What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ဒီဇိုင်နာ ရေရှည်ရှင်သန်ရေး လမ်းပြ မိတ်ဆက်

ဖက်ရှင်ကို စိတ်ဝင်စားတယ်။ ၀ါသနာလည်း ပါတယ်။ ဖက်ရှင်ဒီဇိုင်နာ တစ်ဦး ဖြစ်ချင်တယ်။ ဖက်ရှင်ဒီဇိုင်နာလုပ်ရင်း တစ်ဖက်တစ်လမ်းမှ ၀င်ငွေ ရှာချင်တယ်။ ဖက်ရှင်ဒီဇိုင်နာအဖြစ် အသက်မွေးချင်တယ်။

သူများဆီမှာ အခစားအဖြစ် လုပ်တာထက် ကိုယ်ပိုင်လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ချင်တယ်။

ဝင်ပြိုင်ပါ
=======
ဒီဇိုင်နာ အသစ်တွေအတွက် ဆုတွေ ချီးမြှင့်တဲ့ အဖွဲ့တွေ၊ ငွေကြေးအကူအညီ၊ ပညာခန်းအကူအညီ ပေးတဲ့ အဖွဲ့တွေ ကမ္ဘာ့ဖက်ရှင်လောကမှာ အခိုင်အမာ ရှိနေကြတယ်။ အခါအခွင့် ကြုံကြိုက်တိုင်း တတ်နိုင်ရင် ၀င်ပြိုင်သင့်တယ်။ ဆုရတာ မရတာ အသာထား ၀င်ပြသင့်တယ်။ အဲဒါဟာလည်း ဆက်လက်ရှင်သန်ရေးအတွက် လုပ်သင့်တဲ့အလုပ်တစ်ခုပဲ။

ကောင်းမှုပြုပါ
========
အ၀တ်အစားတွေ အသင့်ချုပ်ပြီးသားကို ၀တ်ရတာ လူတိုင်း ငြီးငွေ့တယ်။ သူသူကိုယ်ကိုယ် ဆင်တူတွေ ဖြစ်နေတယ်။ ပြီးတော့ ကိုယ့် ကိုယ်ခန္ဓာနဲ့ တိုင်းချုပ်ထားတာ မဟုတ်တော့ ပြန်ပြင်ချုပ်ရတာတွေ ရှိတယ်။ အဲဒီလို ၀ယ်ဝတ်သူတွေဟာ ဖက်ရှင်ဒီဇိုင်နာအသစ်တစ်ယောက်အဖို့ သူတို့ကို ဖြည့်ဆည်းပေးရင်း ၀င်ငွေ ရှာလို့ရတယ်။

ကိုယ်ချုပ်ပေးတဲ့ ဖက်ရှင် ၀ယ်ဝတ်သူက ပွဲတက်ရင်း ၀တ်တယ် ကိုယ့်ကို ကြော်ငြာပေးရာ ရောက်တယ်။ ဘယ်မှာ ချုပ်တာလဲ မေးမြန်းပြီး ကိုယ့်ကို သိသွားမယ်။ အဲဒီလောက်ဆို ကျေနပ်သင့်တယ်။
ဖက်ရှင်ဒီဇိုင်နာ အသစ်တစ်ဦးအဖို့ ရှိုးပွဲမှာ ပါဝင်ခွင့်ရတဲ့အထိ လောလောဆယ်မှာ မျှော်မှန်းပြီး လုပ်ကိုင်ဖို့ မသင့်သေးဘူး။ ပြီးတော့ ဖက်ရှင်ဆိုတာ ကိုယ်ပေါ်မှာ ၀တ်ဆင်ဖို့ ဖန်တီးတာပါ။ ရှိုးပွဲလျှောက်ပြဖို့ မဟုတ်ဘူး။ ၀တ်တဲ့သူ စိတ်ချမ်းသာဖို့ ကောင်းမှု ပြုတာပါ။

