What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ဖက်ရှင်ဒီဇိုင်နာ Christian_Diorအကြောင်း
ဖက်ရှင်ဒီဇိုင်နာ Christian_Diorအကြောင်း google
ဒီဇိုင်နာ Christian Dior အကြောင်းကို ဖော်ပြပေးပါမယ်။ 
Christian Dior ဆိုတာ တခြားတော့ မဟုတ်ပါဘူး။ ထိပ်တန်းဖက်ရှင်တံဆိပ် Dior(ဒီယော)ကို တည်ထောင်ခဲ့တဲ့ ဖက်ရှင်ဂုရုကြီး ဖြစ်ပါတယ်။
Christian Dior ကို ၁၉၀၅ခုနှစ်၊ ဇန်န၀ါရီ လ ၂၁ ရက်က ပြင်သစ်နိုင်ငံ Normandy ကမ်းခြေရပ်ကွက်က Granville မှာ မွေးဖွားခဲ့ ပါတယ်။ မွေးချင်းငါးဦးမှာ ဒုတိယမြောက်သားဖြစ်ပြီး ဖခင်ကတော့ ဓာတ်မြေသြဇာလုပ်ငန်းရှင် Alexandre Louis Maurice Dior ဖြစ်ပါတယ်။ သူ့အသက်ငါးနှစ်အရွယ်မှာ သူတို့ မိသားစု ပဲရစ်မြို့တော်ကြီးကို ပြောင်းရွှေ့ကြပြီး နွေအားလပ်ရက်တွေမှာ ပြန်လာနေကြတဲ့ ပျော် ရွှင်ဖွယ်မိသားစုပါ။မိဘတွေကတော့ Christian Dior လေးကြီးလာရင် သံတမန်ကြီး တစ်ဦးဖြစ် စေဖို့မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ Christian Dior ကတော့ အနုပညာရေးရာမှာပဲ ၀ါသနာပါခဲ့ပါတယ်။ ပိုက်ဆံရဖို့အတွက်ကိုတောင် သူဆွဲထားတဲ့ဖက်ရှင်ပုံကြမ်းတွေကို တစ်ခုကို ငွေ ၁၀ဆင့်နဲ့ ရောင်းခဲ့ပါတာပါ။
 အနုပညာပြခန်းဖွင့်လှစ်
အသက် ၂၃ နှစ်အရွယ် ၁၉၂၈ ခုနှစ်မှာ ကျောင်းကနေထွက်ပြီး ဖခင်ပေး တဲ့အရင်းအနှီးနဲ့ အနုပညာပြခန်းငယ်တစ်ခု စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပြခန်းလေး မှာ သူ့သူငယ်ချင်းနဲ့အတူ ပန်းချီပညာရှင်ကြီး ပီကာဆိုရဲ့ ပန်းချီကားမျိုးတွေကို ရောင်းချခဲ့ပါတယ်။ ဒီလိုနဲ့သုံးနှစ်ခန့်အကြာ ၁၉၃၀ပြည့်နှစ်များမှာ တစ်ကမ်္ဘာလုံး ကြုံရတဲ့ ကမ်္ဘာ့စီးပွားရေးပျက်ကပ်ရိုက်ခတ်မှုဒဏ်ကြောင့် ဖခင်ရဲ့ဓာတ် မြေသြဇာလုပ်ငန်းပါ ထိခိုက်လာတာမို့ သူ့ရဲ့ပြခန်းလေးပိတ်ချိန်တန်ခဲ့ပါတယ်။
15977890 1452416831467654 9204502208165960566 n
 ဖက်ရှင်ဝန်ထမ်းဘဝ
