What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အာရှမှာ ဖွင့်လှစ်တဲ့ ဖက်ရှင်ကျောင်းခွဲများ

ဖက်ရှင်ပညာရပ်ကို တက္ကသိုလ်အဆင့် ဖက်ရှင်ကျောင်းတော်တွေမှာ လေ့လာသင်ယူတာဟာ

ဖက်ရှင် ပညာသက်သက်မျှကိုသာ သင်ယူကြရတာ မဟုတ်ဘဲ ဖက်ရှင်လုပ်ငန်းနယ်ပယ်ကိုပါ လေ့လာသင်ယူကြရတာ ဖြစ်ပါတယ်။ နည်းပညာပိုင်း တတ်ကျွမ်းမှုတွေ၊ ဖက်ရှင်လုပ်ငန်းနယ်ပယ်အကြောင်း သိရှိနားလည်မှုတွေ၊ သမိုင်းကြောင်းနဲ့ လက်ရှိခေတ်ရဲ့ စီးကြောင်းတွေ၊ ဖက်ရှင်လောကထဲ လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေး လူမှုရေး စတဲ့ ကိစ္စရပ်တွေကိုပါ သင်ယူကြရတယ်။ ဘယ်မှာ ရင်းမြစ်ရယူကြတယ်။ ဘယ်လိုတွေ ထုတ်လုပ်ကြတယ်။ ဘယ်လို ဖြန့်ဖြူးရောင်းချကြတယ် ဆိုတာတွေကို သင်ယူကြရတယ်။

London College of Fashion. ...

Royal College of Art. ...

Istituto Marangoni. ...

Politecnico di Milano. ...

Ecole de la Chambre Syndicale de la Couture Parisienne. ...

ESMOD. ...

Royal Academy of Fine Arts Antwerp, Belgium. …

Bunka Fashion Graduate University Japan

Bunka Fashion College, Japan   . . .

Bunka Gakuen University, Japan . . .

စတာတွေဟာ နိုင်ငံတကာမှာ လူသိများတဲ့ ဖက်ရှင်ကျောင်းတွေ ဖြစ်ပြီး ဂုဏ်ဒြပ်ကြီးမားတယ်။

ဦးဆောင်ဦးရွက် ပြုနေတဲ့ ဖက်ရှင်ကျောင်းတွေဟာ အနောက်နိုင်ငံမှာ တည်ရှိနေပြီး အာရှမှာ ရှားပါးနေတာမို့ အာရှမှ ဖက်ရှင်ဒီဇိုင်းနာလောင်းလျာတွေဟာ မိမိစိတ်အားထက်သန်တဲ့ ဖက်ရှင်ပညာရပ်ကို သင်ယူဖို့ အနောက်နိုင်ငံတွေကို သွားရောက်သင်ယူကြရတယ်။ အခုလို လာရောက်သင်ယူဦးရေက တိုးများလာနေတဲ့အခါ တချို့ဖက်ရှင်ကျောင်းတွေက တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ အပါအ၀င် အာရှနိုင်ငံတွေမှာ ဖက်ရှင်ကျောင်းခွဲတွေ ဖွင့်လှစ်လာကြတာကို တွေ့ရတယ်။

အာရှမှာ စီးပွားရေးအားတောင့်ခြင်းနဲ့ အတိုင်အဖောက်ညီညီ တီထွင်ဖန်တီးမှုမှာ တိုးတက်မှုတွေ ကြီးထွားရင့်သန်လာတယ်။ အရင်က ရေခံမြေခံ မကောင်းလို့ အစွမ်းမပြနိုင်ခဲ့ကြပေမဲ့ အခုတော့ အစွမ်းအစတွေ ပြသဖို့ စီးပွားဝန်းကျင်တွေ ရှိနေပြီ။ ဖက်ရှင်ပညာနဲ့ ဘ၀ကို ရပ်တည်လို့ ရနိုင်တဲ့ အခြေအနေတွေ ရှိနေပြီ။ ဒီတော့ ကမ္ဘာ့ဦးဆောင် ဖက်ရှင်ဒီဇိုင်းကျောင်းတွေမှာ တက်ချင်တဲ့ အာရှကျောင်းသူကျောင်းသားတွေ ဦးရေ တိုးများလာနေတယ်။

