What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖန်တီးသူတို့ရဲ့ အကယ်ဒမီဖက်ရှင် ဒီဇိုင်နာ မေမြတ်ဝါဆို

မတ်လ(၂၃)ရက်နေ့ မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲကြီးတွင် ဒီဇိုင်နာမေမြတ်ဝါဆိုက ဘယ်သူတွေကို ဘယ်လို တွေ ချုပ်လုပ်ပေးမလဲ ။ဒီဇိုင်းတွေကို ဘယ်လို ထွင်မလဲနဲ့ ပတ်သတ်ပြီးမေးမြန်းထားတာက …………..

ဒီနှစ်ကတော့မပန်းဖြူရယ်၊မဆုပန်ထွာရယ်၊ချစစနိုးဦးရယ်ပါ။သူတို့ကိုမိုးထိနနးတော်ပိုးထည်တိုက်ကနေဘဲစပွန်ဆာပေးပါ့မယ်။ နောက်မှ သူတို့နဲ့ ညှိပြီးတော့ ချိတ်ဆိုအကြီးအသေးသွားမလားကနုတ်ပုံစံသွားမလား။ အပေါ် ဒီဇိုင်းနဲ့ လိုက်ဖက်တာကို ရက်ကန်းနဲ့ ပြန်လုပ်ပေးပါ့မယ်။

မိုးထိနန်းတ်ာကလဲ ကိုယ်လိုချင်တဲ့ ပုံစံရော ဘာရောကို ရက်ကန်းကနေတဆင့် အကုန်မှာပြီးလုပ်ပေးတဲ့ အတွက်ဒီနှစ်လဲ မိုးထိနန်းတ်ေက စပွန်ဆာပေးတာပါ။ အရမ်းလဲ ခင်နေတာပေါ့နှစ်တိုင်းလဲ ပေးတော့ ဒီနှစ်လဲ ပေးပါတယ်သုံးယောက်လုံးကို။

မပန်းကတော့ အရောင်ရင့်ရင့်ဝတ်ချင်တယ်ပြောထားတော့ သူ့ကိုတော့ အရောင်ရင့်ရင့် လေးလုပ်ပေးပြီး ကျန်တဲ့ သူကို အရောင်နုလေးလုပ်ပေးပါ့မယ်။ အရင်ဆုံးတော့သူတို့နဲ့ တိုင်ပင်ပြီးတော့ သူတို့ဘယ်လိုလေးလုပ် ချင်လဲ ကိုယ်ဘယ်လိုလေးလုပ်ချင်တယ်ပြပြီးတိုင်ပင်ပြီးလုပ်ပေးဖြစ်တယ်။ ကိုယ်နဲ့ အမြဲချုပ်ဖြစ်တဲ့ မင်းသမီး တွေဆိုတော့ သူ့အထာကိုယ့် အထာလေးတွေသိနေပီပေါ့။သိပ်အများကြီး ပြောစရာမလိုပါဘူး။အဆင်ပြေရင် ပြီးရောဆိုပြီးညှိပြီးလုပ်ကြတယ်။

ကာရိုက်တွေဘဲဖြစ်ဖြစ် customer ထည်ဘဲဖြစ်ဖြစ် ကျောက်တွေ accessories တွေကို သိပ်မသုံးဖြစ်ဘူး။အကယ်ဒမီပေးပွဲကျတော့ အကုန်လုံးကလဲစောင့်ကြည့်တယ်။ဒီဇိုင်းအသစ်ကို ဘွဲ့ယူမယ့်မိန်းကလေးတွေရော မင်္ဂလာဆောင်မယ့် မိန်းကလေးတွေရောလက်မှတ်ထိုးတဲ့ မိန်းကလေးတွေရော လုံးဝဒီအကယ်ဒမီပုံကို ပြန်ပြီးစောင့်ကြည့်တယ်။အဲ့ လိုဆိုသူတော့ သူတို့ လိုက်ဝတ်လို့ရမယ့် ဒီဇိုင်းမျိုးပြချင်တဲ့ ဒီဇိုင်းမျိုးကို အမြဲစဉ်းစားပြီးလုပ်ဖြစ်ပါတယ်။ တနှစ်အတွက် ကိုယ်အရမ်းပြချင်တဲ့ ဒီဇိုင်းတွေပြဖြစ်ပါတယ်။

ဒီနှစ်တော့accessoriesများများထည့်ဖြစ်မယ်ပေါ့။အဲ့လိုaccessoriesများများထည့်တဲ့ပုံစံကို လက်တလော အရမ်းကြိုက်နေတယ်။

ယခုလက်ရှိမှာတော့ ဒီဇိုင်နာမေမြတ်ဝါဆိုဟာ မြန်မာနိုင်ငံ၏နာမည်ကြီးဒီဇိုင်နာ များထဲတွင် နာမည်ကြီးနေသူတယောက်ဖြစ်ပြီးသူဖန်တီးတဲ့ ၀တ်စုံတွေကလဲ ဒီဇိုင်းဆန်းပြီး လှပလွန်းလှပါတယ်။သူဟာ သင်တန်းသူသင်တန်းများကို လဲ သင်တန်းများဖွင့်လှစ်ပြီး သင်ကြားပြသပေးနေသူတယောက်ပါ။

Read 1513 times
Rate this item
(0 votes)