What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သက္ငယ္ ဖက္ရွင္ဒီဇုိင္းနာ

(Zaw+Uni)အသက္ ၁၄ ႏွစ္သာ ရွိေသးတဲ့ အကုိင္း လစ္တဲဂၽြန္ A’kai Littlejohn ဟာ ဖက္ရွင္ဒီဇုိင္း ပါရမီရွင္ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွာ New York Fashion Week (NYFW)စတင္ခဲ့ၿပီး ဒီဇုိင္နာေတြက သူတုိ္႔ရဲ႕ Fall/Winter 2019 collection ေတြကုိ ျပသၾကတယ္။ Long Island ဇာတိ A’kai Littlejohn ကလည္း အဲဒီ high-fashion ပြဲေတာ္ႀကီးမွာ ပါဝင္ခဲ့ဖူးတယ္။ သူရဲ႕ ပြဲဦးထြက္ spring/summer 2018 collection ကုိ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂ဝ၁၇ ခုႏွစ္ NYFW ပြဲေတာ္ႀကီးမွာ ျပသခဲ့တယ္။ ‘‘အဲဒါေတြ အကုန္လုံးက ကၽြန္ေတာ္ ျဖစ္ခ်င္ခဲ့တာေတြပါ’’ လုိ႔ အကုိင္းက ေျပာျပတယ္။
သူ ပထမဆုံး နာမည္ရခဲ့တဲ့ပြဲက Project Runway Junior ဖက္ရွင္႐ႈိးပြဲျဖစ္ၿပီး အဲဒီတုန္းက သူ႔အသက္ ၁၃ ႏွစ္ပဲ ရွိေသးတယ္။ သူက ႐ႈိးပြဲမွာ အသက္အငယ္ဆုံးပဲ။ အဲဒီ ႐ႈိးပြဲက ၿပိဳင္ပြဲတစ္ခု ျဖစ္ပါတယ္။ သူက အျခားၿပိဳင္ပြဲဝင္ ဖက္ရွင္ဒီဇုိင္နာ ၁၁ ဦးနဲ႔အတူ ၿပိဳင္ရတယ္။ ၿပိဳင္ပြဲပုံစံက ဘာမွ မရွိေသးတဲ့ အေျခအေနကေန တစ္ရက္နဲ႔ အဝတ္အစားဒီဇုိင္းတစ္ခုကုိ အၿပီးလုပ္ၾကရတဲ့ မာရသြန္ဖက္ရွင္ၿပိဳင္ပြဲ ျဖစ္ပါတယ္။ တစ္ရက္နဲ႔ အၿပီးဒီဇုိင္းထုတ္ ခ်ဳပ္လုပ္ေပးရတာျဖစ္ေပမဲ့ ျဖစ္ကတတ္ဆန္းေတာ့ လုပ္လုိ႔ မရဘူး။ ခ်ဳပ္႐ုိး မေသသပ္တာ တစ္ခုေလာက္ ပါေနရင္ ႐ႈံးၿပီ။

AkaiNYFWRunwayFeb2018 e1518527650876 696x427
‘‘အဲဒီၿပိဳင္ပြဲက ကၽြန္ေတာ့ကုိ မေလာရဘူး။ အျပစ္အနာကင္းေအာင္ တတ္စြမ္းသေရြ႕ ႀကိဳးစားၿပီး လုပ္ရမယ္။ အေသးအမႊားေလးေတြဟာလည္း ဖက္ရွင္ထည္မွာ အေရးကိစၥ ျဖစ္တယ္ဆုိတာ သင္ခန္းစာေကာင္း ရခဲ့ပါတယ္’’
