ ကျမရဲ့ မိသားစုက ဈေးကြီးတာတွေကို ၀ယ်ဖို့ မတတ်နိုင်ပေမဲ့ ကျမ ဘယ်လို ၀တ်ဆင်သလဲဆိုတာကို ကျမ အတော်ဂရုစိုက်တယ်။ ကျမအတွက်နဲ့ တခြားသူတွေအတွက် သူတို့ရဲ့ ပင်ကိုအပေါ် တည်မှီပြီး တစ်မူထူးခြားတာ တစ်ခုခုကို ဖန်တီးဖို့ဆန္ဒ ကျမမှာ အမြဲ ရှိတယ်။

အခု ကျမ ဘ၀မှာ အလွန်အမင်း ကံထူးပါတယ်။ အမေရိကန်ပြည်ထောင်စုကို ရောက်လာဖို့ အခွင့်သာခဲ့တယ်။ အောက်ခြေလူတန်းစား မိသားစုမှာ ကြီးပြင်းခဲ့ရပြီး ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံမှာ နေထိုင်ခဲ့ရပြီး အခု ဒီကို ရောက်လာတာဟာ အကြောင်း ရှိကိုရှိရမယ်လို့ ကျမ သိနေတယ်။ ကျမရဲ့ အမေက သူ တတ်နိုင်တာ မှန်သမျှထက် ပိုပြီး ကျမကို ပေးအပ်ခဲ့တယ်။ ဒီတော့ အခု ကျမ အမေရိကန်ပြည်ထောင်စုမှာ စံစားနေတဲ့ အခွင့်အလမ်းကို ကျမ ရရှိခဲ့တယ်။ အဲဒါကို အကျိုးရှိအောင် လုပ်ဖို့ လိုတယ်ဆိုတာ ကျမ သိတယ်။
ကျမက နည်းနည်း အယူသည်းတဲ့သူတစ်ဦး ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကံတရားက သင့်ကို ပြောပြမယ်။ သင် သိဖို့လိုချိန်မှာ ပြောပြတယ်။ တစ်ရက်မှာ ဆိုရိုးစကားတစ်ခုကို ကျမ တွေ့တယ်။ ယုံကြည်ချက် သံန္နိဋ္ဌာန်ဆိုတာ သင် ကျော်ရမယ့် စည်းတစ်ခု . . .အဲဒါက ဆန္ဒရှိတာနဲ့ လုပ်ကိုင်တာတို့အကြား ခြားနားထားတဲ့စည်းတဲ့။

ကျမ ဘ၀တစ်လျှောက်လို့ ကျမ အိပ်မက်စိတ်ကူးတွေ ရှိတယ်။ ဆန္ဒရှိတာတွေလည်း ရှိတယ်။ အဲဒီတွေ တကယ်ဖြစ်လာချင်တာ အတော်ဆိုးလို့ နာကျင်ရတယ်။ ဒီတော့ အဲဒီ ဆိုရိုးစကားကို ကျမ တွေ့ခဲ့ချိန်မှာ အဲဒါက ကျမကို အလင်းပြတယ်။ ကျမရဲ့ အိပ်မက်တွေရဲ့ နောက်ကို လိုက်ဖို့ ကျမက ဆန္ဒရှိတာကနေ လုပ်ကိုင်တာကို ရောက်သွားအောင် ခြားနားထားတဲ့ စည်းကို ကျမ ဖြတ်ကို ဖြတ်ရမယ်။
အဲဒီ ဆိုရိုးစကားကို တွေ့ပြီးလို့ သိပ်မကြာခင်မှာပဲ ကျမရဲ့ ခင်ပွန်းနဲ့ ကျမတို့က ဗေဒင် အဟော စာရွက်အစလေး ဌာပနာတဲ့ ဗေဒင် ဘီစကစ်ကို တစ်ယောက်တစ်ခုစီ စားကြတယ်။ ရလာတဲ့ အဟောတစ်ခုက အခွင့်အလမ်းက နေ့တိုင်း တံခါးခေါက်နေတယ်။ ဖြေပေးလိုက်ပါတဲ့။ နောက်တစ်ခုက သင့်အနီးမှာ ရှိသူတွေကို စေ့ဆော်ပါတဲ့။
အဲဒီနေ့မှာပဲ Massif Fashion Week မှာ ဓာတ်ပုံဆရာ Kevin Alexander က ကျမကို ကန်ထရိုက် စာချုပ် ချုပ်တယ်။ ဒီဖက်ရှင်ရာသီမှာ ကျမက အပိုင်းတစ်ပိုင်း ပါဝင်ဖို့ ဖြစ်ပါတယ်။ ဒီတော့ ကျမ ခြားနားထားတဲ့ စည်းကို ကျော်ဖြတ်လိုက်တယ်။ ကျမ လုပ်ကိုင်ခဲ့ပါတယ်။
အတိုချုံးပြီးပြောရရင် ကျမရဲ့ အမေက ဘာကြီးဖြစ်နေနေ ဘယ်တော့မှ လက်မလျှော့တဲ့ စိတ်ဓာတ်က ကျမကို စေ့ဆော်ခဲ့တယ်။ အမေရိကန် အိပ်မက်ဆိုတာကို ကျမရဲ့ အိပ်မက် တကယ်ဖြစ်သွားဖို့ လုပ်ဖို့ အချိန်ကျရောက်နေပြီလို့ ကံတရားက ပြောတာ ကျမ သိခဲ့တယ်။

 

အင်ကြင်းစံက ကမ္ဘာ့အထင်ကရ ဖက်ရှင်ပွဲကြီး လေးခုဖြစ်တဲ့ နယူးယောက် လန်ဒန် ပါရီ နဲ့ မီလန် ဖက်ရှင်သီတင်းပတ် ပွဲတော်တွေမှာ ပါဝင်တဲ့ New York Fashion Week 2018 မှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ပြသတဲ့အကြောင်းကို အောက်ပါ ဆောင်းပါးမှာဖတ်ရှုနိုင်ပါတယ်။ ဆောင်းပါအမည်ကို တို့ထိပြီး သွားရောက်ဖတ်ရှုနိုင်ပါတယ်။


နယူးယောက်ဖက်ရှင်ပွဲတော်မှာ ပါဝင်ပြသတဲ့ အင်ကြင်းစံ

 

INGJIN SAN Full Show Spring Summer 2018 |

Massif Fashion Week Denver - Fashion Channel

 

Read 5980 times
Rate this item
(0 votes)