ကမ်္ဘာကျော်ဖက်ရှင်ဒီဇိုင်နာကြီးတွေဖြစ်တဲ့ Christian Dior နဲ့ Hubert de Givenchy တို့ကို ဖက်ရှင်ပညာရပ်တွေ၊ လေ့ကျင့်သင်ကြားမှု တွေပေးခဲ့တဲ့ ပြင်သစ်ဖက်ရှင်ဒီဇိုင်နာကြီး Robert Piguet ဆီကို Christian Dior က ၁၉၃၇ခုနှစ်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ Robert Piguet က Christian Dior ကို သူ့ရဲ့ဝတ်စုံစုစည်းမှုသုံးမျိုးကို ဖန်တီးခွင့်ပေးခဲ့ပါတယ်။ Christian Dior အောင်မြင်ပြီးတဲ့တစ်ချိန်မှာ စကားတစ်ခွန်းထုတ်ဟ ပြောဆိုခဲ့ပါတယ်။"Robert Piguet က လူကောင်းတို့ရဲ့ဖြောင့်မတ်ခြင်းကိုသင်ကြားပေးခဲ့တာဟာ ကျွန်တော့်အတွက် အမှန်တကယ်ရည်မွန်ခြင်းကို ဖြစ်စေခဲ့တာပါ”Christian Dior ဟာ Robert Piguet ဆီမှာလုပ်ကိုင်ရင်း ကြိုးစားလုပ်ကိုင်ရင်း စစ်မှုထမ်းခဲ့ရပါတယ်။ ၁၉၄၂ခုနှစ်မှာ စစ်မှုထမ်းပြီးနောက် ဒီဇိုင်နာ Lucien Lelong ရဲ့ဖက်ရှင်တိုက်မှာ ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး ဖက်ရှင်တိုက်ရဲ့ပင်မဒီဇိုင်နာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ နာဇီစစ်တပ်အမှု ဆောင်ကတော်တွေအတွက် ၀တ်စုံတွေချုပ်လုပ်ပေးခဲ့ရပါတယ်။ ဒါ့အပြင် သူလုပ်ကိုင်နေတဲ့ဖက် ရှင်တိုက်အပြင် တခြားနာမည်ကျော်ဖက်ရှင်တိုက်တွေအတွက်ပါ တာဝန်ယူပါဝင်ပေးခဲ့ရပြန်ပါတယ်။
 Christian Dior ဖက်ရှင်တံဆိပ်အစ
Christian Dior ဟာ ထူးချွန်လှသူဖြစ်တာကြောင့် ၁၉၄၆ခုနှစ်မှာ ပြင်သစ်နိုင်ငံရဲ့ အချမ်းသာဆုံး စွန့်ဦးတီထွင်သူဌေးကြီး Marcel Boussac က Phillippe et Gaston အတွက် ဒီဇိုင်းထွင်ပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ Phillippe et Gaston ဆိုတာ ၁၉၂၅ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ပြင်သစ်ဖက်ရှင် တိုက်ကြီးဖြစ်ပါတယ်။ ဒီမှာ လာရောက်ဖို့ဖိတ်ခဲ့ပေမယ့် Christian Dior ကတော့ ငြင်းဆိုခဲ့ပါသတဲ့။ ဘာကြောင့်လဲဆိုတော့ ရှိပြီးသား ဖက်ရှင်တံဆိပ် တစ်ခုထက် သူ့နာမည်နဲ့ ဖက်ရှင်တံဆိပ်တစ်ခု တည်ထောင်ချင်လို့ပါတဲ့။ ဒီလိုနဲ့ ၁၉၄၆ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှာ Marcel Boussac ရဲ့ထောက်ပံ့မှုနဲ့ ကမ္ဘာကျော်ဖြစ်လာမယ့် Christian Dior ဖက်ရှင်တံဆိပ်ကြီးကို စတင်တည်ထောင်ခဲ့ပါတော့တယ်။
16112906 1452417744800896 5076447435903398494 o
 ပါရမီရှင် Christian Dior
