ထိပ်တန်းဖက်ရှင် ဒီဇိုင်းနာတို့သည် ကမ္ဘာတစ်ဝှမ်း ကျော်ကြားလှသော နာမည်ကောင်းများ ရှိနေသဖြင့်
သူတို့ကို သူတို့၏ အောင်မြင်မှုနှင် တွဲ၍ သိထားကြသော်လည်းအောင်မြင်မှုနောက်ကွယ်ရှိသူတို့၏ အမှန်တရားပုံပြင်များကို လူတိုင်းမသိကြပါ။ အချို့သော ထိပ်တန်းဖက်ရှင် ဒီဇိုင်းနာတို့သည် ယနေ့ခေတ်တွင် အောင်မြင်ရန် ဘာမှ မရှိသေးသည့် အဖြစ်မှ စတင်ခဲ့ကြပြီး သူတို့ ဖြစ်လိုသည်ကို ဖြစ်အောင် လုပ်နိုင်ခဲ့ကြသည်။ ထို့နောက် နာမည် ပြန်ပျောက်မသွားအောင် ထိန်းထားနိုင်ကြသည်။
ယခု ကမ္ဘာ့ထိပ်တန်း ဖက်ရှင် ဒီဇိုင်းနာတစ်ဦးဖြစ်သူ Ralph Lauren အကြောင်းကို ပြောပြပါတော့မည်။
Ralph Lauren သည် ၁၉၃၉ ခုနှစ်ဖွား ဂျူးလူမျိုးဖြစ်သည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ မွေးဖွား ကြီးပြင်းခဲ့သည်။ သူထူထောင်သော Ralph Lauren Corporation သည် ကမ္ဘာ တစ်လွှား ဖြန့်ကျက်လုပ်ကိုင်လျက် ရှိသော ဘီလျံဒေါ် လာ လုပ်ငန်းကြီး ဖြစ်သည်။ ဝါသနာအလျောက် ရှားပါးကားများကို ဝယ်ယူစုဆောင်းည်။ အချို့ကားများကို ပြတိုက်တွင် ပြသထားသည်။ ဖက်ရှင်ရှိုးကို ကားဂိုဒေါင်ကြီးတစ်ခုထဲမှာ ကျင်းပဖူးသည်။
ကုမ္ပဏိ၏ စီအီးအိုအဖြစ်မှာ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် အနားယူခဲ့သည်။ Forbes အဆိုအရ သူ့ပိုင်ဆိုင်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆ . ၃ ဘီလျံ ဖြစ်သည်။
သူသည် ကျော်ကြားသော ဒီဇိုင်နာတစ်ယောက်မဖြစ်မီ လက်လီရောင်းဝယ်ရေးတွင် အရောင်းသမားအလုပ် လုပ်ရသည်။ အလုပ်ပြောင်းလုပ်သည့်အခါ အမျိုးသားများအတွက် လည်စည်း neck tie ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီတွင် အရောင်းဝန်ထမ်း လုပ်ကိုင်သည်။
လည်စည်းအကြောင်း ကောင်းကောင်းတတ်သိပြီးသောခါ ကိုယ်ပိုင်လည်စည်းလုပ်ငန်းကို Ralph Lauren Corporation အမည်ဖြင့် ၁၉၆၇ ခုနှစ်တွင် ထူထောင်လုပ်ကိုင်သည်။ လည်စည်း ထုတ်လုပ်သော ကုမ္ပဏီအတွက် လုပ်ကိုင်ပေးခြင်း ဖြစ်ပြီး အသက် ၂၈ နှစ်တွင် အဆိုပါ ထုတ်လုပ်သူက Ralph Lauren ကို ကိုယ်ပိုင်ဖက်ရှင် လည်စည်း လုပ်ခွင့် ပေးလိုက်ရာ Ralph Lauren အမည်ဖြင့် လည်စည်းများ ထုတ်လုပ်သည်။
