What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စင်ကာပူမှ သားရေအိတ် ပန်းချီဆရာမ ချီရင်စင်

ဖက်ရှင်နဲ့ စတိုင်လ် လုပ်ကိုင်ကြတာမှာ အလုပ်အပ်သူအကြိုက် တစ်ဦးချင်းအလိုက် လုပ်ကိုင်ပေးတဲ့ ၀န်ဆောင်မှုဟာ နာမည်တစ်လုံး ရသွားရင် အရမ်းဟန်ကျသွားတယ်။ စင်ကာပူမှ နာမည်ကြီး ပန်းချီဆရာမ ချီရင်စင်ဟာ တစ်ချိန်တုန်းက သားရေအိတ်တွေကို အလုပ်အပ်သူ စိတ်တိုင်းကျ ချုပ်လုပ်ပေးခဲ့သူ ဖြစ်ပါတယ်။ နောက်တော့ သားရေအိတ်တွေ ချုပ်တဲ့အပြင် သူချုပ်ပေးတဲ့ သားရေအိတ်ပေါ်မှာ ပုံဆွဲပေးတဲ့ ၀န်ဆောင်မှုကိုပါ လုပ်ကိုင်ခဲ့တယ်။ အခုတော့ သူက သားရေအိတ်မချုပ်တော့ဘူး။ သားရေအိတ်တွေပေါ်မှာ ပန်းချီပုံတွေ ရေးဆွဲပေးတာကိုပဲ လုပ်ကိုင်ပါတယ်။ သူ့ဆီမှာ ပုံဆွဲပေးဖို့ အလုပ်အပ်နှံသူတွေ များပြားလို့ အချိန်တစ်နှစ်စောင့်ရတဲ့အထိ လက်မလည်အောင် ရေးဆွဲပေးနေရသူ ဖြစ်ပါတယ်။ စင်ကာပူနဲ့ ဂျပန် နှစ်နိုင်ငံမှာ တစ်လှည့်စီနေထိုင်တဲ့ ချီရင်စင်ဟာ Goldsmith University of London မှ Masters of Fine Art ကို ဘွဲ့ရထားသူတစ်ဦး ဖြစ်ပါတယ်။

“ကျွန်မ မာစတာဘွဲ့အတွက် ကျောင်းတက်နေတုန်းမှာ အီတလီကို လေ့လာရေးခရီးထွက်ဖို့ ပညာရေးထောက်ပံ့ဆု ရခဲ့တယ်။ အဲဒီမှာ သားရေထည်လုပ်ငန်းတွေ လေ့လာခဲ့တယ်။ ဘွဲ့ပြီးတဲ့အခါ သားရေအိတ်တွေကို အော်ဒါချုပ် လက်ခံပြီး ချုပ်တယ်။ အဲဒီတုန်းက အခုလို တစ်ဦးချင်း အော်ဒါကို လက်ခံပြီး အိတ်ကို ဒီဇိုင်းထုတ် ချုပ်လုပ်ပေးတဲ့သူ အတော်ရှားတယ်။ ကျွန်မက အိတ်တွေကို ချစ်တယ်.။ မြတ်နိုးတယ်။ ဈေးကြီးတဲ့ ပစ္စည်းတွေ ရောင်းချတဲ့ ဖက်ရှင်တိုက်တွေမှာ သားရေအိတ်တွေဟာ အရေးပါတဲ့ ငွေရပေါက်ရလမ်း ဖြစ်ပါတယ်။ ဖက်ရှင်တိုက် ရှေ့ကို ဆက်သွားနိုင်အောင် မောင်းနှင်ပေးနေတဲ့ အင်ဂျင်ပါ။ ဒီတော့ ကျွန်မ အိတ်တွေချုပ်တယ်။ ကျွန်မက တကယ့်အော်ဒါချုပ် ဖြစ်အောင် တစ်ခုခု လုပ်ချင်တယ်။ ဒီတော့ ကျွန်မ ချုပ်ပေးတဲ့ အိတ်တွေပေါ်မှာ ပုံဆွဲပေးမယ်လို့ အလုပ်အပ်တဲ့သူတွေကို ကမ်းလှမ်းတယ်။