တရုတ်နိုင်ငံဟာ အထည်အလိပ် ထုတ်လုပ်မှုမှာ ကမ္ဘာ့ ထိပ်တန်းနိုင်ငံဖြစ်ပြီး အထည်ချုပ်လုပ်ငန်းတွေလည်း များပြားတယ်။ အရေအတွက်ပိုင်းမှာ များပြားသလို အရည်အသွေးပညာပိုင်းအနေဖြင့်လည်း မြင့်တက်ခဲ့တာမို့ လူငယ်ကြယ်ပွင့် ဖန်တီးရှင် ဖက်ရှင်ဒီဇိုင်းနာတွေ ပေါ်ထွက်လာနေတာ မြန်ဆန်နေတယ်။

၂၀၀၀ ပြည့်နှစ်ဝန်းကျင်အထိ အာရှမှ ဖက်ရှင်ပညာသင်လိုသူတွေအဖို့ ရွေးစရာ သိပ်မရှိဘူး။ အနောက်နိုင်ငံကို သွားရောက်ပြီး သင်ယူဖို့ပဲ ရှိတယ်။ တိုကျိုမြို့မှာ ရှိတဲ့  Bunka Fashion College လို ဂုဏ်ဒြပ်ကြီးမားတဲ့ ဖက်ရှင်ကျောင်းမျိုးက အာရှမှာ ရှားပါးတယ်။

ငွေကြေးဓနအင်အား တတ်နိုင်လို့ ဖက်ရှင်ဒီဇိုင်းကျောင်း တက်နိုင်ခဲ့ပြီးရင်လည်း ကမ္ဘာ့ဖက်ရှင်မြို့တော်ကြီး လေးခုဖြစ်တဲ့ နယူးယောက်၊ လန်ဒန်၊ မီလန်နဲ့ ပါရီမြို့တို့မှာ နာမည်ရဖို့၊ ၀င်ငွေကောင်းကောင်းရဖို့ဆိုတာ မဖြစ်နိုင်လောက်တဲ့ မျှော်မှန်းချက် ဖြစ်နေခဲ့တယ်။

ဖက်ရှင်နဲ့ ဖန်တီးမှု သက်မွေးဝမ်းကျောင်းတဲ့အပေါ် သဘောထားအမြင်တွေ တဖြည်းဖြည်း ပြောင်းလဲသွားတယ်။ ငွေကုန်ကြေးကျခံပြီး သင်ထိုက်တဲ့ သက်မွေးပညာရပ်လို့ ရှုမြင်လာကြတယ်။ အနောက်နိုင်ငံတွေမှာ ရှိနေတဲ့ ဖက်ရှင်ကျောင်းတွေမှာ အာရှမှ လာတက်သူဦးရေ စုပြုံရောက်ရှိလာနေတာကို ကြုံရတယ်။ အဲဒါ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ စတင်ခဲ့ပြီး ပြီးခဲ့တဲ့ ငါးနှစ်တာအတွင်းမှာ သိသိသာသာ ပိုများလာတယ်။

 

အီတလီနိုင်ငံ မီလန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ဖက်ရှင်နှင့် ဒီဇိုင်းကျောင်းဖြစ်တဲ့ Istituto Marangoni ရဲ့ ပြင်သစ်နိုင်ငံ ကျောင်းခွဲကို အာရှမှ ဖက်ရှင်ကျောင်း လာတက်သူတွေမှာ ၇၀% နီးပါးဟာ တရုတ်နိုင်ငံမှ ဖြစ်ပြီး ဖက်ရှင်ကျောင်း တက်သူဦးရေ စုစုပေါင်းအရကြည့်ရင် ၇% ရှိတယ်။ တရုတ်နိုင်ငံ ပြီးရင် တောင်ကိုရီးယား၊ အင်ဒိုနီးရှားနဲ့ တိုင်ဝမ်တို့မှ ရောက်လာကြသူတွေ အများဆုံး ဖြစ်ပါတယ်။ အခြားဖက်ရှင်ဒီဇိုင်းကျောင်းတွေမှာလည်း အာရှမှ လာတက်သူတွေ အနည်းနဲ့အများဆိုသလို ရှိနေတယ်။

