What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာ Antonia Saint ထုတ်လုပ်လိုက်တဲ့ သက်သောင့်သက်သာ စီးနိုင်မယ့် ဒေါက်ဖိနပ်

ဒေါက်မြင့်ဖိနပ်တွေ စီးတဲ့အခါမှာ စတိုင်ကျပါသော်လည်း သက်တောင့်သက်သာမရှိတာကို မိန်းကလေးတိုင်း သိကြမှာပါနော်။

အဲ့တော့ ဒေါက်မြင့်ကြိုက်တဲ့ ပျိုပျိုမေတွေအတွက် သတင်းကောင်းတစ်ခုပြောချင်ပါတယ်။ ဒေါက်မြင့်ဖိနပ်တွေကို စတိုင်ကျကျနဲ့ သက်တောင့်သက်သာရှိရှိစီးလို့ရပါပီတဲ့နော်။

1
Kickstarter ကနေ နည်းပညာအသစ်နဲ့ ထုတ်လုပ်ထားတဲ့ ဒေါက်မြင့်shoe ဖိနပ်ဟာဆိုရင်တော့ sneakers တွေထက်တောင် ပိုပီးသက်တောင့်သက်သာရှိလို့ လမ်းလျှောက်တိုင်းကို စမတ်ဖြစ်နေဖို့ ကတိပေးထားပါတယ်။
ဒီဖိနပ်ကိုတော့ The Brooklyn Shoe Factory က ထုတ်လုပ်ထားပီးတော့ pre-order လုပ်လို့ရပါပီ။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ငါးသောင်းနီးပါးရှိပါတယ်။ ဈေးအလွန်ကြီးပါတယ်နော်။

2
ဖိနပ်ရဲ့ အတွင်းနံရံပတ်ပတ်လည်ကို နူးညံ့လွန်းတဲ့ Cushion နဲ့ ပြုလုပ်ထားတာဖြစ်လို့ သင်စီးနေကျ sneakers အတွင်း. Cushion ထက်တောင် အိနေမှာပါ။ နောက်တစ်ခုကတော့ နိုင်လွန်ဖွဲ့စည်းပုံနဲ့ သေချာဒီဇိုင်းဆွဲထားတဲ့အတွက် ဒေါက်ကျိုးမှာလဲ လုံးဝစိတ်ပူစရာမလိုဘူး။

5
ဒီဇိုင်နာ Antonia Saint NY ရဲ့ ဒီဒေါက်ဖိနပ်ဟာဆိုရင်တော့ ၁၈ ရက်အတွင်းမှာပဲ $598,820 ထိဈေးနှုန်းရရှိနေပြီဖြစ်ပါတယ်။

 

Source:mingalarbar

Read 1590 times
Rate this item
(2 votes)