Christian Dior ဟာ သူ့တံဆိပ်ရဲ့ ပွဲဦးထွက်တီထွင်မှုကို ၁၉၄၇ခုနှစ်၊ ဖေ ဖော်ဝါရီလ ၁၂ရက်မှာ စတင်ခဲ့ပါတယ်။ ပါရမီရှင်ရဲ့လက်ရာတွေဖြစ်လို့ သူ့ကို ဖန်တီးမှုရဲ့သခင်(Master of Creating)လို့ခေါ်ဝေါ်ခဲ့ကြရပါတယ်။ အမျိုးသမီးတွေရဲ့အလှတရားကို ၀တ်စားဆင်ယင်မှုကဏ္ဍနဲ့တိုးမြှင့်ပေးခဲ့တဲ့ သူရဲ့စကား တစ်ခွန်းက “ပန်းပွင့်မိန်းမသားများအတွက် ဒီဇိုင်းထွင်ခဲ့တာပါ”တဲ့။
 Christian Dior တံဆိပ်ထုတ်ကုန်များ
ဒီဇိုင်နာကြီး Christian Dior ရဲ့ Christian Dior ဖက်ရှင်တံဆိပ်ဟာ ထုတ်ကုန်ပေါင်းမြောက်မြားစွာနဲ့ ကမ္ဘာ့ဖက်ရှင်ဈေးကွက်ကြီးကို ဒီကနေ့ထိလွှမ်း ခြုံနေတာပါ။ ဒီယောထုတ်ကုန်တွေထဲမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးဝတ် အ၀တ်အထည်နဲ့ အဆင်တန်ဆာအမျိုးမျိုး၊ ရေမွှေးနဲ့အလှကုန်အမျိုးမျိုး၊ လက် ၀တ်ရတနာနဲ့ လက်ပတ်နာရီအမျိုးမျိုးတို့ကို ထုတ်လုပ်ပါတယ်။ ဒီယောလို့ဆိုရင် ကမ်္ဘာတစ်လွှားက ဖက်ရှင်ချစ်သူတွေ အင်မတန်နှစ်သက်ကြတာပါ။ ကမ္ဘာ့ထိပ်တန်းဆယ်ခုစာရင်းဝင်တံဆိပ်ဖြစ်တာမို့ Christian Dior အရောင်း ဆိုင်ကြီးတွေဟာ အင်မတန်ခမ်းနားကြီးကျယ်ပြီး ဆိုင်ခန်းအသွင်အပြင်ကအစ တန်ဖိုးမြင့်ဇိမ်ခံပစ္စည်းတွေနဲ့ အလှဆင်ထားတာ ဖြစ်ပါတယ်။
16105643 1452417074800963 1678601768548660274 n
 Christian Dior ၏နောက်ဆုံးခရီး
ရုပ်နာမ်ဓမ္မသင်္ခါရမို့ ကမ္ဘာ့ထိပ်သီးဒီဇိုင်နာကြီး Christian Dior ဟာ အသက် ၅၂နှစ်အရွယ် ၁၉၅၇ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့မှာ ငါးရိုးမျက်ပြီးနောက် နှလုံး သွေးကြော ရုတ်တရက်ပိတ်ဆို့ပြီး အနိစ္စရောက်ခဲ့ရှာပါတယ်။ တိုင်း(မ်)မဂ်္ဂဇင်းကြီး ကတော့ ဖဲကစားပြီးနောက် နှလုံးသွေးကြောရုတ်တရက် ပိတ်ဆို့ခဲ့တာလို့ ဆိုပါတယ်။ ဘယ်လိုကြောင့်ဆိုပါစေ သူကွယ်လွန်ခဲ့တဲ့အတွက်ကြောင့် ဖက်ရှင်ကမ္ဘာကြီးမှာ အစားထိုးမရတဲ့လစ်ဟာမှုတစ်ခုဖြစ်ခဲ့ပါတယ်။
 ဂုဏ်ပြုခံရမှုများ
ဒီယောလို့ဆိုရင် ကမ်္ဘာတစ်လွှားမှ ဖက်ရှင်ချစ်သူတွေ အင်မတန်နှစ်သက် ကြတာပါ။ ဒီယော(Dior)ကို မြတ်နိုးကြတာမို့ ကမ္ဘာ့အနုပညာရှင်ကြီးများဟာ သူတို့ရဲ့ဝတ္တု၊ ရုပ်ရှင်နဲ့သီချင်းများမှာထည့်ပြီး ရေးသား၊ ရိုက်ကူး၊ သီဆို ဂုဏ်ပြုခဲ့ကြပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်လွှားက စီးပွားရေးလုပ်ငန်း လေးတွေ၊ ဆိုင်မျိုးစုံတွေ၊ ဓာတ်ပုံတိုက်လိုမျိုးတွေလည်း ဒီယောနာမည်နဲ့ဖွင့်ကြရတဲ့အထိ ရေပန်းစားရပါတယ်။ 
