What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာ DONNA KARANအကြောင်း

ဒီဇိုင်နာ DONNA KARANအကြောင်း google

အမျိုးသမီးဖက်ရှင် ဒီဇိုင်နာကြီးဖြစ်တဲ့ Donna Karan ရဲ့အကြောင်းကို တင်ဆက်ဖို့ရှိပါတယ်။

ဒီဇိုင်နာ DONNA KARAN
...................................
ကမ္ဘာ့ဖက်ရှင်လောကမှာ DKNY ဆိုတဲ့တံဆိပ်က အတော်လေးသြဇာရှိပါ တယ်။ အဲဒီတံဆိပ်က တခြားတော့မဟုတ်ပါဘူး။ Donna Karan ရဲ့ ဖက်ရှင် ထုတ်ကုန်အမည်ပါ။ Donna Karan New York ဆိုပြီး အတိုကောက်အနေနဲ့ DKNY ဆိုတဲ့အမည်ကို တပ်ထားပါတယ်။

Donna Karan ကို (၁၉၄၈)ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ အမည်ရင်းက Donna Ivy Faske ဖြစ်ပါတယ်။ နယူးယောက်သူ Donna Karan က ဂျူးလူမျိုးနွယ် တစ်ယောက်ပါ။ သူ့ကို ဒီဇိုင်နာဖြစ်လာစေတဲ့ အကြောင်းရင်းက အဓိကနှစ်ချက်ရှိပါတယ်။ အဲဒါ ကတော့ သူ့အမေ Helen (Queenie) ဟာ မော်ဒယ်တစ်ယောက်လည်းဖြစ်ခဲ့သလို ဒီဇိုင်နာ Ches­ter Weinberg ရဲ့အရောင်းဆိုင်မှာ အလုပ်လုပ်ခဲ့ သူဖြစ်နေခြင်း ပါ။ နောက်တစ်ချက်ကတော့ သူ့အဖေက အပ်ချုပ်သမားတစ်ယောက်ဖြစ်ပြီး အပ်ချုပ်ပစ္စည်း အတိုအထွာဆိုင်လေးဖွင့်ခဲ့တာပါ။

Donna Karan ကံမကောင်းရှာတဲ့ အချက်ကတော့ သူ့အသက် သုံးနှစ်အရွယ်မှာ ဖခင်ဖြစ်သူဆုံးပါးခဲ့ခြင်းပါပဲ။ ဒါကြောင့် မိခင်ဖြစ် သူကပဲ သူနဲ့ သူရဲ့အစ်မတို့ကို ရုန်းကန်ကျွေး မွေးခဲ့ရတာပါ။ Donna Karan အသက်(၁၈)နှစ် အရွယ် (၁၉၆၆)ခုနှစ်ရောက်တော့ အထက်တန်း ကျောင်းအောင်မြင်ပြီး Parsons School of Design မှာ တက်ရောက်ခဲ့ပါတယ်။

13418854 1183700228339317 1289380017618447773 n

ဒီဇိုင်နာခြေလှမ်း

သူ ကောလိပ်တက်ပြီးနောက် အမေရိကန်ဖက်ရှင်ဒီဇိုင်နာ Anne Klein ဆီမှာ အလုပ်ဝင်ဖြစ်ခဲ့ပါတယ်။ အလုပ် ကြိုးစားရင်း နောက်ဆုံးမှာတော့ Anne Klein ရဲ့ ဒီဇိုင်းအဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ သူများရဲ့အလုပ်မှာ အောက် သက်ကျေကြိုးစားခဲ့တဲ့ Donna Karan ဟာ (၁၉၈၅)ခုနှစ်ရောက်ချိန်မှာ ကိုယ့်ခြေ ထောက်ပေါ်ကိုယ် ရပ်တည်လာနိုင်ခဲ့ပါတယ်။ သူကြိုးစားမှုတွေက အရာထင် တယ်ပြောရပါမယ်။ သူရဲ့ အိပ်မက်အတိုင်း သူကိုယ်ပိုင်ဖက်ရှင်တံဆိပ်ကို စတင်တည်ထောင်နိုင်ခဲ့ပါတော့တယ်။

