ခေတ်အလယ်ပိုင်းလောက်ကတည်းက အထည်ဖြတ်ခြင်း၊ အထည်ချုပ်ခြင်း၊ ဒီဇိုင်းဆွဲခြင်း စသည့်အလုပ်တို့ကို အမျိုးသားများသာ လုပ်ရတဲ့အလုပ်ဟု ယူဆခဲ့ကြပါတယ်။
အမျိုးသမီးများကတော့ ဒီဇိုင်နာအမျိုးသားများရဲ့ လက်အောက်တွင်သာ အကူအဖြစ်လုပ်ခဲ့ကြရပါတယ်။ ၁၆၇၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံရှိအထည်ချုပ်အမျိုးသမီးများက ဖက်ရှင်လုပ်ငန်းတွင် အဝတ်အစားများချုပ်လုပ်ခွင့်အတွက် တန်းတူအခွင့်အရေးရရန် အလုပ်သမား အစည်းအရုံးတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၈ခုနှစ် အစီရင်ခံစာတွင် ဖက်ရှင်brandတွေရဲ့ ၁၄%ဟာ အမျိုးသမီးများဖြင့် အလုပ်လုပ်နေကြောင်း တွေ့ရပါတယ်။
Peabody Essex လို့ခေါ်တဲ့ဖက်ရှင်ပြတိုက်ရဲ့ ပြတိုက်မှူး Petra Slinkard က “ ဖက်ရှင်ဒီဇိုင်းအလုပ်ကို အမျိုးသမီးတွေဘာလို့ စိတ်ဝင်စားကြသလဲဆိုတာကို ကျွန်မစဉ်းစားမိပါတယ်။ သမိုင်းကြောင်းအရတော့ အထည်ချုပ်ခြင်းဟာ အမျိုးသမီးများအတွက် လူမှုရေးအရလက်ခံနိုင်သော အလုပ်အကိုင်တစ်ခုမဟုတ်ခဲ့ပါ။ သို့သော်အမျိုးသမီးလုပ်သားများသည် အန္တရာယ်အရှိဆုံးအလုပ်ကို မကြာခဏလုပ်လေ့ရှိကြပါတယ်။ ပြင်သစ်နိုင်ငံရှိအထည်ချုပ်အမျိုးသမီးများ အလုပ်သမားအစည်းအရုံး တည်ထောင်ပြီး ရာစုနှစ် နှစ်ခုအကြာတွင် နယူးယောက်မြို့ Triangle Shirtwaist Factory မီးလောင်မှုကြောင့် အမျိုးသမီးအလုပ်သမား ၁၄၅ ဦး သေဆုံးခဲ့ပါတယ်။ နောက်ပိုင်းတွင် အထည်ချုပ်လုပ်သား သန်း ၄၀ အနက် ၈၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး ကမ္ဘာပေါ်တွင်လခအနိမ့်ဆုံးလုပ်သားအချို့လည်း ဖြစ်ပါတယ်။ အလုပ်ရှင်တွေက အမျိုးသမီးတွေမှာ ထောက်ပံ့နိုင်တဲ့ခင်ပွန်းတွေရှိတာကြောင့် နည်းနည်းပဲပေးရမယ်လို့ထင်ကြပါတယ်။ ဒါကအမြဲတမ်းအတွက် မမှန်နိုင်ပါဘူး။ ကမ္ဘာပေါ်မှာ single mother တွေလဲရှိပါသေးတယ်" ဟုပြောပြခဲ့သည်။
Peabody Essex ပြပွဲတွင် သမိုင်းအားဖြင့် အကြီးအကျယ်လျစ်လျူရှုခံခဲ့ရပြီး မေ့လျော့ခံခဲ့ရသော အမျိုးသမီးများစွာရဲ့ ကြိုးစားမှုလက်ရာများကို ဖက်ရှင်အဖြစ်အသွင်ပြောင်းပြီးပြသခဲ့ပါတယ်။ ဒီနေ့တော့ ထိုအမျိုးသမီးတွေထဲက တစ်ယောက်အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
ELIZABETH KECKLEY
၁၈၁၈ ခုနှစ်တွင် Keckley သည် အကြွေးဖြင့်အသိမ်းခံခဲ့ရပြီး လိင်ကျွန်ဘ၀ရောက်ရှိခဲ့ပါတယ်။ သူမ၏ ပိုင်ရှင်မိသားစုဝင်များရဲ့ နှိပ်စက်ညှင်းပန်းခြင်းနှင့် မုဒိမ်းကျင့်ခြင်းများကို ခံခဲ့ရခြင်းကြောင့် ၁၄ နှစ်အရွယ်တွင် ကိုယ်ဝန်ရလာခဲ့ပါတယ်။ သူမအသက်သုံးဆယ်အရွယ်တွင် ထိုနှိပ်စက်ခံရခြင်းမှ လွတ်မြောက်ရန် St. Louisတွင် အထည်ချုပ်သမားအဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။ ထိုအလုပ်မှရသော ပိုက်ဆံနဲ့ အကြွေးဆပ်ပြီး ကျွန်ဘ၀မှ လွတ်မြောက်ခဲ့ပါတယ်။
အဲ့နောက်ပိုင်းမှာတော့ သူမက Washington, D.Cသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ Mary Todd Lincolnသည် သမ္မတ Abraham Lincolnရဲ့ ပထမဇနီးမယားအဖြစ် မြို့တော်သို့ရောက်ရှိလာချိန်တွင် သူမရဲ့ ဘ၀တစ်စစ်ချိုး ပြောင်းလဲသွားခဲ့ပါတယ်။ ထိုအချိန်မှစ၍ Keckley သည် အိမ်ဖြူတော်ရဲ့ ပင်တိုင်ဝတ်စုံချုပ်သူ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းနှစ်များတွင်တော့ Keckley သည် Ohioပြည်နယ်ရှိ Wilberforce တက္ကသိုလ်တွင် ဒီဇိုင်းပညာရပ်ကို တစိုက်မတ်မတ် သင်ယူခဲ့ပါတယ်။
Ref:most-influential-fashion-designers