ဒီတော့ ကျောင်းလာတက်သူတွေရဲ့ မိခင်နိုင်ငံမှာ ကျောင်းခွဲဖွင့်လှစ်ဖို့ ဖက်ရှင်ဒီဇိုင်းကျောင်း အချို့က ဆုံးဖြတ်ပြီး အကောင်အထည်ဖော်ခဲ့ကြတယ်။

 

အီတလီနိုင်ငံ မီလန်မြို့မှ Istituto Marangoni

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ Parsons The New School for Design

အမေရိကန်နိုင်ငံ ဂျော်ဂျီယာမှ Savannah College of Art and Design (Scad)

ပြင်သစ်နိုင်ငံ ပါရီမြို့မှ École Supérieure des Arts et Techniques de la Mode (Esmod)

အပါအ၀င် နာမည်ကြီး ဖက်ရှင်ဒီဇိုင်းကျောင်းတွေက သူတို့ရဲ့ ကျောင်းခွဲကို အာရှမှာ ဖွင့်လှစ်ကြတယ်။

 

Savannah College of Art and Design (Scad) က ဟောင်ကောင်မှာ ၂၀၁၀ ခုနှစ် စက်တင်ဘာလမှာ ကျောင်းခွဲစတင်ဖွင့်လှစ်ခဲ့တယ်။

နယူးယောက်မှ စံပြ ဖက်ရှင်ကျောင်း ဖြစ်တဲ့ Parsons The New School for Design က ၂၀၁၄ ခုနှစ်မှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရဲ့  Shanghai International Fashion Education Centre မှာ ကျောင်းခွဲဖွင့်လှစ်ခဲ့ပါတယ်။

Galileo Global Education group ရဲ့ ကျောထောက်နောက်ခံပေးမှုဖြင့် ရပ်တည်တဲ့  Istituto Marangoni က အာရှမြို့ကြီးတွေမှာ ကျောင်းခွဲတွေ ဖွင်လှစ်ခဲ့တယ်။

၂၀၁၃ ခုနှစ် ရှန်ဟိုင်းမြို့ တရုတ်နိုင်ငံ

၂၀၁၆ ခုနှစ် ရှန်ကျန်းမြို့ တရုတ်နိုင်ငံ

၂၀၁၇ မွန်ဘိုင်းမြို့ အိန္ဒိယနိုင်ငံ

တို့မှာ ကျောင်းခွဲအသီးသီး ဖွင့်လှစ်ခဲ့တယ်။

အဲဒီလို ဖွင့်လှစ်ထားတဲ့ ကျောင်းခွဲတွေမှာ ဖက်ရှင်ပညာ သင်တန်း အမျိုးမျိုးကို ပို့ချပေးတယ်။ ၈ ပတ်ကြာမြင့်တဲ့ သင်တန်းကနေ ၂ နှစ်ထက်ရတဲ့ သင်တန်းအထိ အစားစား ရှိတယ်။ ဖက်ရှင်ပညာနဲ ပတ်သက်တဲ့ ဒီပလိုမာလက်မှတ်၊ ဘွဲ့လက်မှတ် စသဖြင့် လက်မှတ်တစ်ခုခု ရှိဖို့ လာတက်တဲ့ ကျောင်းသူကျောင်းသားမျိုးတွေကို သင်ကြားပေးဖို့ မရည်ရွယ်ဘူး။ ကိုယ့်မှာ ရှိတဲ့ ၀ါသနာ၊ စိတ်ပါဝင်စားမှုတွေနဲ့အတူ တတ်သိထားတာတွေကို ပညာရှင်ပီပီသသ ဖြစ်သွားအောင် သင်ပေးဖို့ကို ရည်ရွယ်ချက် ထားရှိတယ်။