ကျွန်းနဲ့ ကိုင်း
=======
ရေရှည် ရပ်တည်ဖို့ဆိုရင် ဖက်ရှင်ဟာ စီးပွားရေးအလုပ်တစ်ခုလို့ ခံယူထားဖို့ လိုတယ်။ အ၀တ်အစားနဲ့ အဆင်တန်ဆာတွေကို ရောင်းချဖို့ ကြိုးပမ်းအားထုတ်တဲ့ စီးပွားရေးအလုပ်လို့ အခြေခံကျကျ ရှုမြင်ထားရမယ်။
ဒီတော့ အပိုင်းကဏ္ဍ နှစ်ခု ပါဝင်နေတယ်။ တစ်ခုက ဖန်တီးခြင်း တစ်ခုက စီးပွားရှာခြင်း။ အဲဒီနှစ်ခုက ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြစ်နေတယ်ဆိုတာ ဘယ်သောအခါမှ မမေ့လိုက်ပါနဲ့။
ဖက်ရှင်တွေချည်း ဖန်တီးတတ်ပြီး ရပ်တည်ဖို့ ၀င်ငွေ မဖန်တီးတတ်ရင် အဓိပ္ပာယ် မရှိဘူးလို့ မှတ်ယူပါ။
ဝင်ငွေရှာနိုင်မှ ဖန်တီးဖို့ တတ်နိုင်မယ်။
ဖန်တီးနိုင်မှ ၀င်ငွေရှာနိုင်မယ်။
လူသစ်တန်းမှာ အစစအရာရာ ပြည့်စုံခြင်းကို မမျှော်လင့်ပါနဲ့ မတောင့်တပါနဲ့
ပြဿနာတွေ ဖြေရှင်းကျော်လွှားရင်း အတွေ့အကြုံတွေ သင်ခန်းစာတွေ ရလာမယ်။
လိုအပ်တာတွေ ကျကျနန အဆင်သင့် မရှိသေးလို့ စုဆောင်းရမယ်။ အတွေ့အကြုံတွေ မရှိသေးလို့ စုဆောင်းရမယ်။
နမူနာ ဖက်ရှင်ပုံစံတွေ အင်တာနက်မှာ လေ့လာလို့ရတယ်။ အဲဒီနမူနာတွေအပေါ်မှာ စိတ်ကူးထုတ်ပြီး ဖက်ရှင်ပုံစံတွေ ထုတ်လုပ်လို့ ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကိုယ်ပိုင်ဟန်ပန်ဆိုတာ ရလာအောင် လုပ်ဖို့ လိုတယ်။

ရင်မောစရာတွေ ရှိနေတယ်
=============
ဘာကို မက်မောလို့ ဖက်ရှင်ဒီဇိုင်နာ လုပ်ချင်ရတာလဲ။ နာမည်ကြီးချင်လို့ဆိုရင် မေ့လိုက်ပါတော့လား။ ဖက်ရှင်လောကမှာ ကြိုးစားဖို့လိုတယ်။ ကျင့်ဝတ်စည်းကမ်းတွေ လိုက်နာဖို့ လိုတယ်။ အောင်မြင်ဖို့အတွက် ဥုံဖွ မန်းလို့ မရဘူး။ အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ဆိုတာလည်း မရှိပါဘူး။ ဇွဲရှိဖို့ လိုတယ်။ ဆန္ဒပြင်းပြဖို့ လိုတယ်။
အမေရိကမှာ ပြောလေ့ပြောထရှိတယ်။ ဖက်ရှင်စီးပွားထဲကို ၀င်လာကြတယ်။ ပထမတစ်နှစ်မှာပဲ တောင့်မခံနိုင်လို့ ဆက်မလုပ်ဖြစ်တော့တာ ထက်ဝက်လောက် ရှိတယ်။ ငါးနှစ်ကြာပြီးချိန်မှာ ၉၅% က ဆက်မလုပ်ဖြစ်တော့ဘူး။ ကျန်တဲ့ ၅%ထဲမှာ နေရာတစ်နေရာ ရသွားတာ ၁% သာသာပဲ ရှိတယ်။ ဒီတော့ ပုံပမာနှိုင်းပြီး ပြောကြတယ်။
‘‘ဟောလီဝုဒ်ကို မင်းသမီးလုပ်ဖို့ လာလိုက်ကြတာ တဖွဲဖွဲ။ အဆုံးသတ်တော့ စားပွဲထိုး ဖြစ်ကုန်ကြတယ်’’ တဲ့။
ဒီတော့ အခြားအလုပ်တစ်လုပ်ကို လုပ်ကိုင်ရင်း ဖက်ရှင်အလုပ်ကို အချိန်ပိုင်းလုပ်သင့်ရင် လုပ်ရမယ်။ ရေရှည်ရှင်သန်နေဖို့ကို အဓိက ထားရမယ်။ စိတ်ကူး မယဉ်ပါနဲ့။ ရိုးရိုးမှန်မှန်တွေးဆပါ။ လက်တွေ့ကျကျ plan ချပါ။

 

အောက်ပါပုံကို တို့ထိပြီး သွားရောက်ဖတ်ရှုနိုင်ပါကြောင်း

ဖက်ရှင်ဒီဇိုင်နာ ရေရှည်ရှင်သန်ရေး လမ်းပြ သက်လုံကောင်းဖို့ လိုမယ်

fg

Read 2144 times
Rate this item
(0 votes)