သူရဲ့ကိုယ်ပိုင်တံဆိပ်ကိုစတင်ပေမယ့်လည်း Anne Klein နဲ့အတူ Assi­s­­tant Designer အဖြစ် လက်တွဲမဖြုတ်ခဲ့ တာကတော့ ကျေးဇူးတရားသိတတ်တာကို ဖော်ညွှန်းတယ်ပြောရပါမယ်။ (၁၉၇၄)ခုနှစ် Anne Klein ကွယ်လွန်ချိန်မှာ Donna Karan တစ်ယောက် Takihyo Corporation of Japan ရဲ့ ပိုင်ရှင်အသစ်နဲ့အတူ လက်တွဲပြီး ဒီဇိုင်နာခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ကိုယ်ရေးကိုယ်တာအရ ကြည့်မယ်ဆိုရင် Donna Karan ဟာ အိမ်ထောင် ရေးကံမကောင်းရှာတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမဲ့ အိမ်ထောင်ရေးကြောင့် စီးပွားရေးနဲ့ဘ၀အောင်မြင်ရေးကို အဆုံး ရှုံးမခံခဲ့ပါဘူး။ ၁၉၈၄ခုနှစ်မှာ Anne Klein ဆီက အလုပ်ရပ်နားဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်မှာတော့ ခေတ်လူများအတွက် ခေတ်ပေါ်ဖက်ရှင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀တ်စုံ တွေဖန်တီးခဲ့ပါတယ်။ Donna Karen ကို နာမည်ကျော်စေတဲ့အချက်တွေထဲမှာ ၀တ်စုံအတွဲအစပ်ကိစ္စလေးလည်းပါ ပါတယ်။ ဘီရိုထဲက အ၀တ်အထည်ခုနစ်မျိုးကို တွဲစပ်တဲ့ဖက်ရှင်ဟာ လူသိများခဲ့ပါတယ်။

13315708 1183700321672641 4866571596281266602 n

DKNY တံဆိပ်အစ

၁၉၈၈ မှာ သူမချစ်စနိုးနာမည်တစ်ခုရခဲ့ပါတယ်။ အဲဒါက The Queen of Seventh Avenue ပါတဲ့။ အဲဒီနောက် သူမချဲ့ထွင်လိုက်တာကတော့ ဈေးကြီးဝတ်စုံတွေထဲက အသက်သာဆုံးမိန်းကလေးဖက်ရှင် Donna Karan New York ပါပဲ။ အဲဒီအချိန်ကနေစပြီး DKNY ဆိုတဲ့ ကမ္ဘာကျော်ဖက်ရှင်တံဆိပ် မြစ်ဖျားခံ လာခဲ့ပါတယ်။ နှစ်နှစ်ကြာတဲ့အခါ Denim-Inspired Collection ဆိုပြီး ဂျင်းတွေစထုတ်ပါတယ်။ Donna Karan ဟာ အမြင်ကျယ်တဲ့အတွက် အမျိုးသမီးဖက်ရှင်တစ်ခုတည်းနဲ့ ရှေ့မဆက်ခဲ့ပါဘူး။ ၁၉၉၂မှာ အမျိုးသားတွေအတွက် DKNY ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။

Donna Karan ဟာ ဒီဇိုင်နာပိုင်းကို ထိထိရောက်ရောက်လုပ်ချင်တဲ့ ဆန္ဒရှိလို့လားတော့မသိပါဘူး။ ၁၉၉၇ ခုနှစ်မှာ အမှုဆောင် အရာရှိချုပ်ရာထူးကနေ ဥက္ကဋ္ဌရာထူးနဲ့ ဒီဇိုင်နာ အဖြစ်ပဲနေရာနှိမ့်ယူခဲ့ပါတယ်။ သူဟာ ၁၉၉၀ ပြည့်နှစ်များဆီက ရေမွှေးထုတ်ခဲ့ဖူးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီရေမွှေးကို ဆက်မထုတ်ဖြစ်ခဲ့တာမို့ ၂၀၀၈ ၊ သြဂုတ်လမှာတော့ သူရဲ့ ရေမွှေးတစ်ခေတ်ကို ပြန်လည်ဖန်တီးခဲ့ ပါတယ်။ DKNY ရေမွှေးပုလင်းအများစုဟာ ပန်းသီးပုံစံလေးတွေနဲ့ ချစ်စဖွယ်ဆန်းသစ်ထားတာပါ။ ရေမွှေးချစ်သူတွေကြားမှာ Be Delicious တို့ Be Desired တို့ပါရင် Donna Karan ထုတ်ထားတဲ့ DKNY ရေမွှေးဆိုတာ တန်းသိကြပါတယ်။