ဖက်ရှင် အဝတ်အစားများကို တိုးချဲ့ လုပ်ကိုင်သောအခါ သူက အားကစား ဝါသနာပါသူ ဖြစ်သဖြင့် အမည်ကို အားကစားနည်းတစ်မျိုးဖြစ်သော 'Polo' ဟု အမည်ပေးပြီး ၁၉၆၈ ခုနှစ်တွင် သည်။ showroom တစ်ခုတွင် သူ့ဖက်ရှင်ထည်များ တင်ခွင့်ရသည်။ showroom သို့ ကိုယ်တိုင်သယ်ပိုးပြီး ပေးပို့ရသည်။
Ralph Lauren ၏ ဖက်ရှင်စတိုင်လ်အားလုံးသည် ထူးခြားပြီး ဖက်ရှင်ကျသောလက်ရာများအဖြစ် လူသိများသည်။ ၁၉၇၁ ခုနှစ်တွင် ဖက်ရှင်တိုက်ကို စတင်သည်။ အမျိုးသမီးဝတ်ဖက်ရှင်များကိုပါ ထုတ်လုပ်သည်။ မကြာမီတွင် လုပ်ငန်းတိုးချဲ့ရာ အဝတ်အစားများ၊ ရေမွှေးများ ၊ ဖက်ရှင်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည့်အပြင် ပရိဘောဂ ကိုလည်း လုပ်ကိုင်သည်။
'Polo' အမည်နှင့် သူ့အမည် တွဲဖက်ပြီး 'Polo Ralph Lauren' အမည်ဖြင့် ဖက်ရှင်ထည်များ ထုတ်လုပ်သည်။ စားသောက်ဆိုင်လုပ်ငန်းကိုလည်း တိုးချဲ့လုပ်ကိုင်သည်။
Ralph Lauren ၏ ထင်ရှားသော အဆိုအမိန်ံ့မှာ
ကျွန်တော်က အဝတ်အစားတွေကို ဒီဇိုင်း မလုပ်ဘူး။ အိပ်မက်တွေကိုပဲ ဒီဇိုင်းလုပ်တယ်"
ထိပ္တန္းဖက္ရွင္ ဒီဇိုင္းနာတို႔သည္ ကမာၻတစ္ဝွမ္း ေက်ာ္ၾကားလွေသာ နာမည္ေကာင္းမ်ား ရွိေနသျဖင့္ သူတို႔ကို သူတို႔၏ ေအာင္ျမင္မႈႏွင္ တြဲ၍ သိထားၾကေသာ္လည္းေအာင္ျမင္မႈေနာက္ကြယ္ရွိသူတို႔၏ အမွန္တရားပုံျပင္မ်ားကို လူတိုင္းမသိၾကပါ။ အခ်ိဳ႕ေသာ ထိပ္တန္းဖက္ရွင္ ဒီဇိုင္းနာတို႔သည္ ယေန႔ေခတ္တြင္ ေအာင္ျမင္ရန္ ဘာမွ မရွိေသးသည့္ အျဖစ္မွ စတင္ခဲ့ၾကၿပီး သူတို႔ ျဖစ္လိုသည္ကို ျဖစ္ေအာင္ လုပ္ႏိုင္ခဲ့ၾကသည္။ ထို႔ေနာက္ နာမည္ ျပန္ေပ်ာက္မသြားေအာင္ ထိန္းထားႏိုင္ၾကသည္။
ယခု ကမာၻ႔ထိပ္တန္း ဖက္ရွင္ ဒီဇိုင္းနာတစ္ဦးျဖစ္သူ Ralph Lauren အေၾကာင္းကို ေျပာျပပါေတာ့မည္။
Ralph Lauren သည္ ၁၉၃၉ ခုႏွစ္ဖြား ဂ်ဴးလူမ်ိဳးျဖစ္သည္။ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕မွာ ေမြးဖြား ႀကီးျပင္းခဲ့သည္။ သူထူေထာင္ေသာ Ralph Lauren Corporation သည္ ကမာၻ တစ္လႊား ျဖန႔္က်က္လုပ္ကိုင္လ်က္ ရွိေသာ ဘီလ်ံေဒၚ လာ လုပ္ငန္းႀကီး ျဖစ္သည္။ ဝါသနာအေလ်ာက္ ရွားပါးကားမ်ားကို ဝယ္ယူစုေဆာင္းည္။ အခ်ိဳ႕ကားမ်ားကို ျပတိုက္တြင္ ျပသထားသည္။ ဖက္ရွင္ရႈိးကို ကားဂိုေဒါင္ႀကီးတစ္ခုထဲမွာ က်င္းပဖူးသည္။
Ralph Lauren hosts star-studded fashion showcase in private garage ...