16107169 1452417541467583 4366840927666928685 o
အောက်မှာဖော်ပြထားတာတွေကတော့ ကမ္ဘာ့အနုပညာရှင်များရဲ့ ဂုဏ်ပြုမှုများဖြစ်ပါတယ်။
အမေရိကန်ဝတ္ထုရေးဆရာကြီး Paul Gallico ဟာ ၁၉၅၈ ခုနှစ်မှာထုတ်ခဲ့တဲ့ Flowers for Mrs Harris ၀တ္ထုမှာ ဇာတ်ဆောင်ဖြစ်တဲ့ လန်ဒန်မြို့က အိမ်ဖော်အမျိုးသမီးတစ်ဦး အလုပ်ရှင်နဲ့စုံမက်ပြီး Dior ဂါဝန်ဝယ်ဖို့ ပြင်သစ်ကိုသွားဖို့လုပ်တဲ့အကြောင်း ရေးသားခဲ့ပါတယ်။
ဂျပန်ဝတ္ထုရေးဆရာကြီး Haruki Murakami ရဲ့ (၁၉၉၅- ၁၉၉၅ခုနှစ်)ထုတ် The Wind-Up Bird Chronicle ၀တ္ထုရဲ့ အရေးကြီး ဇာတ်ဝင်ခန်းမှာ Christian Dior ရေမွှေးနာမည်ကို ရေးသားခဲ့ပါတယ်။
အင်္ဂလိပ်အဆိုတော် Morrissey ဟာ ၂၀၀၆ခုနှစ်ထုတ် တစ်ကိုယ်တော်တေးသီချင်းခွေ In the Future When All's Well ရဲ့ B Side မှာ သီချင်းနာမည်ကို Christian Dior လို့ ခေါင်းစဉ် ပေးခဲ့ပါတယ်။
ဒါရိုက်တာ Alan Parker ရိုက်ကူးပြီး နာမည်ကျော်အနုပညာရှင် မက်ဒေါနား၊ အန်တိုနီယို ဘန်ဒါရက်စ်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၉၆ ခုနှစ်ထုတ် Evita ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်သီချင်း Rainbow High မှာChristian Dior ကို အဓိကထည့်သွင်းရေးစပ်သီဆိုထားပါတယ်။
အမေရိကန် တေးရေး၊ အဆိုတော်၊ ဖက် ရှင်ဒီဇိုင်နာ Kanye West ဟာ ၂၀၁၀ပြည့်နှစ်က ထုတ်တဲ့သီချင်းနာမည်ကို Christian Dior Denim Flow လို့ မှည့်ခဲ့သလို တခြားသူ့သီချင်းသုံးပုဒ်ဖြစ်တဲ့ Devil in a New Dress ç Stronger နဲ့ Barry Bonds တို့မှာ ဒီယောတံဆိပ်ကို ထည့်ဆိုခဲ့ပါတယ်။
16114582 1452417258134278 7791680926689274724 n
ဖက်ရှင်သမားတွေ အား ကျလေးစားပြီး ဖက်ရှင်တံဆိပ်ချစ်သူတွေနှစ် ခြိုက်ကြတဲ့ Christian Dior ကွယ်လွန်ခဲ့တာ တော့ အချိန်ကာလတွေ ကြာညောင်းခဲ့ပါပြီ။ ဒါပေမဲ့လည်း ဒီယောလို့ဆိုလိုက်တာနဲ့ ဒီနေ့ ထက်တိုင် ကမ္ဘာ့ထိပ်သီးအဖြစ် လက်မထောင် နိုင်အောင်တည်ထောင်ခဲ့တဲ့ ဖက်ရှင်ဖခင် Christian Diorကို ဒီနေရာကနေဂုဏ်ပြုလိုက်ပါတယ်။
source: the chic magazine
Read 1182 times
Rate this item
(0 votes)