13412892 1183700468339293 8573365808524900101 n


Donna Karan ဟာ ရာထူးနေရာကို မက်တာမဟုတ်ဘဲ ဖက်ရှင်တီထွင်မှုကိုပဲ ၀ါသနာ ထုံတယ်လို့ယူဆရပါတယ်။ ဘာကြောင့်လဲဆို တော့ ၂၀၁၅ ခုနှစ်တုန်းက သူဟာ သူ့ကုမ်္ပဏီရဲ့ ဦးဆောင်သူနေရာကနေ နိမ့်တဲ့ဘက်ကို တဖြည်း ဖြည်းကူးသွားမယ်လို့ ကြေငြာခဲ့လို့ပါ။ သူဟာ ရိုး ရှင်းစွာနေထိုင်လိုသူလို့ သတ်မှတ်လို့ရပါတယ်။ သူရဲ့ အထီးကျန်ကလေးဘ၀ အကြောင်း၊ နှစ် ၄၀ ကျော် ဖက်ရှင်ခရီးအကြောင်း၊ မိခင်ဘ၀ဖြစ်လာခြင်းအကြောင်း၊ အိမ်ထောင်နှစ်ဆက်ကျခဲ့ ရတဲ့ ဘ၀ဇာတ်ကြောင်းတွေကို သူကိုယ်တိုင်ရေးသားထားတဲ့ ၂၀၁၅၊ အောက်တိုဘာ ၁၃ ထုတ် သူ့ဘ၀အတ္တုပ္ပတ္တိ My Journeyစာအုပ် ကိုဖတ်ရင် သူ့ဘ၀ကို ခံစားနားလည်သိရှိမှာ သေချာပါတယ်။

အပ်နှင်းခံရသောဆုများ

Donna Karan ဟာ နာမည်ကြီးတဲ့အလျောက် ရခဲ့တဲ့ဆုတွေကလည်း ထိတ်ထိတ်ကြဲဆုတွေပါ။ အမေ ရိကန်ပြည်ထောင်စုဖက်ရှင်ဒီဇိုင်နာများကောင်စီက ပေးတဲ့အထူးဆုဆိုရင် သုံးနှစ်ဆက်ရရှိထားသလို ဘ၀တစ် သက်တာ ဖက်ရှင်ဒီဇိုင်နာဆုကြီးကိုပါ ရရှိထားပါတယ်။ ဒါကတော့ သူရဲ့ဆုစာရင်းတွေဖြစ်ပါတယ်။

-Coty American Fashion Critics Award (၁၉၇၇၊ ၁၉၈၂)
(ဤဆုကို သူမ၀န်ထမ်းလုပ်ခဲ့သော Anna Klein Fashion အတွက် နှစ်ကြိမ်ရခဲ့သည်။)

-Coty Hall of Fame (၁၉၈၄)

- Menswear Designer of the Year (၁၉၉၂)

-Womenswear Designer of the Year (၁၉၉၀ ၊ ၁၉၉၆)

-Special Awards of Council of Fashion Designers of America (၁၉၈၅ ၊ ၁၉၈၆ ၊ ၁၉၈၇)

-အမေရိကန်ပြည်ထောင်စုဖက်ရှင်ဒီဇိုင်နာများကောင်စီ(CFDA)၏ 
 ဘ၀တစ်သက်တာဖက်ရှင်ဒီဇိုင်နာဆု (၂၀၀၄)

အသက် ၇၀ နီးပါးနေပြီဖြစ်တဲ့ ဖက်ရှင်ဒီဇိုင်နာကြီး Donna Karan က ကမ္ဘာကြီးပေါ်က ဖက်ရှင်ချစ်သူတွေ အတွက် ဖက်ရှင်တွေဖန်တီးခဲ့တာ ဆယ် စုနှစ်လေးခုကျော်ကြာခဲ့ပါပြီ။ သူဟာ ဖက်ရှင်ကိုချစ်ပြီး ရိုးသားကြိုးစားတာမို့ ကမ်္ဘာ့ဖက်ရှင်ချစ်သူတွေက သူရဲ့ ဖန်တီးမှုတွေကို ယနေ့တိုင် နှစ်သက်ကြဆဲပါ။

source:the chic magazine

Read 2544 times
Rate this item
(0 votes)