What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ဒီဇိုင်နာ MICHAEL KORS

 သူ့ဝတ်စုံတွေကို မိန်းမသားတွေအတော်လေးဝတ်ချင်ကြပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် သူဖက်ရှင်ကိုမှ ၀တ်ချင်တဲ့ အထဲမှာ အမေရိကန်သမ္မတ အိုဘားမားကတော် မစ်ရှဲအိုဘားမားတောင် ပါဝင်နေတာပါ။ သူကတော့ ဖက်ရှင် ဒီဇိုင်နာ Michael Kors ပါ။

Michael Kors ကို ၁၉၅၉ခု သြဂုတ်လ ၉ ရက်က အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားခဲ့ပါတယ်။ ဂျူးလူ မျိုးနဲ့ စပိန်လူမျိုး သွေးနှောတစ်ဦးဖြစ်ပြီး သူ့ဖခင်ဆွီဒင် လူမျိုး Joan Hamberg က မော်ဒယ်တစ် ဦးဖြစ်ခဲ့ဖူးပါ တယ်။ အင်္ဂလိပ်နာမည်တွေမှာ ဖခင်နာမည်ကို ယူကြရစမြဲပေမယ့် သူ့နာမည်မှာ ဖခင်နာမည်မပါပါဘူး။ အကြောင်းရင်းကတော့ သူ့အသက် ငါးနှစ်အရွယ်မှာ မိခင်ဖြစ်သူက Bill Kors ဆိုသူနဲ့ နောက်အိမ်ထောင်ပြုခဲ့လို့ သူ့နာမည်မှာ ပထွေးနာမည်ပဲ ပါနေခဲ့ခြင်းပါ။

5900cc92e4b0fb02bcc66dbc 960x800

သူ့မှာ ကလေးဘ၀ကတည်းက ထူးခြားတဲ့ပါရ မီရှိတာက တကယ်စိတ်ဝင်စားစရာပါ။ အဲဒါဘာလဲဆို တော့ သူငါးနှစ်အရွယ်မှာ သူ့အမေက နောက်အိမ်ထောင် ပြုခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့အမေအရင်က ၀တ်ခဲ့တဲ့ မင်္ဂလာဝတ်စုံကို ဒုတိယမင်္ဂလာဆောင်မှာ လှပနေစေဖို့ သူ့အသက်အရွယ်လေးနဲ့ ဒီဇိုင်းပြန်တီထွင်ခဲ့ပါ သတဲ့။ ဒီလို ပါရမီကြောင့်ပဲ ဆယ်ကျော်သက်အရွယ်အရောက်မှာ အ၀တ် အစားဒီဇိုင်းတွေကို ကိုယ်တိုင်ဒီဇိုင်း ဆွဲပြီး ရောင်းချနိုင်ခဲ့တာပါ။ ဒါပေမဲ့ သူ့အသက် ၁၄ နှစ် အရွယ်မှာ ဒီအလုပ်တွေကို လုံးဝရပ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါ တယ်။ ဘာလို့လဲဆိုတော့ သူဟာ ဖက်ရှင်ဒီဇိုင်နာလမ်းကြောင်းကြီးပေါ်ကို သွားချင်ခဲ့လို့ပါပဲ။

