What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Zara ထူေထာင္သူ အပုိင္း(၃)

Zawgyi+Unicode  Zara ေအာင္ျမင္မႈအတြက္ အခရာေသာ့ခ်က္တစ္ခုမွာ လက္လီစတုိးဆုိင္ မန္ေနဂ်ာမ်ားက အဆက္မျပတ္ အစီရင္ခံေပးၾကရျခင္း ျဖစ္သည္။

ဆုိင္သုိ႔ ေရာက္လာသည့္သူမ်ားထံမွ ေျပာဆုိေ၀ဖန္သည္တုိ႔ကုိ ႐ုံးခ်ဳပ္ထံသုိ႔ ေန႔စဥ္ သတင္းေပးပုိ႔ၾကရသည္။ ဆုိင္မွ ေရာင္းခ်သည္တုိ႔ကုိလည္း ႐ုံးခ်ဳပ္သုိ႔ ေန႔စဥ္အစီရင္ခံရသည္။ ေရာင္းအားတက္ေနသည့္ ဖက္ရွင္ထည္ကုိ ဆုိင္မ်ားမွာ မျပတ္လပ္ရေအာင္ အခ်ိန္မီ ပုိ႔ေပးသည္။ ထပ္ခ်ဳပ္ဖုိ႔ လုိအပ္ပါက အားခ်င္းခ်ဳပ္လုပ္ၿပီး ထုတ္လုပ္သည္။ ဘာကုိ လူႀကိဳက္အမ်ားဆုံးလဲ၊ ဘာေတြကုိ လူေတြ မႀကိဳက္ဘူးလဲ ဆုိသည္တုိ႔ကုိ ႐ုံးခ်ဳပ္မွ ခ်က္ခ်င္းသိရေအာင္ လုပ္ထားျခင္းျဖစ္ၿပီး ခ်က္ခ်င္းတုံ႔ျပန္ေျဖရွင္းေပးႏုိင္စြမ္း ရွိေအာင္လည္း စီမံေပးထားျခင္း ျဖစ္သည္။

 

Zara ထူေထာင္သူ အပုိင္း(၁) ဖတ္႐ႈရန္လင့္ခ္

Zara ထူေထာင္သူ အပုိင္း(၁) 

 

Zara ထူေထာင္သူ အပုိင္း(၂) ဖတ္႐ႈရန္လင့္ခ္
Zara ထူေထာင္သူ အပုိင္း(၂)

ၾသတီဂါသည္ ယခုထက္ထိ တစ္ေန႔ ကုိးနာရီ အလုပ္လုပ္သူ ျဖစ္သည္။ အကယ္စင္စစ္ သူ၏ ဖက္ရွင္အင္ပါယာႀကီး ဆက္လက္တည္တံ့ တုိးတက္ေနေစဖုိ႔ လုပ္ကိုင္ေနျခင္း ျဖစ္သည္။ သူရွာေဖြထားသည္က သူသုံး၍ မကုန္ႏုိင္ေတာ့ေခ်။ သူ႔မွာ ဇိမ္ခံ ေပ၁၀၀ ရြက္ေလွ ရွိသည္။ ကုိယ္ပုိင္ေလယာဥ္ ရွိသည္။ အိမ္ၿခံေျမမ်ားလည္း အမ်ားအျပား ပုိင္ဆုိင္ထားသည္။ သူ၏ ပထမဇနီး ႐ုိဆာလီယာႏွင့္ ရသည့္ ပထမသမီး ဆႏၵာရာသည္ စပိန္တြင္ အခ်မ္းသာဆုံး အမ်ဳိးသမီးအျဖစ္သုိ႔ ၂၀၁၃ ခုႏွစ္တြင္ ေရာက္ရွိခဲ့ၿပီးၿပီျဖစ္သည္။ သုိ႔ေသာ္ ခပ္လွ်ဳိလွ်ုဳိသာ သူမ ေနထုိင္သည္။