အခုလို ကျောင်းတွေမှာ အာရှ ကျောင်းသူကျောင်းသားတွေက နိုင်ငံတကာ ဖက်ရှင်ပညာရေးကို သင်ယူကြပေမဲ့ သူတို့က နေထိုင်ရာ မိခင်နိုင်ငံမှာဖြစ်ဖြစ် အာရှမှာဖြစ်ဖြစ် လုပ်ကိုင်ဖို့ ရည်ရွယ်ချက် ရှိထားကြတယ်။ကိုယ့်နိုင်ငံမှာ ကိုယ်ပိုင် brand တစ်ခုခု ထူထောင်ချင်ကြတဲ့သူတွေလည်း ပါတယ်။

 

International Fashion Academy (IFA) Paris က တရုတ်နိုင်ငံမှာ ၂၀၀၂ ခုနှစ်မှာ ကျောင်းခွဲစတင်ဖွင့်လှစ်ခဲ့ပြီး သင်ယူမှုလမ်းကြောင်း နှစ်မျိုး ထားပေးတယ်။ တစ်မျိုးက နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့လက်မှတ် ရယူဖို့ ဖြစ်ပါတယ်။ အဲဒီသင်တန်းက ကိုယ့်စားရိတ်နဲ့ကိုယ် တက်ရမှာ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ အစိုးရရဲ့ ရှန်ဟိုင်းတက္ကသိုလ်နဲ့ တွဲဘက်ပြီး ဖွင့်လှစ်တဲ့ ပညာသင်ယူမှု လမ်းကြောင်း ဖြစ်ပါတယ်။ ရှန်ဟိုင်းတက္ကသိုလ်က တစ်ဝက်ပါဝင်ထားပြီး ရမယ့် ဘွဲ့လက်မှတ်က တရုတ်ပြည်တွင်း အသိအမှတ်ပြု ဒီပလိုမာ ဖြစ်ပါတယ်။

 

ဖက်ရှင်နဲ့ ဒီဇိုင်းပညာရေးဈေးကွက်မှာ အပြိုင်အဆိုင်တွေ ရှိနေတာ အမှန်ပါပဲ။ ဖက်ရှင်နဲ့ ဒီဇိုင်းပညာရေးနယ်ပယ်မှာ နာမည်ရ အခြေခိုင်ပြီးသား ပညာသင်ကျောင်းတွေသာမက ဖက်ရှင်ကျောင်းအသစ်တွေကလည်း ငွေဝင်ရှာတာမျိုး ရှိနေပါတယ်။  Condé Nast Centre of Fashion & Design ဟာ လန်ဒန်မြို့မှာ ကျောင်းစထူထောင်ပြီး နှစ်နှစ်သာ ရှိသေးတဲ့အချိန်မှာ တရုတ်နိုင်ငံမှာ ကျောင်းတံခါး ဖွင့်လှစ်ခဲ့ပါတယ်။ ရှန်ဟိုင်းမှာ သင်တန်းကျောင်း ဖွင့်လှစ်ခဲ့ပြီး ပို့ချမှုအမျိုးမျိုးကို စီစဉ်ဆောင်ရွက်ထားပါတယ်။ တစ်ရက်ပဲတက်ရတဲ့ ဟောပြောပို့ချမှုမှ ကိုးလ သင်တန်းအထိ ရှိပါတယ်။ ဖက်ရှင်ဒီဇိုင်းပညာအပြင် ဈေးကွက်တင်ခြင်း၊ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး၊ အမှတ်တံဆိပ်ထူထောင်ခြင်း၊ အွန်လိုင်းမှ စီးပွားရှာခြင်း၊ ဆိုရှယ်မီဒီယာဖြင့် လုပ်ကိုင်ခြင်း၊ ဖက်ရှင်ဆိုင်ရာ ပုံဆွဲပန်းချီပညာ စတာတွေကိုပါ ချဲ့ထွင်သင်ကြားပေးပါတယ်။