bang bang sticker bag min

သားရေထည် အိတ်တွေ အော်ဒါချုပ်တဲ့သူုတွေ ပိုများလာနေတယ်။ ဒါပေမဲ့ သားရေထည်ချုပ်တာကို အလွန်ကျွမ်းကျင်တဲ့သူတွေ ကမ္ဘာတစ်လွှားမှာ အများကြီး ရှိနေတယ်။ ရိုးရိုးသားသား ပြောရရင် သူတို့ရဲ့ စံရည်စံညွှန်းတွေကို မီအောင် ကျွန်မ အတော်ကြိုးစားရလိမ့်မယ်။ ကျွန်မက အကောင်းဆုံးတွေထဲမှ တစ်ယောက် ဖြစ်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒီတော့ သူများတွေနဲ့ မတူအောင် ကျွန်မ လုပ်ကိုင်ဖို့ကို ပိုလိုလားတယ်။ ကျွန်မက တခြားသူတွေ မလုပ်တာမျိုးကို အမြဲလုပ်ချင်နေသူ။ ဒီတော့ သားရေထည်အိတ်တွေပေါ်မှာ ပုံဆွဲတဲ့ဘက်ဆီကို ကူးပြောင်းတယ်။ သားရေအိတ်တွေ မချုပ်တော့ဘဲ သားရေအိတ်ပေါ်မှာ ပုံဆွဲတာကိုပဲ လုပ်တော့တဲ့အဖြစ်ဆီကို ကူးပြောင်းတာ တစ်နှစ်လောက်တော့ အချိန်ကြာခဲ့ပါတယ်။

doramon bag min

အခု ပြန်တွေးကြည့်တဲ့အခါ တကယ်တော့ ကျွန်မက ဆေးခြယ်ပြီး ပုံဆွဲရတာကို သားရေထည်တွေ ချုပ်လုပ်ရတာထက် ပိုမွေ့လျော်တဲ့သူ ဖြစ်နေတယ်။ ဘ၀တစ်သက်တာရဲ့ ထက်ဝက်လောက် အချိန်ကာလတွေမှာ ပန်းချီပညာကို ကျွန်မ သင်ယူခဲ့တာဆိုတော့ ကျွန်မရဲ့ သက်မွေးအလုပ်အဖြစ် အခုလို ပုံဆွဲပြီး ၀င်ငွေရှာလို့ ရတယ်။ ကျွန်မ တကယ်ချစ်တဲ့ အလုပ်နဲ့ အသက်မွေးခွင့်ရတာ ကောင်းချီးပေးခံရတာပါပဲ” ချီရင်စင်က သားရေအိတ်ပန်းချီဆရာမတစ်ဦးအဖြစ် အသက်မွေးဖြစ်ခဲ့ပြီးတဲ့နောက်မှာ အခုလို လမ်းကြောင်းကို ရွေးတဲ့အတွက် နောင်တရမိသလားဆိုတာနဲ့ ပတ်သက်လို့ သူက အခုလို ပြောပြခဲ့ပါတယ်။