အကုိင္း ရလုိက္တဲ့ အေတြ႕အႀကံဳက တန္ဖုိးမျဖတ္ႏုိင္ေလာက္ဘူး။ သူ႔ေအာင္ျမင္မႈကုိ တည္ေဆာက္ဖုိ႔ တြန္းတင္ေပးတယ္။ ေျမာက္တက္သြားတဲ့အခါ တြန္းပုိ႔ေပးတယ္။
‘‘အခုလုိ ဝင္ၿပိဳင္လုိက္ေတာ့ ကုိယ့္ကုိယ္ကုိယ္ ယုံၾကည္မႈ တည္ေဆာက္လုိ႔ ရသြားတယ္။ ၿပီးေတာ့ ဘယ္လုိ ျမန္ျမန္ဆန္ဆန္ျဖင့္ ခ်ဳပ္ရမယ္ဆုိတာလည္း ကၽြန္ေတာ္ တတ္သြားတယ္’’
ဖက္ရွင္ဟာ သူ႔အတြက္ေတာ့ မလုပ္ရမေနႏုိင္ေအာင္ ေစ့ေဆာ္မႈတစ္ခု ျဖစ္တယ္။ သူ႔အေဒၚက သူ႔အသက္ ၃ ႏွစ္သားမွာ လက္နဲ႔ အပ္ခ်ဳပ္သင္ေပးခဲ့တယ္။ တျခားကေလးေတြ ၃ ႏွစ္သားမွာ ေတာက္တက္ေတာက္တက္ ေလွ်ာက္သြား၊ ဟုိအေပၚ တက္ ဒီဟာဆြဲယူ လုပ္ၾကေပမဲ့ အကုိင္းကေတာ့ အဝတ္စေတြကုိ အပ္နဲ႔ ထုိင္ခ်ဳပ္ေနၿပီ။ သူက အဝတ္စမွ မဟုတ္ဘူး။ ရရာအပုိင္းအစနဲ႔ ဖက္ရွင္ဒီဇုိင္း ႀကံဆလုပ္ကုိင္တယ္။ သူ႔မိခင္ ကာရီ လစ္တဲဂၽြန္က အခုလုိ ေျပာျပတယ္။
‘‘သူက ေရအိမ္သုံး တစ္႐ႈးေပပါကုိ ေရဆြတ္တယ္။ လက္ဝါးနဲ႔ ဖိတယ္။ တြန္႔ေၾကေအာင္ လုပ္တယ္။ ၿပီးတဲ့အခါ အေရာင္ျခယ္တယ္။ အဲဒါက ေရအိမ္သုံးတစ္႐ႈးေပပါလုိ႔ မထင္ရေတာ့ဘူး။ အေရာင္အဆင္းေတြနဲ႔ အေရာင္အကြက္ေတြနဲ႔ လွပေနတယ္’’
ေရေဆးျဖင့္ ပန္းခ်ီဆြဲတာ ပုံၾကမ္းဆြဲတာေတြ သူ႔ဘာသာသူ အလုိလုိ တတ္ေနတာ ေတြ႕ရတယ္။ အိမ္ကုိ ဧည့္သည္လာရင္ သူေဆာ့ဖုိ႔ ေပးထားတဲ့ အဝတ္စနဲ႔ ပတ္တယ္။ ေက်ာဘက္မွာ ႐ုံလႊာလုိ တြဲေလာင္းခ်တယ္။
ဝတ္ဆင္လုိ႔ရတဲ့ အဝတ္အစားကုိ ပထမဆုံး သူခ်ဳပ္လုပ္ခဲ့တာ အသက္ ၄ ႏွစ္သားမွာ ျဖစ္ပါတယ္။ ၉ ႏွစ္သားမွာ ဖက္ရွင္လုပ္ငန္း Geraci Condello ရဲ႕ ဒီဇုိင္နာ Madeline Grudens ဆီမွာ အလုပ္သင္အျဖစ္ လုပ္ကုိင္ေလ့လာခြင့္ကုိ အကုိင္း ရခဲ့တယ္။ အဲဒီမွာ ရတဲ့ အေတြ႕အႀကံဳရဲ႕ တန္ဖုိးက ဘာလဲဆုိေတာ့ ဖက္ရွင္ကုိ စီးပြားျဖစ္ လုပ္ကုိင္ၾကတဲ့အခါ ဘယ္လုိ လုပ္ကုိင္ၾကတယ္ဆုိတာကုိ သူ သိသြားခဲ့တာ ျဖစ္ပါတယ္။ အေခၚအေဝၚေတြ အသုံးအႏႈန္းေတြ လုပ္နည္းကုိင္ဟန္ေတြကုိ သူ ေလ့လာသင္ယူခြင့္ အကုိင္း ရရွိခဲ့တယ္။ အဝတ္တစ္ထည္မွာ ဘယ္လုိ အပုိင္းေတြ ေပါင္းစပ္ပါဝင္တယ္။ ေဒါက္ေတြ ဘယ္လုိထည့္ေပးတယ္ စတာေတကုိလည္း သူ သိသြားခဲ့ပါတယ္။ သူက ပါရမီအခံ ရွိထားသူဆုိေတာ့ အတတ္ျမန္တယ္လုိ႔ သူ႔ရဲ႕ ဆရာမ Madeline Grudens က ခ်ီးက်ဴးပါတယ္။
အခုဆုိရင္ အကုိင္းက NYFW ပြဲေတာ္အတြက္ Spring/Summer 2019 ကုိ လုပ္ကုိင္ေနပါၿပီ။ high-end အမ်ဳိးသမီး အဝတ္အစားေတြကုိလည္း ထုတ္လုပ္ေနပါၿပီ။ သူ႔မိခင္ ကာရီ လစ္တဲဂၽြန္ကလည္း သားငယ္ရဲ ႔ ဖက္ရွင္လုပ္ငန္းမွာ ကူညီေပးေနပါတယ္။ ယခင္က ပန္းအလွဆင္သူ၊ ပြဲစီစဥ္သူအျဖစ္ လုပ္ကုိင္ေနတာကုိ ရပ္နားထားလုိက္ပါတယ္။
အကုိင္းက အထက္တန္း ပညာေရးကုိလည္း ဆက္လက္ဆည္းပူးေနပါတယ္။ ဖက္ရွင္ကုိ လုပ္ကုိင္ရတာ အလုပ္လုိ႔ သူက မယူဆဘူး။ ‘‘စိတ္ထဲ အလုပ္လုိ႔ မထင္မိဘူး။ ဘာလုိ႔လဲဆုိေတာ့ အဲဒီဟာ လုပ္ရတာကုိ ကၽြန္ေတာ္ ျမတ္ႏုိးလုိ႔ပါ’’ တဲ့။

Unicode

သက်ငယ် ဖက်ရှင်ဒီဇိုင်းနာ
အသက် ၁၄ နှစ်သာ ရှိသေးတဲ့ အကိုင်း လစ်တဲဂျွန် A’kai Littlejohn ဟာ ဖက်ရှင်ဒီဇိုင်း ပါရမီရှင် ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ New York Fashion Week (NYFW)စတင်ခဲ့ပြီး ဒီဇိုင်နာတွေက သူတို့်ရဲ့ Fall/Winter 2019 collection တွေကို ပြသကြတယ်။ Long Island ဇာတိ A’kai Littlejohn ကလည်း အဲဒီ high-fashion ပွဲတော်ကြီးမှာ ပါဝင်ခဲ့ဖူးတယ်။ သူရဲ့ ပွဲဦးထွက် spring/summer 2018 collection ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ဝ၁၇ ခုနှစ် NYFW ပွဲတော်ကြီးမှာ ပြသခဲ့တယ်။ ‘‘အဲဒါတွေ အကုန်လုံးက ကျွန်တော် ဖြစ်ချင်ခဲ့တာတွေပါ’’ လို့ အကိုင်းက ပြောပြတယ်။
