What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖန်တီးသူတို့ရဲ့ အကယ်ဒမီဖက်ရှင် ဒီဇိုင်နာ ကေသီ(Elina)

မတ်လ(၂၃)ရက်နေ့ မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲကြီးတွင် ဒီဇိုင်နာကေသီ(Elina)က ဘယ်သူတွေကို ဘယ်လို တွေ ချုပ်လုပ်ပေးမလဲ ။ဒီဇိုင်းတွေကို ဘယ်လို ထွင်မလဲနဲ့ ပတ်သတ်ပြီးမေးမြန်းထားတာက …………..

အမ ဒီနှစ်အကယ်ဒမီအတွက် မေထွဋ်ခေါင်၊ခရစ်စတီးနား၊မြကြာညို၊နောက် ဘောလိဝုဒ်မင်းသမီးလိုင်လာခမ်း ကို လဲချုပ်ပေးမှာပါ။

အနောက်တိုင်းဂါဝန်အချို့ကို instruction ယူပြီး မြန်မာမှုပြန်ပြုထားတဲ့ ဒီဇိုင်းတွေကို ကျောက်တွေ စီးကွင့်တွေနဲ့ အလှဆင် ပြီးချုပ်လုပ်ထားပါတယ်။

လိုင်လာခမ်းကို တော့ အမစီစဉ်ထားတာထက် အမကို သူကဂါဝန်တထည်ချုပ်ခိုင်းတယ်။ အကယ်ဒီပွဲမှာလဲ ၀တ်ဖြစ်ချင်ရင် ၀တ်ဖြစ်မယ်ပြောလို့ အမဂါဝန်တထည်တော့ ချုပ်ထားတယ်။

အမ ဒီတိုင်းပုံမှန်ချုပ်ပေးဖြစ်တာကတော့ မေထွဋ်ခေါင်နဲ့ ခရစ်စစတီးနားပေါ့။ အကယ်ဒမီမှမဟုတ်ဘူး အခြားပွဲတွေလဲ ချုပ်ပေးဖြစ်တယ်။

အကယ်ဒမီပွဲကအကြီးကျယ်ဆုံးပွဲတပွဲဖြစ်တယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေ စိတ်အ၀င်စားဆုံးပွဲတပွဲပေါ့။ ဘာလို့လဲ ဆိုဖက်ရှင်နဲ့ ပတ်သတ်ပြီးအမျိုးသမီးတွေ စိတ်ဝင်စားကြတယ်။ အဲ့ ပွဲမှာ ဘယ်မင်းသမီးလေးက ဘယ်လို လှတာ ဘယ်လို ၀တ်လာတာ ပြီးတော့ ပွဲတက် ပုံစံလေးတွေ အမျိုးသမီးလေးတွေ လိုက်ချုပ်ဝတ်ကြတာလဲ ရှိတယ်။ အဲ့ အတွက် အကယ်ဒမီပွဲကြီးက ဒီဇိုင်နာတွေ အတွက်ဖက်ရှင်မျိုးစုံ ပြသခွင့်ရတဲ့ ပွဲကြီးတပွဲပေါ့။

အမ ကတော့ အကယ်ဒမီဖက်ရှင် ကို ဘယ်လိုတွေဆန်းသစ်မလဲ ဆိုတာထက် အမ လှပခန့်ညာပြီးလိုက်ဖက် အောင်တီထွင်ဖြစ်တယ်။အမ မေထွဋ်ခေါင်ကို ဗေဒါအနုလေးကို ရောင်စုံ ပန်းပွင့်လေးတွေနဲ့ ပုဝါလေးကို လဲ ဆန်းသစ်ပြီးချုပ်ပေးထားတယ်။ ခရစ်စတီနားကို စီးကွင့် တွေကနုတ်တွေနဲ့ နောက်မှီးလေးနဲ့ ဒီဇိုင်းဆင်ပေးထားတယ်။မြကြာညိုကိုတော့ သူကိုစပွန်စာပေးထားတဲ့ ပုလဲနဲ့ စိန်ထည် ကို တထည်လုံးချုပ်ပေးထားတယ်။ လိုင်လာခမ်းဂါဝန်ကတော့ ရွှေနဲ့ အနီရောင်လေး ချုပ်ပေးထားတယ်။

အမျိုးသားဝတ်တွေအတွက်ချုပ်ဖို့ကတော့အမကိုယ်ခုလက်ရှိသင်ကြားနေသေးလို့သင်တန်းလေးသေချာ တွေတက်မြောက်သွားမှအမျိုးသားတွေကိုစပွန်ဆာလဲပေးသွားမယ်။ချုပ်ထည်တွေလဲလက်ခံသွားပါ့မယ်။

အရင်နှစ်က အကယ်ဒမီနဲ့ ဒီနှစ် ဘယ်လိုကွဲခြားသွားလဲဆို အရင်နှစ်က ပေါ်တဲ့ အစတွေ မသုံးတော့ဘူး။ဒီနှစ် အမ hand made တွေကိုဘဲ တထည်လုံးကို ဦးစားပေးချုပ်တယ်။ ဒီနှစ်ကို တော့စီးကွင့်တွေကျောက်တွေကို သုံးပြီးချုပ်လုပ် သွားမယ်။ သိပ်တော့ ထွေထွေထူးထူး ကွဲခြားသွားမှာတော့ မဟုတ်ပါဘူး။မော်ဒယ်နဲ့ လိုက်ဖက်တဲ့ အရောင်ကို ဘဲ အမအဓိကထားစဉ်းစားတယ်။

အမ လေးယောက်လုံးကို စပွန်ဆာပေးထားတာဖြစ်တဲ့ အတွက်လေးထည်လုံးကို အားစိုက်ထားတယ်။ တထည်တထည်ကို ဖီလင်ခြင်းတော့ မတူဘူးပေါ့။အထည်တိုင်းတော့ အားစိုက်ပြီးချုပ်ထားပါတယ်။

 လက်ရှိတွင် ဒီဇိုင်နာ ကေသီ(elina)က အနုပညာရှင် များတွက် ဖက်ရှုင်ဒီဇိုင်းများကို ဖန်တီးချုပ်လုပ်ပေးနေပြီး သင်တန်းများဖွင့် ကာ သင်ကြားပေးနေသာ ဒီဇိုင်နာ တဦး ဖြစ်ပါတယ်။ သူ့အကြောင်း လေးတွေဖတ်ချင်ရင် တော့ ............

http://www.textiledirectory.com.mm/articles/item/690-designer-kay-thi.html

8e7bd2cc5d4f67673f13afdbefce0937 L

 

Read 1435 times
Rate this item
(0 votes)