What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ဒီဇိုင်နာ TORY BURCH

ဖက်ရှင်ဒီဇိုင်နာ TORY BURCH google

 ဇွန်လဖွား အမေရိကန် ဖက်ရှင်ဒီဇိုင်နာ Tory Burch အကြောင်းကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

 ငယ်ဘဝ

Tory Burch ကို ၁၉၆၉ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ Pennsylvania ပြည်နယ်၊ Valley Forge ကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။ ကလေးဘ၀တုန်းက အစ်ကိုသုံးယောက်လက် ပေါ်မှာကြီးခဲ့ရတာပါ။ 
ဖခင်ဖြစ်သူကတော့ ရင်းနှီးမြှပ်နှံသူ သူဌေးတစ် ယောက်လည်းဖြစ်၊ စတော့အိတ်ချိန်းလုပ်ငန်းကို အမွေ ဆက်ခံထားသူလည်းဖြစ်ပါတယ်။ နောက်ထပ်လုပ်ငန်း အနေနဲ့ စက်္ကူရေခွက်လုပ်ငန်းကုမ်္ပဏီကိုလည်း ပိုင်ဆိုင် ထားပါတယ်။ ကျေးရွာပေမယ့်လည်း လူနေမှုလည်း အဆင့်မီ၊ သူတို့မိသားစုကလည်း ကုံလုံတာမို့ ကျပ်တည်း တဲ့ဘ၀တော့ မဟုတ်ပါဘူး။

 ပညာရေး

Burch ကျောင်းတက်တော့ Agnes Irwin အမျိုး သမီးကျောင်းမှာတက်ပါတယ်။ ငယ်ငယ်က အားကစားမှာလည်း ထူးချွန်ပါတယ်။ သူတို့ကျောင်းက တင်းနစ် အဖွဲ့မှာဆို သူကခေါင်းဆောင်တစ်ယောက်ပါ။ သူ့သူ ငယ်ချင်းကတော့ အမေရိကန်သန်းကြွယ်သူဌေးမင်း Stephen M. Ross ရဲ့ ကတော်ဖြစ်တဲ့ ကျောက်မျက် ဒီဇိုင်နာ Kara Rossပါ။ 
Tory Burch အခြေခံပညာကျောင်းတက် ပြီးတော့ Pennsylvania တက္ကသိုလ်ဆက်တက်ခဲ့ပါတယ်။ ဆည်းပူးတဲ့ ဘာသာရပ်ကတော့ အနုပညာသမိုင်းဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျောင်းတွင်းလှုပ်ရှားမှု တွေမှာ ပါဝင်တဲ့ထုံးစံအတိုင်း တက်္ကသိုလ်ကျောင်းသူများ အသင်းမှာလည်း အသင်းဝင်တစ်ယောက်အဖြစ် ပါဝင် ခဲ့ပြန်ပါတယ်။ အနုပညာသမိုင်းဘာသာဘွဲ့ကို ၁၉၈၈ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

 ကနဦးအလုပ်အကိုင်

Tory Burch က ဖက်ရှင်နဲ့ပတ်သက်တဲ့ ကနဦး အလုပ်အကိုင်အနေနဲ့ ဒီဇိုင်နာ Zoran ဆီမှာ ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အမျိုးသားဒီဇိုင်နာ Zoran ဆိုတာ Instagram မှာ King_Slay_Savage ဆိုပြီး နာမည် ကျော်တဲ့ ဖက်ရှင်ပညာရှင်တစ်ဦးပါ။ သူက နယူးယောက် မြို့တော်မှာ နေထိုင်တာမို့လို့ Tory Burch လည်း နယူးယောက်ကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရပါတယ်။ 
ဒီဇိုင်နာ Zoran ဆီမှာလုပ်ကိုင်ပြီးနောက် အမေရိ ကန်ဒီဇိုင်နာ Vera Ellen Wang ၊ Polo Ralph Lauren 
ဖက်ရှင်နဲ့ Loewe တို့အတွက် လူထုဆက်သွယ်ရေးနဲ့ ကြော်ငြာလုပ်ငန်းတာဝန်တွေ ဆောင်ရွက်ခဲ့ပါတယ်။


 ဖက်ရှင်တံဆိပ်အစ

Tory Burch ဟာ ဖက်ရှင်ဒီဇိုင်နာတွေနဲ့ တွဲဖက် လုပ်ကိုင်ခဲ့တော့ အောက်သက်လည်းကြေသလို ပါရမီ လည်းရှိတာမို့ ၂၀၀၄ခုနှစ်၊ ဖေဖော်ဝါရီမှာ ကိုယ်ပိုင် ဖက်ရှင်တံဆိပ်ကို ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။ သူရဲ့ ဖက်ရှင် တံဆိပ်နာမည်က TRB by Tory Burch ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့တံဆိပ်ကို Tory Burch လို့ပဲ လူသိများပါတယ်။ သူ့ဆိုင်ကို Nolita စီရင်စု၊ Manhattan 
မှာ ဖွင့်လှစ်ထားပါတယ်။