ၾသတီဂါသည္ ပထမဇနီးႏွင့္ ကေလးႏွစ္ေယာက္ ထြန္းကားသည္။ သမီး ဆႏၵာရာ( ယခု ၄၈ ႏွစ္) ႏွင့္ သား မာကုိးစ္ (ယခု ၄၅ႏွစ္)တုိ႔ ျဖစ္သည္။ သားျဖစ္သူ မားကုိ႔စ္သည္ ဦးေႏွာက္ထိခုိက္ၿပီး ေမြးဖြားလာသူ ျဖစ္သျဖင့္ မစြမ္းမသန္ ျဖစ္ေနသည္။ သုိ႔ျဖစ္ရာ ဖခင္၏ အင္ပါယာကုိ အေမြဆက္ခံႏုိင္ျခင္း မရွိေခ်။ ထုိ႔အတြက္ ၾသတီဂါ စိတ္ပ်က္လက္ပ်က္ ျဖစ္ရသည္။ သို႔ျဖစ္ရာ သူက အလုပ္ထဲမွာ စိတ္ကုိ ႏွစ္ျမႇဳပ္ထားလုိက္သည္။
ဇနီးျဖစ္သူ ႐ုိဆာလီယာက တုံ႔ျပန္ပုံ ကြာျခားသည္။ သူမက သူ႔သားကဲ့သုိ႔ ျဖစ္ေနေသာ ဒုကၡသည္မ်ားကုိ ကူညီေစာင့္ေရွာက္သည့္ လူမႈေရးအဖြဲ႕ကုိ ထူေထာင္လုပ္ကုိင္သည္။ ထုိသုိ႔ တစ္လမ္းစီ ျဖစ္ေနၾကစဥ္ ၾသတီဂါက ၀န္ထမ္းအမ်ဳိးသမီးတစ္ဦးျဖစ္သူ ဖလုိရာ ပီရီႏွင့္ ရည္ငံသည္။ ႐ုိဆာလီယာက သိသြားေသာအခါ ဖလုိရာကုိ Zara ဌာနခ်ဳပ္မွ ဖယ္ထုတ္သည္။ မုိင္ ၁၁၀ ေ၀းကြာသည့္ ဗီဂုိၿမိဳ႕ရွိ ဌာနခြဲသုိ႔ ေျပာင္းေရႊ႕လုပ္ကုိင္ေစသည္။ ၾသတီဂါက ဗီဂုိၿမိဳ႕သုိ႔ သြားၿပီး ဖလုိရာႏွင့္ ေတြ႕သည္။
ၾသတီဂါတုိ႔ လင္မယား ကြာရွင္းျပတ္စဲလုိက္ၾကၿပီးေသာအခါ ၾသတီဂါက ဖလုိရာကုိ လက္ထပ္လုိက္ရာ ဖလုိရာသည္ ၾသတီဂါ၏ ဒုတိယေျမာက္ တရား၀င္ဇနီးအျဖစ္သုိ႔ ေရာက္သည္။ ၁၉၈၄ ခုႏွစ္တြင္ သမီး မာတာကုိ ဖြားျမင္သည္။ ၾသတီဂါက မာတာကုိ လြန္စြာခ်စ္ျမတ္ႏုိးသည္။
ဆႏၵာရာသည္ မိခင္ ႐ုိဆာလီယာ ကြယ္လြန္ေသာအခါ မိခင္၏ ပုိင္ဆုိင္မႈကုိ အေမြရသည္။ ထုိအခါ Zara ၏ မိခင္ကုမၸဏီျဖစ္ေသာ Inditex ၏ ရွယ္ယာ ၇ ရာခုိင္ႏႈန္းကိုလည္း လက္၀ယ္ရရွိသည္။ သူမသည္ အလြန္သုိသုိသိပ္သိပ္ ေနထုိင္သူျဖစ္ရာ မိခင္၏ စ်ာပနတြင္ ၿမိဳ႕ခံသတင္းေထာက္တုိ႔က သူမသည္ ၾသတီဂါ၏ သမီးျဖစ္ေၾကာင္း မသိခဲ့ၾကေခ်။

မာတာက ေခတ္ဆန္သည္။ သတင္းဓာတ္ပုံမ်ား မၾကာခဏ ေဖာ္ျပခံရသည္။
မဂၤလာေဆာင္သည့္အခါ နယူးေယာက္ၿမိဳ႕မွ မိတ္ကပ္ျပင္သူ ၂၀ ဦးကုိ စပိန္သုိ႔ ေခၚယူၿပီး အလွျပင္သည္။ သတုိ႔သမီး၀တ္စုံကုိ Zara ၏ ၀တ္စုံ မ၀တ္ဆင္ေခ်။ သူငယ္ခ်င္း ဒီဇုိင္းနာ၏ သတုိ႔သမီး၀တ္စုံကုိသာ ဆင္ျမန္းခဲ့သည္။

hola12

ၾသတီဂါ၏ သမီးႏွစ္ေယာက္တြင္ မည္သူက ဖခင္၏ အေမြကုိ ရမည္ဆုိသည္ကုိ သဲသဲကြဲကြဲ မသိၾကရေသးေခ်။ အေမြရလွ်င္လည္း အစုရွယ္ယာမ်ားကုိ ပုိင္ဆုိင္ခြင့္သာ ရရွိလိမ့္မည္။ Indetex ကုိ စီမံလုပ္ကုိင္ခြင့္ ရခ်င္မွ ရမည္။ ေလာေလာဆယ္တြင္ ၾသတီဂါက သူကုိယ္တုိင္ ႀကီးၾကပ္ေနသည့္အျပင္ ေန႔စဥ္စီမံမႈမ်ားကုိ ေဆးလိပ္လုပ္ငန္း ရွင္ လုပ္ခဲ့ဖူးသူ ပလာလုိအစ္စလာကုိ လြန္ခဲ့သည့္ ႏွစ္အနည္းငယ္က တာ၀န္ေပးထားသည္။

