What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ဒီဇိုင်နာ RALPH LAUREN အကြောင်း

ဖက်ရှင်ဒီဇိုင်နာ RALPH LAUREN  အကြောင်း google

 ဒီဇိုင်နာ Ralph Lauren ရဲ့အကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

မြန်မာပြည်ပရိသတ်တွေကတော့ အ၀တ်အစားနဲ့ပတ်သက်လာရင် ပိုလိုစပို့ရှပ်ဆိုတာ မသိသူရှားပါတယ်။

ဒီဇိုင်နာကြီး Ralph Lauren ဆိုတာကတော့ ပိုလိုစပို့ရှပ်ရဲ့ ဖခင် Ralph Lauren တံဆိပ်ရဲ့ ဖခင်ကြီးပဲ ဖြစ်ပါ တယ်။

ငယ်ဘဝ
Ralph Lauren ကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော်ကြီးမှာ ၁၉၃၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ ငယ်နာမည်ကတော့ Ralph Lifshitz ပါ။ မွေးချင်းလေးယောက်ထဲမှာ အငယ်ဆုံးသားလေးဖြစ်ပါတယ်။

ကျောင်းတက်တော့ DeWitt Clinton High Schooll မှာတက်ရောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်၊ အထက်တန်းအောင်တဲ့အခါမှာ အခုခေတ် Marsha Stern Talmudical အကယ်ဒမီလို့သိကြတဲ့ အရင် MTA ကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။

သူ့ငယ်ဘ၀လေးက ဒီဇိုင်နာပိုးနဲ့ကြီးလာတာတော့ မဟုတ်ပါဘူး။ ဘတ်စကက်ဘောနဲ့ ဘေ့စ်ဘော အားကစားကို တစ်စိုက်မတ်မတ်ဆော့ကစား လာခဲ့ပြီး သူ့ခေတ်သူ့အခါက ချန်ပီယံ Joe DiMaggio လို့ နာမည်ရ အားကစားသမားဖြစ်ချင်ခဲ့တာပါ။

ပြီးတော့ ရည်ရွယ်ချက်က ပြောင်းလာခဲ့ပြန်ပါပြီ။ နောက် တစ်ခါကတော့ ရုပ်ရှင်မင်းသားဖြစ်ချင်ပါသတဲ့။ ဒါ့ကြောင့် သူ့ရဲ့စံပြပုဂ်္ဂိုလ်ထဲမှာ အဆိုတော်မင်းသားကြီးတွေဖြစ်တဲ့ Frank Sinatra တို့ Cary Gant တို့ပါဝင်သလို အမေရိကန်သမ္မတ ကနေဒီလည်း ပါဝင်ခဲ့ပါ တယ်။

ကောလိပ်ကျောင်းတက်တဲ့ အရွယ်မှာတော့ နယူးမြောက်မြို့တော်ရဲ့ တက္ကသီလာ Batuch College မှာ စီးပွားရေးပညာတက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းတက်ပြီး နှစ်နှစ်ကြာတော့ ကျောင်းထွက်ခဲ့ပါတယ်။

21105806 1804704642890256 3367599941616605286 n

အလုပ်အကိုင်

ကျောင်းထွက်ပြီးတော့ စစ်ထဲကိုရောက်သွား ပြန်ပါတယ်။ အမေရိကန်ပြည်ထောင်စုတပ်မတော်မှာ တာဝန်ထမ်းခဲ့ပြီး စစ်တပ်ကထွက်ပြန်ပါတယ်။ ပြီး တော့ အလုပ်အကိုင်အနေနဲ့ လည်စည်းရောင်းတဲ့ ကုမ္ပဏီနဲ့ စာအုပ်အရောင်းဆိုင်တို့မှာ အလုပ်လုပ်ခဲ့ပါတယ်။

လည်စည်း (Necktie) အရောင်းလုပ်ငန်းမှာ လုပ်ကိုင်ရင်း ၁၉၆၆ ခုနှစ်၊ အသက် ၂၆နှစ်အရွယ်မှာ အမေရိကန်မင်းသားကြီးDouglas Fairbanks, Jr ရဲ့ လည်စည်းစည်းဟန်ကိုမြင်ပြီး ဥရောပဟန်လည်စည်း ပုံစံသစ်ထွင်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒါပေမဲ့ သူလုပ် နေတဲ့ကုမ္ပဏီက သူ့ရဲ့အကြံကောင်း၊ ဉာဏ်ကောင်းကို လက်သင့်မခံခဲ့ပါဘူး။ ဒါပေမဲ့ ဒီအကြောင်းတရားကပဲ သူ့ဘ၀ကြီးကို မြှင့်တင်ပေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ Ralph Lauren ရဲ့ ကိုယ်ပိုင်ကုမ္ပဏီထောင်ဖို့ အလုပ်ကထွက်နိုင်ခဲ့လို့ပါပဲ။