သူ ပထမဆုံး နာမည်ရခဲ့တဲ့ပွဲက Project Runway Junior ဖက်ရှင်ရှိုးပွဲဖြစ်ပြီး အဲဒီတုန်းက သူ့အသက် ၁၃ နှစ်ပဲ ရှိသေးတယ်။ သူက ရှိုးပွဲမှာ အသက်အငယ်ဆုံးပဲ။ အဲဒီ ရှိုးပွဲက ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ သူက အခြားပြိုင်ပွဲဝင် ဖက်ရှင်ဒီဇိုင်နာ ၁၁ ဦးနဲ့အတူ ပြိုင်ရတယ်။ ပြိုင်ပွဲပုံစံက ဘာမှ မရှိသေးတဲ့ အခြေအနေကနေ တစ်ရက်နဲ့ အဝတ်အစားဒီဇိုင်းတစ်ခုကို အပြီးလုပ်ကြရတဲ့ မာရသွန်ဖက်ရှင်ပြိုင်ပွဲ ဖြစ်ပါတယ်။ တစ်ရက်နဲ့ အပြီးဒီဇိုင်းထုတ် ချုပ်လုပ်ပေးရတာဖြစ်ပေမဲ့ ဖြစ်ကတတ်ဆန်းတော့ လုပ်လို့ မရဘူး။ ချုပ်ရိုး မသေသပ်တာ တစ်ခုလောက် ပါနေရင် ရှုံးပြီ။
‘‘အဲဒီပြိုင်ပွဲက ကျွန်တော့ကို မလောရဘူး။ အပြစ်အနာကင်းအောင် တတ်စွမ်းသရွေ့ ကြိုးစားပြီး လုပ်ရမယ်။ အသေးအမွှားလေးတွေဟာလည်း ဖက်ရှင်ထည်မှာ အရေးကိစ္စ ဖြစ်တယ်ဆိုတာ သင်ခန်းစာကောင်း ရခဲ့ပါတယ်’’
အကိုင်း ရလိုက်တဲ့ အတွေ့အကြုံက တန်ဖိုးမဖြတ်နိုင်လောက်ဘူး။ သူ့အောင်မြင်မှုကို တည်ဆောက်ဖို့ တွန်းတင်ပေးတယ်။ မြောက်တက်သွားတဲ့အခါ တွန်းပို့ပေးတယ်။
‘‘အခုလို ဝင်ပြိုင်လိုက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်လို့ ရသွားတယ်။ ပြီးတော့ ဘယ်လို မြန်မြန်ဆန်ဆန်ဖြင့် ချုပ်ရမယ်ဆိုတာလည်း ကျွန်တော် တတ်သွားတယ်’’
ဖက်ရှင်ဟာ သူ့အတွက်တော့ မလုပ်ရမနေနိုင်အောင် စေ့ဆော်မှုတစ်ခု ဖြစ်တယ်။ သူ့အဒေါ်က သူ့အသက် ၃ နှစ်သားမှာ လက်နဲ့ အပ်ချုပ်သင်ပေးခဲ့တယ်။ တခြားကလေးတွေ ၃ နှစ်သားမှာ တောက်တက်တောက်တက် လျှောက်သွား၊ ဟိုအပေါ် တက် ဒီဟာဆွဲယူ လုပ်ကြပေမဲ့ အကိုင်းကတော့ အဝတ်စတွေကို အပ်နဲ့ ထိုင်ချုပ်နပြေီ။ သူက အဝတ်စမှ မဟုတ်ဘူး။ ရရာအပိုင်းအစနဲ့ ဖက်ရှင်ဒီဇိုင်း ကြံဆလုပ်ကိုင်တယ်။ သူ့မိခင် ကာရီ လစ်တဲဂျွန်က အခုလို ပြောပြတယ်။

AkaiNYFWRunwayFeb2018 e1518527650876 696x427
‘‘သူက ရေအိမ်သုံး တစ်ရှုးပေပါကို ရေဆွတ်တယ်။ လက်ဝါးနဲ့ ဖိတယ်။ တွန့်ကြေအောင် လုပ်တယ်။ ပြီးတဲ့အခါ အရောင်ခြယ်တယ်။ အဲဒါက ရေအိမ်သုံးတစ်ရှုးပေပါလို့ မထင်ရတော့ဘူး။ အရောင်အဆင်းတွေနဲ့ အရောင်အကွက်တွေနဲ့ လှပနေတယ်’’