အာရှမှ ဖက်ရှင်ကျောင်းတွေလည်း ဖက်ရှင်ဒီဇိုင်းပညာရေး ဈေးကွက်ထဲမှာ ရှိနေပါတယ်။ Raffles Design School ဟာ ၁၉၉၀ ခုနှစ်မှာ စင်ကာပူမှာ၎င်းရဲ့ ပထမဆုံးကောလိပ်ကို ဖွင့်လှစ်ခဲ့တယ်။ အခုဆိုရင် ကမ္ဘောဒီးယားနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၂၂ နိုင်ငံ၊ နေရာ ၂၄ နေရာမှာ ကျောင်းခွဲတွေ ဖွင့်လှစ်ထားတယ်။

ဂျပန်မှ အထင်ကရ Bunka Fashion Graduate University ကလည်း ပြည်ပမှာ ကျောင်းခွဲဖွင့်လှစ်ဖို့ ရှိနေပါတယ်။Bunka Fashion Graduate University  ဟာ ၂၀၁၇ ခုနှစ် Business of Fashion Global Fashion School Rankings မှာ Top10 စာရင်းထဲကို စပါလာခဲ့ပြီး နံပါတ် ၆ နေရာကို ရရှိထားပါတယ်။

 

Business of Fashion Global Fashion School Rankings

Graduate Fashion

2017 2016 University                                        Country

Rank      Rank

1 1 Central Saint Martins College of Art and Design   UK

2 3 Institut Français de la Mode                              France

3 2 Royal College of Art                                            UK

4 4 Royal Academy of Fine Arts Antwerp                  Belgium

5 10 Fashion Institute of Technology                 USA

6 NR Bunka Fashion Graduate University                Japan

7 7 Bunka Gakuen University                               Japan

8 5 London College of Fashion UK

9 9 Polimoda Italy

10 6 ESMOD International France

 

ဖက်ရှင်သင်တန်း တစ်နှစ်တက်တာအတွက် ဘွဲ့သင်တန်း၊ မာစတာသင်တန်းတွေရဲ့ သင်တန်းကြေတွေဟာ ဈေးမသက်ပါဘူး။ အကြမ်းအားဖြင့် ပြောပြရရင် Scad Hong Kong မှာ တစ်နှစ်စာ သင်တန်းကြေးက အမေရိကန်ဒေါ်လာ ၃၆,၃၅၀  ကျော်ပါတယ်။ ရှန်ဟိုင်းမြို့မှာ ဖွင့်လှစ်ထားတဲ့ Istituto Marangoni ကျောင်းခွဲမှာ တစ်နှစ်စာ သင်တန်းကြေးက အမေရိကန်ဒေါ်လာ ၁၇,၀၀၀ ကျော်ပါတယ်။ ဒါပေမဲ့ အာရှကျောင်းခွဲတွေဟာ ကာလတိုသင်တန်းတွေကို သက်သာတဲ့ သင်တန်းကြေးဖြင့် ဖွင့်လှစ်ပေးပါတယ်။

တကယ်လို့ အနောက်နိုင်ငံတွေမှာ ဖွင့်လှစ်ထားတဲ့ ဖက်ရှင် ပင်မကျောင်းကို သွားတက်မယ်လိုရင် နှစ်စဉ်သင်တန်းကြေးအပြင် နေထိုင်ဖို့ အခန်းခ၊ စားသောက်စရိတ်တို့ ကုန်ကျမယ့်အပြင် ဗီဇာ အတွက် ကုန်ကျရတာတွေ၊ လေယာဉ်ခရီးစဉ်အတွက် ကုန်ကျရတာတွေ ရှိတာမို့ ကျောင်းခွဲမှာ တက်ရောက်တာထက်  ပိုမိုကုန်ကျမှာ ဖြစ်ပါတယ်။ ဒီတော့ ဈေးကတေ့ များတယ်။ ဒါပေမဲ့ ကျောင်းခွဲက ပိုသက်သာတယ်လို့ မှတ်ချက်ချကြရပါတယ်။

Read 4308 times
Rate this item
(1 Vote)