What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ZARA ပိုင်ရှင် ကမ္ဘာ့အချမ်းသားဆုံးပုဂ္ဂိုလ်အဖြစ်ရောက်ရှိ
Forbes ရဲ့ အချိန်နဲ့ တစ်ပြေးညီ အဆင့်သတ်မှတ်ပေးတဲ့ Forbes’s real-time rankings မှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၀ ရက် မွန်းလွဲပိုင်း ထုတ်ပြချက်မှာ အောတီဂါရဲ့ အသားတင်ပိုင်ဆိုင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၈၅ ဘီလျံ ရှိနေပြီဖြစ်လို့ မိုက်ခရိုဆော့ဖ်ထူထောင်သူ ဘီဂိတ် Bill Gates ထက် အကြမ်းအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ၀န်းကျင် ပိုများတယ်လို့ ဆိုထားပါတယ်။
Amancio Ortega the richest retailer in the world 00007
●Zara
● Pull&Bear
● Massimo Dutti
● Bershka
● Stradivarius
● Oysho
● Zara Home
● Uterqüe
တို့ ဖြစ်ပါတယ်။
Unicode
ဖက်ရှည်ထည်လုပ်ငန်းကြီး ZARA ပိုင်ရှင် စပိန်လူမျိုး အမာစီယို အောတီဂါ Amancio Ortega ဟာ ယခုအခါမှာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးအဖြစ်သို့ ရောက်ရှိနေကြောင်း Forbes ရဲ့ new 2017 Billionaires List မှာ ဖော်ပြထားပါတယ်။
Forbes ရဲ့ အချိန်နဲ့ တစ်ပြေးညီ အဆင့်သတ်မှတ်ပေးတဲ့ Forbes’s real-time rankings မှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၀ ရက် မွန်းလွဲပိုင်း ထုတ်ပြချက်မှာ အောတီဂါရဲ့ အသားတင်ပိုင်ဆိုင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၈၅ ဘီလျံ ရှိနပြေီဖြစ်လို့ မိုက်ခရိုဆော့ဖ်ထူထောင်သူ ဘီဂိတ် Bill Gates ထက် အကြမ်းအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဝန်းကျင် ပိုများတယ်လို့ ဆိုထားပါတယ်။
အောတီဂါ ပိုင်ဆိုင်တဲ့ Inditex ကုမ္ပဏီရဲ့ လက်အောက်မှာ ပါဝင်တဲ့ ZARA အမှတ်တံဆိပ်အပြင် နောက်ထပ် အမှတ်တံဆိပ် ၇ ခုတို့ထံမှ ရရှိတဲ့ အမြတ်ငွေတွေဟာ ကြာက်ခမန်းလိလိ များပြားတာကြောင့် ယခုလို ကမ္ဘာ့အချမ်းသာဆုံးအဖြစ်သို့ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ Inditex ကုမ္ပဏီရဲ့ ဝင်ငွေအများစုကို ZARA ထံမှ ရရှိပါတယ်။
Inditex ကုမ္ပဏီရဲ့ လက်အောက်မှာ ရှိတဲ့ အမည်အမှတ်တံဆိပ်တွေကတော့
Zara
Pull&Bear
Massimo Dutti
Bershka
Stradivarius
Oysho
Zara Home
Uterqüe
တို့ ဖြစ်ပါတယ်။
ယခုအခါ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ အောတီဂါရဲ့ အသားတင် ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၇၄.၁ ဘီလျံရှိပါတယ်။ အမြတေ်ဝစု တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရရှိတာမို့ သူ့ရဲ့ တစ်ရက်ဝင်ငွေဟာ ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁,ဝ၉၅,၈၀ ရှိပါတယ်။ ပျမ်းမျှအားဖြင့် တစ်မိနစ်ကို ၇၆၁ အမေရိကန်ဒေါ်လာ ရှိပါတယ်။
ရထားဝန်ထမ်း ဖခင်နဲ့ အိမ်အကူလုပ်ကိုင်သူ မိခင်တို့မှ အောတီဂါကို မတ်လ ၂၈ ရက် ၁၉၃၆ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်လို့ ယခုဆိုရင် အသက် ၈၁ နှစ် ရှိပါပြီ။ သူ့ရဲ့ သမီးနှစ်ယောက်ဟာ ZARA အင်ပါယာကို အမွေဆက်ခံပြီးတဲ့နောက်မှာ သုူတို့ နှစ်ဦးမှာ ဘယ်သူက ဦးစီးပြီးလုပ်ကိုင်မလဲဆိုတာကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
Read 1255 times
Rate this item
(1 Vote)