 

Unicode

Zara ထူထောင်သူ အပိုင်း(၃)
===================
Zara အောင်မြင်မှုအတွက် အခရာသော့ချက်တစ်ခုမှာ လက်လီစတိုးဆိုင် မန်နေဂျာများက အဆက်မပြတ် အစီရင်ခံပေးကြရခြင်း ဖြစ်သည်။ ဆိုင်သို့ ရောက်လာသည့်သူများထံမှ ပြောဆေိုဝဖန်သည်တို့ကို ရုံးချုပ်ထံသို့ နေ့စဉ် သတင်းပေးပို့ကြရသည်။ ဆိုင်မှ ရောင်းချသည်တို့ကိုလည်း ရုံးချုပ်သို့ နေ့စဉ်အစီရင်ခံရသည်။ ရောင်းအားတက်နေသည့် ဖက်ရှင်ထည်ကို ဆိုင်များမှာ မပြတ်လပ်ရအောင် အချိန်မီ ပို့ပေးသည်။ ထပ်ချုပ်ဖို့ လိုအပ်ပါက အားချင်းချုပ်လုပ်ပြီး ထုတ်လုပ်သည်။ ဘာကို လူကြိုက်အများဆုံးလဲ၊ ဘာတွေကို လူတွေ မကြိုက်ဘူးလဲ ဆိုသည်တို့ကို ရုံးချုပ်မှ ချက်ချင်းသိရအောင် လုပ်ထားခြင်းဖြစ်ပြီး ချက်ချင်းတုံ့ပြန်ဖြေရှင်းပေးနိုင်စွမ်း ရှိအောင်လည်း စီမံပေးထားခြင်း ဖြစ်သည်။

Zara ထူထောင်သူ အပိုင်း(၁) ဖတ်ရှုရန်လင့်ခ်

Zara ထူထောင်သူ အပိုင်း(၁)

Zara ထူထောင်သူ အပိုင်း(၂) ဖတ်ရှုရန်လင့်ခ်
Zara ထူထောင်သူ အပိုင်း(၂)

သြတီဂါသည် ယခုထက်ထိ တစ်နေ့ ကိုးနာရီ အလုပ်လုပ်သူ ဖြစ်သည်။ အကယ်စင်စစ် သူ၏ ဖက်ရှင်အင်ပါယာကြီး ဆက်လက်တည်တံ့ တိုးတက်နေစေဖို့ လုပ်ကိုင်နခြေင်း ဖြစ်သည်။ သူရှာဖွေထားသည်က သူသုံး၍ မကုန်နိုင်တော့ချေ။ သူ့မှာ ဇိမ်ခံ ပေ၁၀၀ ရွက်လှေ ရှိသည်။ ကိုယ်ပိုင်လေယာဉ် ရှိသည်။ အိမ်ခြံမြေများလည်း အများအပြား ပိုင်ဆိုင်ထားသည်။ သူ၏ ပထမဇနီး ရိုဆာလီယာနှင့် ရသည့် ပထမသမီး ဆန္ဒါရာသည် စပိန်တွင် အချမ်းသာဆုံး အမျိုးသမီးအဖြစ်သို့ ၂၀၁၃ ခုနှစ်တွင် ရောက်ရှိခဲ့ပြီးပြီဖြစ်သည်။ သို့သော် ခပ်လျှိုလျှိုသာ သူမ နေထိုင်သည်။

သြတီဂါသည် ပထမဇနီးနှင့် ကလေးနှစ်ယောက် ထွန်းကားသည်။ သမီး ဆန္ဒါရာ( ယခု ၄၈ နှစ်) နှင့် သား မာကိုးစ် (ယခု ၄၅နှစ်)တို့ ဖြစ်သည်။ သားဖြစ်သူ မားကို့စ်သည် ဦးနှောက်ထိခိုက်ပြီး မွေးဖွားလာသူ ဖြစ်သဖြင့် မစွမ်းမသန် ဖြစ်နေသည်။ သို့ဖြစ်ရာ ဖခင်၏ အင်ပါယာကို အမွေဆက်ခံနိုင်ခြင်း မရှိချေ။ ထို့အတွက် သြတီဂါ စိတ်ပျက်လက်ပျက် ဖြစ်ရသည်။ သို့ဖြစ်ရာ သူက အလုပ်ထဲမှာ စိတ်ကို နှစ်မြှုပ်ထားလိုက်သည်။
ဇနီးဖြစ်သူ ရိုဆာလီယာက တုံ့ပြန်ပုံ ကွာခြားသည်။ သူမက သူ့သားကဲ့သို့ ဖြစ်နေသော