ကိုယ်ပိုင်လုပ်ငန်းစတင်

၁၉၆၆ မှာပဲ ကိုယ်ပိုင်ကုမ္ပဏီထောင်နိုင်ခဲ့ပါတယ်။ နယူးယောက်မြို့ တော်မှာ ဆိုင်ပိစိလေးဖွင့်ရင်း သူ့စိတ်ကြိုက်လည်စည်းတွေကို တီထွင်ဆန်း သစ်ပြီး ရောင်းလာခဲ့တာ Neiman Marcus စတိုးဆိုင်ကြီးက အခုပေါင်း ၁၂၀၀ တောင် အားပေးခဲ့ရတဲ့အထိ လက်မလည်အောင်ရောင်းခဲ့ရပါတယ်။၁၉၆၇ ခုနှစ်မှာ သူ့ဘ၀ရဲ့သင်္ကေတ ပိုလို(Polo) လည်စည်းဆိုင်ကြီး အဖြစ် ဖွင့်လှစ်လာနိုင်ခဲ့ပါပြီ။ ပိုလိုဆိုတဲ့တံဆိပ်ဟာ ပိုမိုတရားဝင်ခိုင်မာတဲ့ အဆင့်ရောက်လာခဲ့တယ်။ ၁၉၇၁ ခုနှစ်မှာဆိုရင် ပိုလိုနာမည်နဲ့ဖွင့်ထားတဲ့ လည်စည်းဆိုင်ကနေ ပိုလိုတံဆိပ်ဖက်ရှင်ဆိုင်ကြီးအဖြစ် ကယ်လီဖိုးနီးယား ပြည်နယ်မှာ တိုးချဲ့ဖွင့်လှစ်နိုင်တဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။၁၉၇၀ မှာလည်း အမျိုးသားဝတ်စုံလက်ရာတွေအတွက် Coty Award လို့ခေါ်တဲ့ အမေရိကန်နိုင်ငံဖက်ရှင်ဆုကို အပ်နှင်းခံရတဲ့အတွက် အောင်မြင်မှုတွေ ပိုမိုခိုင်မာလာပါတယ်။ ဒါ့ကြောင့် Ralph Lauren ရဲ့ အမျိုးသားဝတ် ဖက်ရှင်တွေဟာ သပ်ရပ်တိကျတဲ့ဒီဇိုင်နာချုပ်လက်ရာတွေဖြစ်ကြောင်း လူတွေပိုသိလာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အမျိုးသမီးဖက်ရှင်တွေပါ တီထွင်ထုတ်လုပ်ခဲ့ပြန်ပါတယ်။ကျွန်တော်တို့တစ်တွေ နှစ်ခြိုက်ကြရတဲ့ ပိုလိုရဲ့နာမည် ကျော်စပို့ရှပ်ကိုတော့ ၁၉၇၂ မှာ စတင်ရောင်းချခဲ့ပါတယ်။ ဒါနဲ့အတူ အမျိုးသမီးဝတ်စုံအုပ်စုကိုပါ ပူးတွဲထုတ်လုပ်ပြီး အဲဒီဝတ်စုံတွေမှာ အရောင် ၂၄ရောင်ထိထုတ်လုပ်ခဲ့ပြီး ဂန္ထ၀င်တန်းကို ၀င်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ၁၉၇၄မှာ ကျော်ကြားခဲ့တဲ့The Great Gatsby ရုပ်ရှင်ကားကြီးအတွက် စာချုပ်ချုပ်ဆိုခဲ့ရပါတယ်။ နောက်ထပ် ၁၉၇၇ ရဲ့ နာမည်ကြီး Annie Hall ရုပ်ရှင်ကားကြီးမှာ မင်းသမီးကြီးDiane Kaeton ၀တ်ဖို့ ကမ်းလှမ်းခံခဲ့ရပြန်ပါတယ်။

