What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Knitwear Designer စတီဗင်ဦး အပိုင်း(၁)

ရန်ကုန်မြို့မှာ နေထိုင်တဲ့ တရုတ်မြန်မာ မိသားစုမှာ ပေါက်ဖွားကြီးပြင်းခဲ့သူ စတီဗင်ဦးက အမေရိကမှာ အောင်မြင်ခဲ့ပြီး တရုတ်ပြည်ကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။

သူက ၁၉၉၉ ခုနှစ်မှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားသို့ မိဘများနဲ့အတူ ပြောင်းရွှေ့နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

မိဘတွေက သူတို့ရဲ့ ကလေးသုံးယောက်ကို ပိုကောင်းတဲ့ ပညာရေး အခွင့်အလမ်း ရစေဖို့ ရည်ရွယ်ပြီး ယခုလို အမေရိကသို့ ပြောင်းရွှေ့နေထိုင်တာ ဖြစ်ပါတယ်။

ဆယ်စုနှစ် အတန်ကြာက တရုတ်အများစုဟာ ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ပိုကောင်းတဲ့နေထိုင်မှုဘ၀ ရရှိဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိဖို့အတွက် သွားရောက်နေထိုင်ဖို့ စိတ်ကူး သိပ်မရှိခဲ့ကြဘူး။ အဲဒီအတွက် ကြိုးစားအားထုတ်မှု သိပ်မရှိခဲ့ကြဘူး။ မနည်းမနော ကုန်ကျမယ့် ကုန်ကျစရိတ်ကိုလည်း အကုန်မခံလိုခဲ့ကြဘူး။ ဒါပေမဲ့ သူတို့မှ ပေါက်ဖွားလာတဲ့ မျိုးဆက်သစ်ကတော့ တရုတ်ပြည် တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေး တစ်ဟုန်ထိုး ဖြစ်ထွန်းမှုတို့ကို ကြုံကြရတယ်။ အဲဒီအခါမှာ သူတို့ရဲ့ မိဘတွေ မမက်ဖူးတဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည် ဖော်ကြတယ်။ အဲဒီမှာ ဘီလျံနာတွေ တန်းစီပြီး ပေါ်ထွက်လာခဲ့တယ်။ အခု တတိယမျိုးဆက်မှာတော့ ပြည်ပမှာ လေ့လာဆည်းပူးပြီး တရုတ်ပြည်မှာ ပြန်လည်နေထိုင်ကာ စီးပွားရေး လုပ်ကိုင်ကြသူတွေ များလာတယ်။ အဲဒီအထဲမှာ စတီဗင်ဦးလည်း တစ်ယောက်အပါအ၀င် ဖြစ်ပါတယ်။

 

steven

သူက အသက် ၃၄ နှစ် ရှိပြီ။ စကားပြောရင် ရယ်ရယ်မောမောဖြင့် ပြောလေ့ရှိတယ်။ ‘‘ကျွန်တော့ရဲ့ မျိုးရိုးဗီဇမှာ တရုတ်သွေး ပါနေတယ်။ စီးပွားရှာတတ်တဲ့ ဗီဇ ပါနေတယ်။ အထက်တန်းကျောင်းမှာ ကျွန်တော်ပါတဲ့ အသင်းတွေ ရန်ပုံငွေ တောင့်တင်းသွားအောင် ကျွန်တော် လုပ်ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ရန်ပုံငွေအတွက် ငွေရဖို့ နည်းမျိုးစုံ ကြံဆကြိုးစား လုပ်ကိုင်ပေးခဲ့လို့ ဖြစ်ပါတယ်’’

အခုသူက ဖက်ရှင်ဒီဇိုင်နာဘ၀ကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်နေတယ်။ ဇာထိုးထည် knitwear ကို အဓိကထားပြီး လုပ်တယ်။ ရှန်ဟိုင်းမှာ အခြေချပြီး လုပ်ကိုင်လျက် ရှိတယ်။

သူက အထက်တန်းကျောင်းကို ကယ်လီဖိုးနီးယားမှာ တက်ခဲ့တယ်။ ရတဲ့ဘွဲ့က လုပ်ငန်းအသိုင်းအ၀ိုင်း၏ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာရပ်ဖြစ်ပါတယ်။ နောက်တော့ ဆန်ဖရန်စစ္စကိုမှာ ရှိတဲ့ Academy of Art University မှာ ဇာထည်ဖက်ရှင်ဒီဇိုင်းကို မာစတာဘွဲ့ ရယူခဲ့တယ်။
သူ့ရဲ့ ဖေ့စ်ဘုတ်လိပ်စာက
https://www.facebook.com/stevenoodesign/

 

steven oo

စတီဗင်ဦးက ကျောင်းပြီးသွားတော့ လော့စ်အိန်ဂျယ်လိစ်မှာ အလုပ်လုပ်တယ်။ နောက်တော့ ဖီလာဒဲဗီယားမှာ အလုပ်ရလို့ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ၂၀၁၁ ခုနစ်မှာတော့ Steven Oo အမည်ဖြင့် ကိုယ်ပိုင် brand သုံးစွဲကာ စတင်လုပ်ကိုင်ခဲ့တယ်။ အဲဒါက လက်ရှိအလုပ်ရဲ့ အလုပ်ချိန်ပြင်ပမှာ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းကအကြောင်းတွေ ပြောပြထားတဲ့ အင်တာဗျူးကို အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်

 http://www.textiledirectory.com.mm/articles/item/921-stevenoo-two.html

 

 

Read 1769 times
Rate this item
(0 votes)