What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Knitwear Designer စတီဗင်ဦး အပိုင်း(၅)

ဖက်ရှင်ဒီဇိုင်နာစတီဗင်ဦးက လူလားမြောက်လာတာမှာ ယဉ်ကျေးမှုသုံးမျိုးကို ကြုံတွေ့ခွင့် ရခဲ့တယ်။


မိသားစုရဲ့ တရုတ်ယဉ်ကျေးမှု၊
မြန်မာ ယဉ်ကျေးမှုနဲ့
အမေရိကန် ယဉ်ကျေးမှုတို့ ဖြစ်ပါတယ်။
အဲဒီလို တွေ့ကြုံရတာကြောင့် သူ့အပေါ် ကွဲပြားခြားနားတဲ့ သက်ရောက်မှုတွေ ရှိနေမှာပါ။
သူက သူ့ကိုယ်ကိုသူ အခုလို သုံးသပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ထေရ၀ါဒဗုဒ္ဒဘာသာက သူ့ကို ရည်မွန်တဲ့သူတစ်ဦးဖြစ်ဖို့ အခြေခံဥပဒေသတွေ သင်ပေးခဲ့တယ်၊ ဘ၀အမြင်ကို ရင့်သန်စေတယ်လို့ သူက ယုံကြည်တယ်။
အမေရိက ယဉ်ကျေးမှုက သူ့ကို ကြံဆဖန်တီးစိတ် ရှိသူ ဖြစ်အောင် လုပ်တယ်။ အဲဒါက ဖက်ရှင်ဒီဇိုင်နာတစ်ဦးအတွက် အလွန်အမင်း အရေးပါတယ်။
တရုတ်ဓလေ့ထုံးတမ်းက စီးပွားရေးမှာ ထက်မြအောင် သွေးပေးတယ်။

“ကွာခြားနေတဲ့ မြို့ကြီးတွေမှာ နေထိုင်ရတာ မဆိုးပါဘူး။ ကွာခြားတဲ့သူအမျိုးမျိုးနဲ့ တွေ့ရအောင် လုပ်ပေးတယ်။ သူတို့နဲ့ ဘယ်လို ပြောဆိုဆက်သွယ်မလဲဆိုတာ သင်ယူစေတယ်”

သူ့မိဘတွေက သူ့ရဲ့ မူရင်းမူလဟာ တရုတ်ဆိုတာကို သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းဖြင့် သတိရအောင် လုပ်ပေးကြတယ်။ မိဘတွေက သူ ကလေးအရွယ်မှာ တရုတ်စာ သင်ခိုင်းတယ်။ အမေရိကမှာလည်း တရုတ်စာ ဆက်သင်ရတယ်။ အခုဆိုရင် သူက ဗမာ၊ အင်္ဂလိပ်နဲ့ ပုတုံတရုတ်စကား(ဖူကျင်ပြည်နယ်မှ ဒေသိယစကား)တို့ကို ပြောတတ်သူ ဖြစ်ပါတယ်။ အခု သူက တရုတ်ပြည်မှာ စီးပွားရေးလုပ်တော့ အဆင်ပြေနေစေတယ်။

“ငယ်ငယ်တုန်းက တရုတ်စာ သင်ရတာကို ကျွန်တော် အရမ်းမုန်းတယ်။ ဘာလို့လဲဆိုတော့ အရမ်းခက်တယ်။ ဒါပေမဲ့ မိဘတွေက အတင်းအကျပ် သင်ခိုင်းခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က တရုတ်တွေ မဟုတ်လား။ ကျွန်တော်တို့ ကိုယ့်ဘာသာစကားကို မေ့လို့မဖြစ်ဘူး။ အဲဒါက အမွေအနှစ်”
သူက ဆက်ပြောတယ်။ “ကျွန်တော့ကို အတင်းအကျပ် သင်ခိုင်းခဲ့တာအတွက် ကျွန်တော့မိဘတွေကို ကျွန်တော့စိတ်ထဲ တကယ်ကျေးဇူးတင်တယ်”

ပြီးပါပြီ။

 

အပိုင်း(၁) ဖတ်ရှုရန်

http://www.textiledirectory.com.mm/articles/item/919-steven-oo-one.html

 

knit fashion womens fashion

spinexpo garment in focus Imperfection

steven design

steven design01

Read 7201 times
Rate this item
(2 votes)