girl pic bag min
“ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး။ ကျွန်မက အတော်ရူးသွပ်တဲ့လူသားတစ်ဦးပါ။ အရာတိုင်းဟာ ဖြစ်နိုင်တာချည်းပဲလို့ ကျွန်မ ယုံတယ်။ မဖြစ်နိုင်တာကို ကျွန်မ မြတ်နိုးတယ်။ ဒီလိုအလုပ်နဲ့ အခုလို အသက်မွေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့ ကျွန်မက တစ်ခုခုကို ချစ်မြတ်နိုးမိပြီဆိုရင် အဲဒီဟာကို ကျွန်မရဲ့ စိတ်နှလုံး အကုန်လုံး အပြည့်ထည့်ပြီး လုပ်တယ်။ အဆုံးစွန်အထိ လုပ်တယ်”
သူ့ဆီမှာ ပေးထားတဲ့ အိတ်တွေထဲမှာ ဒေါ်လာ သောင်းချီတန်တဲ့ တန်ဖိုးကြီးမားတဲ့ အိတ်တွေလည်း ပါတယ်။ ဈေးတန်ဘိုးက အရေးမကြီးဘူး။ သူက လက်ရာမြောက်အောင် ရေးဆွဲပေးဖို့ကသာ အဓိက။ သူ ဘာတွေကို ဘယ်လိုဆွဲမလဲဆိုတာကိုလည်း ကြိုတင်အသိပေး ပြောပြထားခြင်း မပြုဘူး။ သူ့ကို ယုံမှ အလုပ်အပ်။
“ကျွန်မဆီ အလုပ်အပ်တဲ့သူတွေက သူတို့ ဘယ်လိုဟာ ရမလဲဆိုတာ ဘယ်တော့မှ ကြိုမသိရဘူး။ သူတို့အဖို့ ကြိုမသိရတဲ့အရာတစ်ခု ဖြစ်နေတယ်။ အံ့အားသင့်စရာ ဖြစ်နေစေတယ်။ ကျွန်မက ပုံကြမ်းဆွဲပြပြီး အသိပေးထားတာမျိုး မလုပ်ဘူး။ စိတ်ကူးတွေက ကျွန်မ ခေါင်းထဲမှာပဲ ရှိတယ်။ ဘယ်လိုဟန်ပန်မျိုး လိုချင်သလဲ သဘောလောက် ပြောပြပေးပြီးရင် ကျန်တာ ကျွန်မဘာသာ စိတ်ကူးပြီး လုပ်ပေးတယ်။ ကျွန်မအပေါ်မှ ယုံကြည်မှု ရှိတယ်။ ကျွန်မမှ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတယ်။ ယုံကြည်မှုနဲ့ လွတ်လပ်မှု နှစ်ခုရှိနေမှ ပိုကောင်းသွားတဲ့ဆီကို ရောက်သွားမယ်။ ကောင်းရုံလောက်နဲ့တင် ကျွန်မ မလုပ်ဘူး။ သူမျှော်လင့်ထားတာထက် ပိုကောင်းအောင် သာနေအောင် ကျွန်မ လုပ်ပေးတယ်။ ကျွန်မ ဦးစားပေးတာ တစ်ခုပဲ ရှိတယ်။ နောက်ဆုံးဘိတ်မှာ ကျွန်မ လက်ရာဟာ ကြည့်လိုက်ရင် ထူးထူးကဲကဲ ကောင်းမွန်နေရမယ်”
အလုပ်အပ်သူတွေက စိတ်ကူးတွေ နမူနာအဖြစ် ပုံတွေပေးရင် တစ်ခါတလေမှာ အလုပ်အပ်တဲ့သူက သူစိတ်ကူးထားတာနဲ့ လာအပ်တယ်။ သူပြောပြတဲ့ စိတ်ကူးတွေ ပုံတွေက သိပ်မကောင်းလှဘူး။ အဓိပ္ပာယ် မအပ်စပ်တာမျိုးလည်း ရှိတယ်။ ဘယ်လိုပုံမျိုး ဆေးခြယ်ပေးပါ ဆိုပြီး ပြောလာတဲ့အခါ အရေးမလုပ်ဘဲ နေတာမျိုး ကျွန်မ ဘယ်တော့မှ မလုပ်ဘူး။ ငြင်းပယ်လိုက်တာမျိုးလည်း မလုပ်ပါဘူး။ ကျွန်မ အလုပ်က သေသေချာချာ နားထောင်ပေးဖို့ ဖြစ်ပါတယ်။ သူပြောပြနေတဲ့ စိတ်ကူးရဲ့ အနှစ်သာရကို သိအောင် လုပ်တယ်။ အလုပ်အပ်သူ ဘာကို စိတ်ဝင်စားနေတာလဲ ဆိုတာ သိအောင် လုပ်တယ်။ အဲဒီအပေါ်မှာ အခြေခံပြီး တစ်ခုခုကို မြတ်နိုးခင်တွယ်ချင်စရာ ဖြစ်အောင်ကျွန်မ ဖန်တီးပါတယ်။ ခေတ်လဲ ဆန်ရမယ်။ လှလည်း လှရမယ်။ အခုလို အနုပညာလက်ရာတွေ ဖန်တီးတာနဲ့ ပတ်သက်လို့ တိုင်းတာတဲ့ပေတံကို ချီရင်စင်က အခုလို ပြောပြခဲ့ပါတယ်။