ရေဆေးဖြင့် ပန်းချီဆွဲတာ ပုံကြမ်းဆွဲတာတွေ သူ့ဘာသာသူ အလိုလို တတ်နေတာ တွေ့ရတယ်။ အိမ်ကို ဧည့်သည်လာရင် သူဆော့ဖို့ ပေးထားတဲ့ အဝတ်စနဲ့ ပတ်တယ်။ ကျောဘက်မှာ ရုံလွှာလို တွဲလောင်းချတယ်။
ဝတ်ဆင်လို့ရတဲ့ အဝတ်အစားကို ပထမဆုံး သူချုပ်လုပ်ခဲ့တာ အသက် ၄ နှစ်သားမှာ ဖြစ်ပါတယ်။ ၉ နှစ်သားမှာ ဖက်ရှင်လုပ်ငန်း Geraci Condello ရဲ့ ဒီဇိုင်နာ Madeline Grudens ဆီမှာ အလုပ်သင်အဖြစ် လုပ်ကိုင်လေ့လာခွင့်ကို အကိုင်း ရခဲ့တယ်။ အဲဒီမှာ ရတဲ့ အတွေ့အကြုံရဲ့ တန်ဖိုးက ဘာလဲဆိုတော့ ဖက်ရှင်ကို စီးပွားဖြစ် လုပ်ကိုင်ကြတဲ့အခါ ဘယ်လို လုပ်ကိုင်ကြတယ်ဆိုတာကို သူ သိသွားခဲ့တာ ဖြစ်ပါတယ်။ အခေါ်အဝေါ်တွေ အသုံးအနှုန်းတွေ လုပ်နည်းကိုင်ဟန်တွေကို သူ လေ့လာသင်ယူခွင့် အကိုင်း ရရှိခဲ့တယ်။ အဝတ်တစ်ထည်မှာ ဘယ်လို အပိုင်းတွေ ပေါင်းစပ်ပါဝင်တယ်။ ဒေါက်တွေ ဘယ်လိုထည့်ပေးတယ် စတာတေကိုလည်း သူ သိသွားခဲ့ပါတယ်။ သူက ပါရမီအခံ ရှိထားသူဆိုတော့ အတတ်မြန်တယ်လို့ သူ့ရဲ့ ဆရာမ Madeline Grudens က ချီးကျူးပါတယ်။
အခုဆိုရင် အကိုင်းက NYFW ပွဲတော်အတွက် Spring/Summer 2019 ကို လုပ်ကိုင်နေပါပြီ။ high-end အမျိုးသမီး အဝတ်အစားတွေကိုလည်း ထုတ်လုပ်နေပါပြီ။ သူ့မိခင် ကာရီ လစ်တဲဂျွန်ကလည်း သားငယ်ရဲ့ ဖက်ရှင်လုပ်ငန်းမှာ ကူညီပေးနေပါတယ်။ ယခင်က ပန်းအလှဆင်သူ၊ ပွဲစီစဉ်သူအဖြစ် လုပ်ကိုင်နေတာကို ရပ်နားထားလိုက်ပါတယ်။
အကိုင်းက အထက်တန်း ပညာရေးကိုလည်း ဆက်လက်ဆည်းပူးနေပါတယ်။ ဖက်ရှင်ကို လုပ်ကိုင်ရတာ အလုပ်လို့ သူက မယူဆဘူး။ ‘‘စိတ်ထဲ အလုပ်လို့ မထင်မိဘူး။ ဘာလို့လဲဆိုတော့ အဲဒီဟာ လုပ်ရတာကို ကျွန်တော် မြတ်နိုးလို့ပါ’’ တဲ့။

 

Read 1005 times
Rate this item
(0 votes)