What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖန်တီးသူတို့ရဲ့ အကယ်ဒမီဖက်ရှင် ဒီဇိုင်နာ လတ်လတ်(lady boutique special)

မတ်လ(၂၃)ရက်နေ့ မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲကြီးတွင် ဒီဇိုင်နာလတ်လတ်(lady boutique special)က ဘယ်သူတွေကို ဘယ်လို တွေ ချုပ်လုပ်ပေးမလဲ ။ဒီဇိုင်းတွေကို ဘယ်လို ထွင်မလဲနဲ့ ပတ်သတ်ပြီးမေးမြန်းထားတာက …………..

ဒီနှစ်တော့ အကယ်ဒမီပွဲအတွက် မခိုင်(ထွန်းအိန္ဒြာဗိုလ်)နဲ့ မဆင့်(မေသန်းနု)၊သဉ္ဇာဝင့်ကျော်ရယ်ခိုင်နှင်းဝေ တို့ကို အမ ချုပ်ပေးမှာပါ။

မခိုင်(ထွန်းအိန္ဒြာဗိုလ်)ကို တော့ကြည်ပြာရောင်လေးကို နည်းတည်းဆန်းဆန်းပြားပြားပုံစံလေးချုပ်ပေး ထားတယ်။ မဆင့်(မေသန်းနု)ကိုတော့ သံပုရာဝါရောင်လေး ကိုရိုးရိုးလေးဘဲချုပ်ပေးထားတယ်။ သဉ္ဇာဝင့်ကျော်ကတော့ လူငယ်စတိုင်လေး ပလိန်းလေးဖြစ်ဖို့များတယ်။ခိုင်နှင်းဝေရောဘဲပေါ့။သူတို့ကြိုက်မယ့် ဟာလေးတွေအရင်မေးပြီးတော့မှ ကိုယ်ဖြစ်စေချင်တာလေးတွေ နဲ့ ပေါင်းစပ်ပြီးတိုင်ပင်ထားပါတယ်။

မြို့ကြီးသူပိုးထည် ကနေအမတို့ကို ကူညီပံ့ပိုးပေးထားပါတယ်။

အမကနှစ်တိုင်းလိုလို ဒီနှစ်မှာဘာလုပ်တယ်။ အမအစက ပန်းချီတွေဆွဲပြီး မခိုင်ကို နှင်းဆီပွင့် နဲ့ ပန်းချီတွေထွင်ခဲ့လိုက်တယ်။ရောင်းတန်းလဲ အများကြီးပန်းချီတွေနဲ့ပေါ်လာတယ်။အမ တနှစ်တနှစ်ကို ကိုယ်လုပ်တဲ့ ဒီဇိုင်းတွေထွင်ပြီးပြဖြစ်တယ်။ဒီနှစ်ကတော့ အမကိုယ်တိုင်ချိတ်တွေကို ကြိုက်နေတယ်။ အင်္ကျီကို ကရစ်စတယ်တွေနဲ့ ထိုးတာတွေဦးစားပေးဖြစ်မယ် ။

အကယ်ဒမီပွဲချုပ်ရတဲ့ ခံစားချက်ကတော့ တနှစ်တခါ မှ နိုင်ငံတော်ပွဲလဲဖြစ်တယ် မြန်မာပြည်မှာရှိတဲ့ တတိုင်းပြည်လုံးကြည့်တဲ့ အပြင် နိုင်ငံတကာကလည်းကြည့်တယ်။ အဲ့ အတွက် မင်းသမီးတွေလှဖို့ အမတို့လို ဒီဇိုင်နာတွေက စိတ်ကူးယဉ်ပြီးလုပ်ရတယ်။ ပြီးတော့နေရဒေသ အသက်အရွယ် ကို ကြည့်ပြီူးတော့ အားလုံးကစီစဉ်ကျတဲ့ အတွက် စိတ်ထဲမှာပီတိလဲဖြစ်တယ်။ပြီးတော့ ဒီဇိုင်းနာအားလုံးရဲ့ ဖက်ရှင် ကို လည်း အားလုံးကမြင်တွေ့ခွင့်ရတယ်။အမကတော့ ၀မ်းသာမိပါတယ်။

ယခုလက်ရှိမှာတော့ ဒီဇိုင်နာလတ်လတ်(lady boutique special)ဟာ မြန်မာနိုင်ငံ၏နာမည်ကြီးဒီဇိုင်နာ များထဲတွင် နာမည်ကြီးနေသူတယောက်ဖြစ်ပြီးသူဖန်တီးတဲ့ ၀တ်စုံတွေကလဲ ဒီဇိုင်းဆန်းပြီး လှပလွန်းလှပါတယ်။သူဟာ သင်တန်းသူသင်တန်းများကို လဲ သင်တန်းများဖွင့်လှစ်ပြီး သင်ကြားပြသပေးနေသူတယောက်ပါ။Style secret / designer design တို့တွင် ဒိုင်အဖြစ်ဆောင်ရွက်ပေးနေသူတယောက်ပါ။

Read 1000 times
Rate this item
(0 votes)