အခက်အခဲများနှင့် ဒီဇိုင်နာဘဝ

Michael Kors အသက် ၂၁ နှစ်အရွယ် ၁၉၈၁ ခုနှစ်မှာ နယူးယောက်မြို့တော်ကြီးမှာရှိတဲ့ Fashion Institute of Technology မှာ တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ဒီကြားကာလတွေထဲမှာလည်း သူရဲ့ ထူးချွန်ပြောင် မြောက်တဲ့ဖက်ရှင်အရည်အသွေးတွေကြောင့် Bergdorf Good-man တန်ဖိုးမြင့် ဖက်ရှင်တိုက်ကြီးကနေ သူ့လက် ရာတွေကို တောင်းဆိုခဲ့ပါသေးတယ်။၁၉၈၁ ခုနှစ်မှာတော့ သူ့လက်ရာတွေကို Bergdorf Goodman ဖက်ရှင်တိုက်တစ်ခုတည်းတင် မကဘဲ Bloomingdalesç Lord & Taylor ç Neiman Marcus နဲ့ Saks Fifth Avenue တို့မှာပါ မိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘ၀ခရီးလမ်းဆိုတာ ကျရှုံးမှုတွေလည်း အများကြီးရှိနေပြန်လေတော့ သူ့လုပ်ငန်းတွေ ရပ်ပစ်ဖို့အတွက် ၁၉၉၃ မှာ ဖိအားပေးခံလာခဲ့ရပါတယ်။ ဒါ့ကြောင့်ပဲ တခြားဖက်ရှင်တိုက်တွေဆီက လက်တွဲဖြုတ်ခံရပြီး မီးခဲပြာ ဖုံးဘ၀ ရောက်ရှိခဲ့ရပါတယ်။ဒါပေမဲ့ Michael Kors ဟာ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်ခဲ့ပါတယ်။ သူ့ဘ၀ကို လုံးဝအလျှော့ မပေးဘဲ တီထွင်မှုအသစ်နဲ့ တိုက်ပွဲဆင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၉၇ ခုနှစ်မှာ ဈေးနှုန်းသက်သာတဲ့ အမျိုးသမီးရယ်ဒီ မိတ်ဝတ်စုံတွေနဲ့ သူ့နာမည်ကိုဖောက်ခဲ့နိုင်တာမို့ သူ့ဖက်ရှင်နဲ့အဆင်တန်ဆာတွေဟာ ဦးမော့ပြီး အောင်မြင် ကျော်ကြားလာခဲ့ပါတယ်။ ဒါကြောင့် ၂၀၀၂ ခုနှစ်မှာ ယောက်ျား လေးဖက်ရှင်တွေပါ ထုတ်လုပ်နိုင်တဲ့အထိ ဖြစ်လာခဲ့ပါတော့တယ်။

Michael Kors ၏ ဖက်ရှင်ထုတ်ကုန်များ

Michael Kors ရဲ့ ဖက်ရှင်ထုတ်ကုန်တွေက များပြားလာခဲ့သလို သူ့ထုတ်ကုန်တွေရဲ့ ပရိသတ်တွေဟာ လည်း ကမ္ဘာအနှံ့တိုးပွားလာခဲ့ပါတယ်။ Michael Kors ဖက်ရှင်ကနေ အမျိုးသားဝတ်၊ အမျိုးသမီးဝတ်ဖက်ရှင် အမျိုးမျိုးအပြင် လက်ကိုင်အိတ်မျိုးစုံ၊ ဖိနပ်မျိုးစုံနဲ့ လက်ပတ်နာရီတွေကို ဖန်တီးပြီး တစ်ရာသီထုတ်တိုင်း တစ်ခါ အသားတင်အမြတ်အများကြီးရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

michael kors watches mulier store 2

အိုဘားမားကတော်အတွက်ဖက်ရှင်

ကမ္ဘာကျော်ဒီဇိုင်နာတွေချုပ်ပေးရတဲ့သူတွေထဲမှာ နာမည်ကျော်တွေလည်းပါစမြဲပါ။ Michael Kors က တော့ အိုဘားမားကတော် မစ်ရှဲအိုဘားမားရဲ့ အသည်းစွဲ ဒီဇိုင်နာဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲညကစလို့ အိမ်ဖြူ တော်မိန့်ခွန်းတွေ သူ့လှုပ်ရှားမှုတွေမှာ Michael Kors ၀တ်စုံတွေကို ဆင်မြန်းလေ့ရှိပါတယ်။ မစ်ရှဲအိုဘားမားဟာ သမ္မတကတော်ဘ၀ အိမ်ဖြူတော်မှာ ပထမဆုံးတရားဝင်ရိုက်ပြီးတင်တဲ့ဓာတ်ပုံဟာ Michael Kors ရဲ့ ၀တ်စုံနဲ့ ဖြစ်ပါတယ်။

