What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Knitwear Designer စတီဗင်ဦး အပိုင်း(၂)

စတီဗင်ဦးက ကျောင်းပြီးသွားတော့ လော့စ်အိန်ဂျယ်လိစ်မှာ အလုပ်လုပ်တယ်။ နောက်တော့ ဖီလာဒဲဗီယားမှာ အလုပ်ရလို့ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။

၂၀၁၁ ခုနစ်မှာတော့ Steven Oo အမည်ဖြင့် ကိုယ်ပိုင် brand သုံးစွဲကာ စတင်လုပ်ကိုင်ခဲ့တယ်။ အဲဒါက လက်ရှိအလုပ်ရဲ့ အလုပ်ချိန်ပြင်ပမှာ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းကအကြောင်းကို ဝေါ့ခ်ဆိုတဲ့ ဘလော့မှာ အင်တာဗျူးတင်ပြပေးထားတာကို ဖတ်ရှုရပါတယ်။ သူက အလုပ်စွဲသူ workoholic တစ်ဦးအဖြစ် ကြိုးစားခဲ့တာကိုလည်း တွေ့ရပါတယ်။

အပိုင်း(၁) ဖတ်ရှုရန် လင့်ခ်

http://www.textiledirectory.com.mm/articles/item/919-steven-oo-one.html

 

“ခင်ဗျားက ဘာလုပ်သလဲ”
“ကျွန်တော်က knitwear သမား”
“ ခင်ဗျား ဘယ်မှာ အခြေတည်ထားသလဲ”
“ဖီလာဒဲဗီယားမှာပါ. ဒါပေမဲ့ အင်တာနက်က ကျွန်တော့ရဲ့ အမြဲတမ်းလိပ်စာပါ”
“ဖန်တီးပုံကို ပြောပြပေးပါလား”
“ကျွန်တော့ အဖို့ ချုပ်ထည်တွေ တစ်ခုနဲ့တစ်ခု ဖြစ်ပေါ်လာပုံ ကွာခြားတယ်။ တချို့က ပုံကြမ်းခြစ်တာကနေ လာတယ်။ ဒါပေမဲ့ ဇာထိုးထည် အထည်သားက သူသဘောနဲ့သူ နေတဲ့သဘော ရှိတယ်။ ဒီတော့ အဲဒီလို သူ့သဘောနဲ့သူ နေတဲ့ ပုံပန်းယူထားပုံအရ ကျွန်တော်က ပုံကြမ်းဆွဲကြည့်ပြီး စိတ်ကူးတယ်။ အထည်မျက်နှာပြင်အနေအထားတွေကို သုံးတယ်။ အဆောက်အဦ ဗိသုကာထံမှလည်း စိတ်ကူးတွေ ရယူရေးဆွဲလေ့ရှိပါတယ်”

“တစ်ခုကို ပြီးစီးဖို့ ဘယ်လောက်ကြာသလဲ”
“အစားစား ရှိတယ်။ နာရီ ၄၀ ကနေ နာရီ ၁၂၀ အထိ ကြာတာမျိုးလည်း ရှိတယ်။ တကယ်တော့ ကြာမယ်ဆို ခင်ဗျား ကြာချင်သလောက် ကြာလို့ရတယ်။ ဖက်ရှင်မှာ ပြီးဆုံးသွားတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး”

“ပုံမှန် တစ်နေ့တာမှာ ဘာတွေ လုပ်ကိုင်လဲ”
“ကျွန်တော်က ကုမ္ပဏီကြီးတစ်ခုမှာ နေ့ဘက် အလုပ်လုပ်တယ်။ ဒီတော့ ကိုယ်ပိုင်အလုပ်ကို အားတဲ့အချိန်တွေကျမှ လုပ်တယ်။ အလုပ်ဆင်းပြီးချိန်တွေနဲ့ သီတင်းပတ်အဆုံး အလုပ်ပိတ်ရက်တွေမှာ လုပ်ပါတယ်။ အဲဒီလို လုပ်ရတာ စိတ်အပန်းပြေတယ်။ အကျိုးလည်း ရှိတယ်”

“ဘယ်လိုကနေ စဖြစ်တာလဲ”
“အဲဒါ ကျောင်းတက်ကတည်းက ကိုယ်ဘာသာ လုပ်ချင်တာလေးတွေ ကျွန်တော် အမြဲ လုပ်တယ်။ ကျွန်တော်က အလုပ်အမျိုးမျိုး လုပ်ရတာ ကြိုက်တယ်။ အသစ်ကို သင်ရတာလည်း ကြိုက်တယ်။ ကျွန်တော် ဒီဇိုင်းလုပ်ငန်းတစ်ခုမှာ ၀င်လုပ်တယ်။ ဒါပေမဲ့ လုပ်ပုံအဆင့်ဆင့်ကို ပျော်စရာ မကောင်းဘူး။ အတော်စိတ်ညစ်ရတယ်။ ဒီတော့ ထွက်လိုက်တယ်။ အခု ဖာထိုးထည်ဖြစ်တဲ့ ဆွယ်တာတွေကို ကုမ္ပဏီအတွက် ဒီဇိုင်းထုတ်ပေးတယ်။ ကိုယ်ပိုင် လုပ်ကိုင်တာတွေကိုလည်း ဆက်လုပ်တယ်။ အဲဒါ ဘယ်တော့မှ ကျွန်တော် ရပ်မှာ မဟုတ်ဘူး”

steven 34

steven 456

 

“ပြီးမြောက်အောင်မြင်ခဲ့တာမှာ ဘယ်ဟာကို စိတ်အလှုပ်ခတ်ဆုံးလဲ”
“နယူးယောက် ဖက်ရှင် သီတင်းပတ်မှာ ပြခဲ့တာ”

“စိတ်ကူးတွေ ရတာ ထိပ်ဆုံးမှာ ရှိနေတဲ့ အရာ ၅ မျိုး”
“ဗိသုကာ၊ သဘာဝ၊ သတ္တ၀ါတွေ၊ ပုံပန်းသဏ္ဌာန်တွေ၊ ပြီးတော့ ဘ၀ကိုယ်တိုင်ပေါ့”

 

၂၀၁၃ ခုနှစ်မှာတော့ သူက ရှန်ဟိုင်းမှာ ပြောင်းရွှေ့အခြေချလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

အပိုင်း(၃)ကို ဆက်လက်ဖတ်ရှုရန် လင့်ခ်

 http://www.textiledirectory.com.mm/articles/item/922-knitwear-designer-stevenoo-three.html

Read 1395 times
Rate this item
(0 votes)