ဒုက္ခသည်များကို ကူညီစောင့်ရှောက်သည့် လူမှုရေးအဖွဲ့ကို ထူထောင်လုပ်ကိုင်သည်။

ထိုသို့ တစ်လမ်းစီ ဖြစ်နကြေစဉ် သြတီဂါက ဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်သူ

ဖလိုရာ ပီရီနှင့် ရည်ငံသည်။ ရိုဆာလီယာက သိသွားသောအခါ

ဖလိုရာကို Zara ဌာနချုပ်မှ ဖယ်ထုတ်သည်။ မိုင် ၁၁၀

ဝး

ကွာသည့်ဗီဂိုမြို့ရှိ ဌာနခွဲသို့ ပြောင်းရွှေ့လုပ်ကိုင်စေသည်။

သြတီဂါက ဗီဂိုမြို့သို့ သွားပြီး ဖလိုရာနှင့် တွေ့သည်။

သြတီဂါတို့ လင်မယား ကွာရှင်းပြတ်စဲလိုက်ကြပြီးသောအခါ သြတီဂါက ဖလိုရာကို လက်ထပ်လိုက်ရာ ဖလိုရာသည် သြတီဂါ၏ ဒုတိယမြောက် တရားဝင်ဇနီးအဖြစ်သို့ ရောက်သည်။ ၁၉၈၄ ခုနှစ်တွင် သမီး မာတာကို ဖွားမြင်သည်။ သြတီဂါက မာတာကို လွန်စွာချစ်မြတ်နိုးသည်။
ဆန္ဒါရာသည် မိခင် ရိုဆာလီယာ ကွယ်လွန်သောအခါ မိခင်၏ ပိုင်ဆိုင်မှုကို အမွေရသည်။ ထိုအခါ Zara၏ မိခင်ကုမ္ပဏီဖြစ်သော Inditex၏ ရှယ်ယာ ၇ ရာခိုင်နှုန်းကိုလည်း လက်ဝယ်ရရှိသည်။ သူမသည် အလွန်သိုသိုသိပ်သိပ် နေထိုင်သူဖြစ်ရာ မိခင်၏ ဈာပနတွင် မြို့ခံသတင်းထောက်တို့က သူမသည် သြတီဂါ၏ သမီးဖြစ်ကြောင်း မသိခဲ့ကြချေ။

မာတာက ခေတ်ဆန်သည်။ သတင်းဓာတ်ပုံများ မကြာခဏ ဖော်ပြခံရသည်။
မင်္ဂလာဆောင်သည့်အခါ နယူးယောက်မြို့မှ မိတ်ကပ်ပြင်သူ ၂၀ ဦးကို စပိန်သို့ ခေါ်ယူပြီး အလှပြင်သည်။ သတို့သမီးဝတ်စုံကို Zara၏ ဝတ်စုံ မဝတ်ဆင်ချေ။ သူငယ်ချင်း ဒီဇိုင်းနာ၏ သတို့သမီးဝတ်စုံကိုသာ ဆင်မြန်းခဲ့သည်။

သြတီဂါ၏ သမီးနှစ်ယောက်တွင် မည်သူက ဖခင်၏ အမွေကို ရမည်ဆိုသည်ကို သဲသဲကွဲကွဲ မသိကြရသေးချေ။ အမွေရလျှင်လည်း အစုရှယ်ယာများကို ပိုင်ဆိုင်ခွင့်သာ ရရှိလိမ့်မည်။ Indetex ကို စီမံလုပ်ကိုင်ခွင့် ရချင်မှ ရမည်။ လောလောဆယ်တွင် သြတီဂါက သူကိုယ်တိုင် ကြီးကြပ်နေသည့်အပြင် နေ့စဉ်စီမံမှုများကို ဆေးလိပ်လုပ်ငန်း ရှင် လုပ်ခဲ့ဖူးသူ ပလာလိုအစ်စလာကို လွန်ခဲ့သည့် နှစ်အနည်းငယ်က တာဝန်ပေးထားသည်။

Read 1009 times
Rate this item
(0 votes)