Tory Burch က ပွဲဦးထွက်ကတည်းက ကံကောင်း လှသူပါ။ ဆိုင်စဖွင့်တဲ့နေ့မှာတင်ပဲ အကုန်နီးပါးရောင်း ချခဲ့ရပါသတဲ့။ ဒါတင်မကသေးပါဘူး။ ကမ္ဘာ့အကျော် အမော် တင်ဆက်သူ အော်ဖရာဝင်းဖရေးက ၂၀၀၅ခုနှစ်၊ ဧပြီမှာကျင်းပခဲ့တဲ့ သူ့ရဲ့ဖက်ရှင်စကားဝိုင်း တင်ဆက် ထုတ်လွှင့်မှုမှာ ဧည့်သည်တော်အနေနဲ့ ဖိတ်ခေါ်ပြောဆို စေခဲ့ပါတယ်။ ဒါ့ကြောင့် Tory Burch ရဲ့ ၀က်ဘ်ဆိုက်ကို စိတ်ဝင်တစားဝင်ရောက်လာသူ ရှစ်သန်းအထိ ရှိလာခဲ့ပါတယ်။

 ပိုမိုတိုးတက်လာသောလုပ်ငန်း

ဝတ်ဆင်သူတွေရဲ့နှစ်သက်မှုကို များစွာရရှိခဲ့တဲ့ Tory Burch ကုမ်္ပဏီဟာ ကမ္ဘာအရပ်ရပ်မှာ ဆိုင်ခွဲပေါင်း ၁၉၀ ဖွင့်လှစ်နိုင်ခဲ့တဲ့အထိ တိုးတက်အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ဖက်ရှင်ထုတ်ကုန်တွေကတော့ ရယ်ဒီမိတ်ဝတ်စုံ၊ ဖိနပ်၊ လက်ကိုင်အိတ်၊ အဆင်တန်ဆာ၊ လက်ပတ် နာရီ၊ အိမ်တွင်းအလှဆင်ပစ်္စည်း၊ ရေမွှေးနဲ့အလှကုန်ပစ်္စည်းတွေ ဖြစ်ပါတယ်။ အဲဒီထုတ်ကုန်တွေကို ကမ်္ဘာအရပ်ရပ်က ကုန်တိုက် ပေါင်း ၃၀၀၀ ကျော်မှာ ရောင်းချပါတယ်။
၂၀၀၅ခုနှစ်မှာ သွက်လက်ပေါ့ပါးစေတဲ့ဝတ်စုံနဲ့ အားကစား ၀တ်စုံတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ Tory Burch ရဲ့ ၀တ်စုံတွေဟာ ၀တ်ရလွယ်ပြီး ၀တ်ဆင်သူနဲ့လည်း လိုက်လျောညီထွေဖြစ်တယ်လို့ အထူးကျော်ကြားပါတယ်။ အရွယ်စုံအမျိုးသမီးတွေကြားမှာလည်း ရေပန်းစားလှပါတယ်။ ၂၀၀၇ခုနှစ်မှာ သူရဲ့ဖက်ရှင်အ၀တ်အထည် တွေဝယ်ယူနိုင်ဖို့ စာရင်းပေးကြရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

 ရုပ်သံအစီအစဉ်များ

Tory Burch ဟာ ၂၀၀၅ခုနှစ်ကစတင်ပြီး ရုပ်သံအစီအစဉ်တွေမှာ ဧည့်သည်အနေနဲ့၊ ဒိုင်အနေနဲ့ အမျိုးမျိုးပါဝင်ခဲ့ရပါတယ်။ မြန်မာ နိုင်ငံမှာပြသနေတဲ့ ““ဂွတ်မောနင်းမြန်မာ””အစီအစဉ်ရဲ့ မူလဘူတ အစီအစဉ်ကြီးဖြစ်တဲ့ ““ဂွတ်မောနင်းအမေရိက““အစီအစဉ်မှာလည်း ပါဝင်ခဲ့သလို Project Runway, Fashion King, Gossip Girl စတဲ့ ရုပ်သံအစီအစဉ်တွေမှာလည်း လူသိများခဲ့ပါတယ်။

 အပ်နှင်းခံရသောဆုများ နှင့် ဂုဏ်ပြုခံရမှုများ

◘ Fashion Group International က ပေးအပ်သော
Rising Star Award for Best New Retail Concept ဆု ၂၀၀၅

◘ Accessories Council Excellence Awards ၂၀၀၇

◘ Council of Fashion Designers of America မှ
ပေးအပ်သော Accessories Designer of the Year ဆု ၂၀၀၈

◘ 50 Most Powerful Moms စာရင်းဝင် ၂၀၁၅

◘ Breast Cancer Research Foundation ကပေးအပ်သော
Sandra Taub Humanitarian Award ၂၀၁၅

◘ Forbes' မဂ္ဂဇင်းကရွေးချယ်သော
The Worlds 100 Most Powerful Women စာရင်းတွင် 
အမှတ်စဉ်(၇၃) ၂၀၁၅

ကမ္ဘာကျော်ဒီဇိုင်များကတော့ အားကျစရာချည်းပါပဲ။ Tory Burch ဟာလည်း သားများရဲ့မိခင်အနေနဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ မိန်းမသားအဖြစ် ကမ္ဘာကအသိအမှတ်ပြုခံရသူမို့ လေးစားထိုက်သူ တစ်ဦးဖြစ်ပါတယ်။ သူဖန်တီးတဲ့ဖက်ရှင်တွေဟာလည်း မိန်းမသား ထုရော အမျိုးသားတွေအတွက်ပါ ကိုယ်စားပြုနေတာမို့  နှစ် သက်တဲ့တံဆိပ်ထဲမှာ Tory Burchလည်း ပါဝင်နေတာပါ။

20689967 1710876462288355 2752321729624884724 o20728786 1710876625621672 4631868070019196454 o

20638312 1710876395621695 485502653406083454 n20729212 1710876628955005 6181705961447286450 n

source: the chic magazine 

Read 1729 times
Rate this item
(1 Vote)