What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပရဟိတဒီဇိုင်း သင်တန်း

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် (င/က) ရပ်ကွက် ဓမ္မဝိဟာရပထမံကျော်စာသင်တိုက်နှင့်

ဓမ္မရိပ်သာကျောင်းတိုက် မှ ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှုဖြင့် ဒီဇိုင်းသင်တန်း(ပရဟိတ) တစ်ခု ဖွင့်လှစ်ရန်စီစဉ်လျှက်ကြောင်းသိရပါတယ်။

 

ပရဟိတသင်တန်းဖြစ်၍ သင်တန်းသားများအားလုံး အခကြေးငွေပေးရန်မလိုအပ်ဘဲ သင်ထောက်ကူပစည်းများအားလုံး သင်တန်းတွင် အခမဲ့သုံးစွဲခွင့်ရရှိမှာဖြစ်ပြီးပထမအသုတ် သင်တန်းသားလူဦးရေ(၃၀) ဦး ယာယီသတ်မှတ်ထား၍ လိုအပ်သောပစည်းများ အလှုခံလျှက်ရှကြောင်း ဒီဇိုင်နာ အာကာဟိန်းမှပြောပါတယ်။

ဒီဇိုင်နာအာကာဟိန်းက “ကျွန်တော်တို့ ဒီသင်တန်းက ပရဟိတအနေနဲ့ ဖွင့်လှစ်မှာပါ။အဲ့လိုဖွင့်လှစ်တာဖြစ်တဲ့ အတွက် တပြားမှပေးစရာမလိုပါဘူး။နည်းပညာပိုင်းပို့ချမယ့် ဆရာတွေကလဲ freeလာပို့ချမယ်။ သင်ထောက်ကူပစ္စည်းတွေ လိုအပ်တယ်။ဆရာတော်ရဲ့ သြ၀ါဒကို ခံယူပြီး သင်ကြားပေးသွားမှာပါ။သင်တန်းအကောင်အထည်တွေဖော်နိုင်ဖို့ သင်ထောက်ကူပစ္စည်းတွေလိုအပ်နေတယ်။ ပစ္စည်းတွေက-

1 Pattern စားပွဲအလုံး (30)
2 စက်ချုပ်စက်အလုံး (30)
3 cm ပေတံ၊ပေတံကွေး
4 အလူမီနီယမ်ပေတံ ၊ 12 လက်မပေတံ
5 ပေကြိုး
6 ခဲတံ၊ခဲဖျက်၊စာအုပ်
7 အမှိုက်ပုံး အမှိုက်လှည်းတံမြက်စည်း ဂေါ်ပြား
8 ဘော်ပင်၊ calculator
9 လွန်းအိမ် လွန်းဆံ ဇစ်ပျေက်ဘိ တစ်ခြမ်းဘိနှင့်ဘိအမျိုးမျိုး
10 အပ်ချည် အပ် 
11 ကပ်ကြေး တိတ်ခုံ တိတ်
12 ပိတ်စ
13 သစ်သားကိုက်တံ
14 မှတ်ခဲ ကြိုးဆွဲခဲ
15 ဖြုတ်တံ ညှပ်တံ
16 ပင်အပ်
17 Pattern စက္ကူ
18 မီးပူ မီးပူတိုက်ခုံ
19ဒီဇိုင်နာသုံးပစ္စည်းများ

စတဲ့ ပစ္စည်းများကို အလှုခံနေပါတယ်။အလှုရှင်များဆက်သွယ်ပြီးလှူတန်းလို့ရပါတယ်။ 09420086174
09771174277။သင်ကြားမယ့်ဆရာများလဲလိုအပ်နေပါတယ်။သင်တန်းသားများအတွက် 
ပရဟိတ စိတ်အပြည့်ဖြင့် သင်ကြားရေးဆောင်ရွက်ပေးရန် ဒီဇိုင်နာဆရာ/ဆရာမများ လိုအပ်ပါတယ်။09420086174၊09771174277 သို့ အသေးစိပ်သိရှိလိုပါက အထက်ပါဖုန်းနံပါတ်များသို့ စုံစမ်းဆက်သွယ်မေးမြန်နိုင်ပါသည်ဆရာ/ဆရာမများအားလုံး
ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ပြီး တာဝန်ခွဲဝေပေးသွားမှာပါ။ဒီလိုပရဟိတသင်တန်းက ဒါပထမဆုံး ပါ။သင်တန်းသူတွေကလဲ ရက်မပျက်ဘဲ အသေချာတက်ဖို့ အာမခံရပါလိမ့်မယ်။ တကယ်ကို ၀ါသနာအရင်းခံနဲ့ စိတ်ဝင်စားမှတက်ကြပါ။ရန်ကုန်မြို့တွင်းကနေဘဲ အလှူကိုလှူချင်ကြတယ် ဒါပေမယ့် လာမလှူနိုင်ဘူးဆိုရင်တော့  ကျွန်တော်တို့ကိုယ်တိုင်လာယူပေးပါ့မယ်။တယောက်၁၀၀၀လှူရင်တောင် အယောက်၁၀၀ဆိုမနည်းဘူးလေ အဲ့အတွက် အလှူလေးပါဝင်စေချင်ပါတယ်။ ပရဟိတသင်တန်းဖွင့်ပွဲအားအလှုရှင်များအားလုံးအပါအ၀င် 
သီတင်းမီဒီယာသမားများနိုင်ငံကျော်ရုပ်ရှင်မင်းသားမင်းသမီးများဖြင့် ခန်းခန်းနားနားဖွင့်ပွဲပြုလုပ်ရန် စီစဉ်နေတဲ့အတွက်လူအား ငွေအား ပညာအားဖြင့် ပါဝင်ချင်သော ပရဟိတစိတ်ထက်သန်သော မည်သူမဆို လက်တွဲပါဝင်ကူညီပေးနိုင်ဖို့ နိဗာန်အကျိုးမျှော်၍ နိုးဆော်လိုက်ရပါတယ်ခင်ဗျ။''

Read 1282 times
Rate this item
(1 Vote)