ကုမၸဏိ၏ စီအီးအိုအျဖစ္မွာ ၂၀၁၅ ခုႏွစ္ စက္တင္ဘာလတြင္ အနားယူခဲ့သည္။ Forbes အဆိုအရ သူ႔ပိုင္ဆိုင္မႈ တန္ဖိုးမွာ အေမရိကန္ေဒၚလာ ၆ . ၃ ဘီလ်ံ ျဖစ္သည္။
သူသည္ ေက်ာ္ၾကားေသာ ဒီဇိုင္နာတစ္ေယာက္မျဖစ္မီ လက္လီေရာင္းဝယ္ေရးတြင္ အေရာင္းသမားအလုပ္ လုပ္ရသည္။ အလုပ္ေျပာင္းလုပ္သည့္အခါ အမ်ိဳးသားမ်ားအတြက္ လည္စည္း neck tie ထုတ္လုပ္ ေရာင္းခ်သည့္ ကုမၸဏီတြင္ အေရာင္းဝန္ထမ္း လုပ္ကိုင္သည္။
လည္စည္းအေၾကာင္း ေကာင္းေကာင္းတတ္သိၿပီးေသာခါ ကိုယ္ပိုင္လည္စည္းလုပ္ငန္းကို Ralph Lauren Corporation အမည္ျဖင့္ ၁၉၆၇ ခုႏွစ္တြင္ ထူေထာင္လုပ္ကိုင္သည္။ လည္စည္း ထုတ္လုပ္ေသာ ကုမၸဏီအတြက္ လုပ္ကိုင္ေပးျခင္း ျဖစ္ၿပီး အသက္ ၂၈ ႏွစ္တြင္ အဆိုပါ ထုတ္လုပ္သူက Ralph Lauren ကို ကိုယ္ပိုင္ဖက္ရွင္ လည္စည္း လုပ္ခြင့္ ေပးလိုက္ရာ Ralph Lauren အမည္ျဖင့္ လည္စည္းမ်ား ထုတ္လုပ္သည္။
ဖက္ရွင္ အဝတ္အစားမ်ားကို တိုးခ်ဲ႕ လုပ္ကိုင္ေသာအခါ သူက အားကစား ဝါသနာပါသူ ျဖစ္သျဖင့္ အမည္ကို အားကစားနည္းတစ္မ်ိဳးျဖစ္ေသာ 'Polo' ဟု အမည္ေပးၿပီး ၁၉၆၈ ခုႏွစ္တြင္ သည္။ showroom တစ္ခုတြင္ သူ႔ဖက္ရွင္ထည္မ်ား တင္ခြင့္ရသည္။ showroom သို႔ ကိုယ္တိုင္သယ္ပိုးၿပီး ေပးပို႔ရသည္။
Ralph Lauren ၏ ဖက္ရွင္စတိုင္လ္အားလုံးသည္ ထူးျခားၿပီး ဖက္ရွင္က်ေသာလက္ရာမ်ားအျဖစ္ လူသိမ်ားသည္။ ၁၉၇၁ ခုႏွစ္တြင္ ဖက္ရွင္တိုက္ကို စတင္သည္။ အမ်ိဳးသမီးဝတ္ဖက္ရွင္မ်ားကိုပါ ထုတ္လုပ္သည္။ မၾကာမီတြင္ လုပ္ငန္းတိုးခ်ဲ႕ရာ အဝတ္အစားမ်ား၊ ေရေမႊးမ်ား ၊ ဖက္ရွင္ဆက္စပ္ပစၥည္းမ်ား ထုတ္လုပ္သည့္အျပင္ ပရိေဘာဂ ကိုလည္း လုပ္ကိုင္သည္။
'Polo' အမည္ႏွင့္ သူ႔အမည္ တြဲဖက္ၿပီး 'Polo Ralph Lauren' အမည္ျဖင့္ ဖက္ရွင္ထည္မ်ား ထုတ္လုပ္သည္။ စားေသာက္ဆိုင္လုပ္ငန္းကိုလည္း တိုးခ်ဲ႕လုပ္ကိုင္သည္။
Ralph Lauren ၏ ထင္ရွားေသာ အဆိုအမိန္ံ့မွာ
ကြၽန္ေတာ္က အဝတ္အစားေတြကို ဒီဇိုင္း မလုပ္ဘူး။ အိပ္မက္ေတြကိုပဲ ဒီဇိုင္းလုပ္တယ္"