ကြယ်ပွင့်များနှင့် Michael Kors

ကမ္ဘာကျော် အနုပညာရှင်တွေ၊ ငွေကြယ်ပွင့်တွေကလည်း Michael Kors ၀တ်စုံတွေကို ၀တ်ဆင်လေ့ ရှိကြပါတယ်။ အကယ်မီရယူတဲ့အခါ၊ ကောဇောနီပေါ်လျှောက်လှမ်းတဲ့အခါ သူ့ဝတ်စုံတွေက ခေတ်မီ ဆန်းပြားစေခဲ့ပါတယ်။ Michael Kors ရဲ့ဖက်ရှင်တွေကို ၀တ်ဆင်ကြတဲ့ ကြယ်ပွင့်တွေမှာ ကမ္ဘာ့ထိပ်တန်း သရုပ်ဆောင်တွေ၊ အဆိုတော်တွေဖြစ်ကြတဲ့ ဂျနီဖာလိုပက်ဇ်၊ တေလာဆွစ်ဖ်၊ ဂျနီဖာလောရင့်စ်၊ ကက်သရင်း ဇီတာဂျူန်းစ်၊ ကိတ်ဟတ်ဆွန်တို့အပြင် Oliva Wildeç Dakota Johnsonç Kate Middletonç Lily Aldridgeç Rachel McAdamsç Elisaç Heidi Klum စသူတွေပါ ပါဝင်ကြပါတယ်။

LP HANDBAGS 1

ရရှိခဲ့သောဆုနှင့် ဂုဏ်ထူးတချို့

Michael Kors က ဆုတွေနဲ့ ဂုဏ်ထူးဆောင်အပ်နှင်းမှုတွေကို ကိုယ်တိုင်ရရှိခဲ့တဲ့အပြင် သူကိုယ် တိုင်ကလည်း ၂၀၁၃ ခုနှစ်မှာ အမေရိကန် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Michael Kors Award for Outstanding Community Service ဆုကို ပေးအပ်ပါတယ်။

 တိုင်းမ်မဂ်္ဂဇင်း၏ ကမ်္ဘာ့အလွှမ်းမိုးဆုံးလူ(၁၀၀)စာရင်းဝင် ၂၀၁၃ ခုနှစ်

 Couture Council Award for Artistry ဆုနှင့် ဂုဏ်ထူးဆောင် ၂၀၁၃ ခုနှစ်

 Golden Heart Lifetime Achivement Award ၂၀၁၂ ခုနှစ်
(HIV / AIDS လှုပ်ရှားသောလူမှုရေးအဖွဲ့ကြီးဖြစ်သော God's Love We Deliver အသင်းမှ သူ၏နှစ်(၂၀)ကျော်လုပ်သက်များအပေါ် အခြေ ခံ၍ ဘ၀တစ်သက်တာဆုပေးအပ်သည်။)

 Oliver R. Grace Award ၂၀၁၀ ပြည့်နှစ်
(ကင်ဆာရောဂါသုတေသနတက္ကသိုလ် Cancer Research Institute မှ ပေးအပ်သည်။

 Geoffery Beene Lifetime Achievement Award ၂၀၁၀ပြည့်နှစ် (အမေရိကန် ဖက်ရှင်ဒီဇိုင်နာကောင်စီ CFDA မှ ပေးသော အသက်အငယ်ဆုံး ဘ၀တစ်သက်တာ ဒီဇိုင်နာဆုရှင်)

 FiFi Award for Lifetime Achivement ၂၀၁၀ပြည့်နှစ်
(ရေမွှေးဖောင်ဒေးရှင်းမှပေးသော ဘ၀တစ်သက် တာဆု)

ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာကြီး Michael Kors ဟာ ဖက်ရှင်ဒီဇိုင်းလက်ရာသာမကဘဲ လူမှုရေး အသင်း အဖွဲ့တွေရဲ့ လေးစားမှုတွေပါ ရရှိထားသူတစ်ဦးဖြစ်ပါတယ်။

MMK SP17Hero 725x405. V536736430

source: the chic magazine

Read 1438 times
Rate this item
(0 votes)