horse bag min

“ကြိုးစားရုန်းကန်ပြီး ရပ်တည်နေရတဲ့ ပန်းချီသမားဆိုတဲ့ အပြောအဆိုကို ကျွန်မတို့ မကြာခဏ ကြားရတယ်။ တကယ့်အမှန်က နည်းပညာပိုင်းမှာ ဘယ်လိုပဲ တော်နေနေ တတ်နေနေ သူဖန်တီးလိုက်တဲ့ အနုလက်ရာကို မြင်ကြတွေ့ကြဖို့၊ တန်ဖိုးထားဖို့ ဆိုတာဟာ အဲဒီ အနုလက်ရာကို ရောင်းထွက်ဖို့ လိုတယ်။ ရောင်းတန်းဝင် ဖြစ်ဖို့ လိုတယ်။ ပြီးတော့ ပိုင်ရှင်က လူအများ မြင်အောင် ပြသဖို့ လိုတယ်။ အနုလက်ရာဆိုတာ စီးပွားရေးတစ်မျိုးပါပဲ။ ဒီတော့ ပန်းချီဆိုတာကလည်း လက်ရာမြောက်တာအပြင် စီးပွားရေးအရလည်း အောင်မြင်ဖို့ လိုပါတယ်”

milky bag min

လောလောဆယ်မှာ ချီရင်စင်က ဟိုကူစိုင် လှိုင်းလုံးကြီး Hokusai Wave တွေကို သားရေထည် လက်ပွေ့အိတ်တွေပေါ်မှာ ရေးဆွဲနေတယ်။ ဂျပန်မှ သစ်သားပန်းချီ ရေးဆွဲသူ ဟိုကူစိုင်က ပင်လယ်လှိုင်းလုံးကြီးတွေကို ပန်းချီရေးဆွဲခဲ့တယ်။ လှိုင်းကြီးမဟာ Great Wave လို့ ပန်းချီလောကမှ အင်မတန် ကျော်ကြားတယ်။ ဟိုကူစိုင်ရဲ့ အကျော်ကြားဆုံး လှိုင်းလုံးကြီးတွေလည်း ဖြစ်ပါတယ်။ စုစုပေါင်း ၃၆ ပုံ သူရေးဆွဲခဲ့တယ်။ အဲဒီလှိုင်းကြီးမဟာတွေ ရေးဆွဲဟန်ကို အတုယူပြီး ချီရင်စင်က လက်ပွေ့အိတ်တွေပေါ်မှာ ဟိုကူစိုင် လှိုင်းလုံးကြီးတွေ ရေးဆွဲနေတာ ဖြစ်ပါတယ်။ နောင်တစ်ချိန်ကျ သူ့ရဲ့ ပင်ကိုအမှတ်အသားဖြစ်လာဖို့လည်း မျှော်မှန်းထားတယ်။ ချီရင်စင်လို့ ပြောလိုက်ရင် သားရေအိတ်တွေပေါ်မှာ လှိုင်းလုံးကြီးတွေ ရေးတဲ့ ပန်းချီဆရာမ လို့ လူတွေက ပြောကြလိမ့်မယ်။

totoro bag min

အခုလို လှိုင်းလုံးပုံတွေ ရေးဆွဲတာမှာ သူက မူစည်းကမ်းတစ်ခု လက်ကိုင်ထားတယ်။ “ကျွန်မ ရေးဆွဲပေးလိုက်တဲ့ ပုံတစ်ခုကို ဘယ်တော့မှ နောက်တစ်ကြိမ် ထပ်မဆွဲဘူး။ အိတ်တစ်လုံးနဲ့ တစ်လုံး ပုံအတူတူ ဖြစ်နေတာ မရှိစေရဘူး။ အခု လှိုင်းလုံးတွေ ဆွဲဖြစ်တော့လည်း အဲဒီအတိုင်းပဲ။ အတူတူ ဖြစ်နေတာ မရှိစေရဘူး”

wave bag min

Source: CNA Life Style

Read 1930 times
Rate this item
(1 Vote)