14907042 1334277229948282 6008199246581603464 n
တိုးတက်ပြောင်းလဲလာသောလုပ်ငန်း

Ralph Lauren ရဲ့ လုပ်ငန်းဟာ တစ်စထက်တစ်စ တိုးတက်အောင်မြင်လာပြီး နောက် ၁၉၉၇ ခုနှစ်၊ ဇွန်လ ၁၁ ရက်မှာဆိုရင် Ralph Lauren Corporation အမည်နဲ့ အများပိုင်ကုမ္ပဏီဖြစ်လာခဲ့ပါပြီ။ နယူးယောက်စတော့အိတ်ချိန်း ကနေ သူ့ကုမ္ပဏီရှယ်ယာတွေကို ရောင်းချပေးခဲ့ပါတယ်။၂၀၀၇ ခုနှစ်မှာ အမေရိကမှာ Ralph Lauren ဆိုင်ပေါင်း ၃၅ ဆိုင်ထိဖွင့်လှစ်လာခဲ့ပါတယ်။ Ralph Lauren ရဲ့ ကြီးမားထိုးဖောက်လာတဲ့ ဖက်ရှင်လုပ်ငန်းဈေးကွက်ကို အများပြည်သူတွေ၊ မီဒီယာတွေ မျက်စိကျစွာ စောင့်ကြည့် ကြရပါတယ်။The Financial Time လိုစာစောင်ကြီးတွေကတောင် Ralph Lauren ရဲ့စီးပွားရေးကိန်းဂဏန်းတွေကို စိတ်ဝင်တစား ဖော်ပြပေးခဲ့ရပါတယ်။

14939535 1334276983281640 7961671227661995369 o


ဆိုင်များ၏အပြင်အဆင်

Ralph Lauren ဆိုင်တွေဟာ သူမတူဘဲ ထူးခြားတဲ့ အဆင်အပြင်တွေနဲ့ ဈေးဝယ်သူနှစ်ခြိုက်မှုကို ရရှိစေပါတယ်။ ဈေးနှုန်းကလည်း တကယ်ကြီးပါတယ်။ ကျားဝတ်၊ မ၀တ်အပြင် ကလေးဝတ်တွေကိုပါ ရာသီအပေါ်မူတည်ပြီး အုပ်စုအလိုက်ဖန်တီးထုတ်လုပ်ခဲ့တဲ့အတွက် Ralph Lauren ချစ်သူတွေ စောင့်မျှော်ဝယ်ရပါတယ်။စင်ကာပူနိုင်ငံက မာရီနာဘေးကုန်တိုက် ကြီးမှာရှိတဲ့ Ralph Lauren ဆိုတဲ့ဆိုင်ကိုရောက်ခဲ့စဉ်ကဆို ရင် ခရစ္စမတ်ကာလဖြစ်နေတဲ့အတွက် ခရစ္စမတ်အပြင်အဆင်တွေနဲ့ တခမ်းတနားပြင်ဆင်ရောင်းချတာကို တွေ့ခဲ့ရပါတယ်။ အိမ်တစ်လုံးလိုပြင်ဆင်ထားပြီး အိမ်ရဲ့အထဲမှာ ရေခဲအိမ်တွေ၊ မြေခွေးရုပ်တွေ၊ ခရစ်္စမတ်သစ်ပင်တွေကိုထည့်ပြီး ကလေးဝတ်စုံလေးတွေပါ ထည့်ထားပြီး ရောင်းချပြသထားပါတယ်။

14639677 1334293053280033 7483052645513079250 n


Ralph Lauren ရဲ့ ရာထူးအပြောင်းအလဲ

Ralph Lauren ဟာ အေးဆေးစွာနဲ့ ဖက်ရှင်ဖန်တီး ချင်လို့ပဲလားမသိပါဘူး။ ၂၀၁၅၊ စက်တင်ဘာ ၂၉ ရက်မှာ သူ့လုပ်ငန်းရဲ့သူဋ္ဌေးဥက္ကဌရာထူးကို Old Navy ဆိုတဲ့ အမေရိကန်က အ၀တ်အထည်လုပ်ငန်းဥက်္ကဋ္ဌဟောင်း Stefan Larsson ကိုလွှဲအပ်ပြီး အမှုဆောင်အရာရှိချုပ်ရာထူးကို ဆင်းပြီးနေပေးခဲ့ပါတယ်။

14918778 1334276693281669 8214350794375632693 o


အပ်နှင်းခံရသောဆုများ

Ralph Lauren ငယ်ဘ၀ကရရှိခဲ့တဲ့ဆု တွေလည်းရှိပါတယ်။ အခုဖော်ပြထားတဲ့ဆုတွေကတော့ သူ့ဆုတွေထဲက အမှတ်တရဆုတချို့ဖြစ်ပါတယ်။

 Coty Award ၁၉၇၀
(အမျိုးသားဝတ်ဖက်ရှင်များအတွက် ရရှိခဲ့သည်။)

 National Order of the Legion of Honour ဂုဏ်ထူး ၂၀၁၀
(ပြင်သစ်သမ္မတ နီကိုလတ်ဆာကိုဇီကိုယ်တိုင် ချီးမြှင့်ခဲ့သည်။)

 James Smithson Bicentennial Medal ၂၀၁၄ 
(အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တက်ရောက်
ဂုဏ်ပြုခဲ့သည်။)

Ralph Lauren ကတော့ အခုအချိန်ထိတိုင် ဖက်ရှင်လောကမှာ စိတ်ဝင်တစားကျင်လည် နေဆဲပါ။

source: the chic magazine

Read 1097 times
Rate this item
(0 votes)