What's new

×

Warning

JUser: :_load: Unable to load user with ID: 845


The Diva အိန္ဒိယရိုးရာအ၀တ်အစား

The Diva အိန္ဒိယရိုးရာအ၀တ်အစား the diva facebook

Time to Change your look လို့ ဆိုထားတဲ့ The Diva အမည်ရှိ အိန္ဒိယရိုးရာအ၀တ်အစား ရောင်းချတဲ့ဆိုင်ကို သွားရောက်ပြီး မေးမြန်းခဲ့တာတချို့ကို တင်ပြလိုပါသည်။

ဆိုင်ပိုင်ရှင်ဖြစ်သူ ဒီဇိုင်နာအမ မမျိုးစန္ဒာဟာ မလေးရှားနိုင်ငံတွင် ဒီဇိုင်နာ သင်တန်းကို တက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဒီဇိုင်းများကို လေ့လာပြီး မြန်မာပြည်တွင် ပြန်လည် ဖွင့်လှစ်ရောင်းချခြင်း ဖြစ်ပါသည်။ အလှအပကို စိတ်ဝင်စားသူတစ်ဦး ဖြစ်ပြီး အိန္ဒိယရိုးရာနဲ့ ခေတ်ပေါ် အဝတ်အစားများကို ရောင်းချရာတွင် ဝယ်သူများကို လှသည်ထက်လှအောင် စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

အိန္ဒိယနိုင်ငံတွင် သူတို့၏ ရိုးရာဝတ်စုံကို အရမ်းတန်ဖိုးထားပြီး အမြတ်တနိုး ဝတ်စားကြပါတယ်။ ရိုးရာဝတ်စုံကို မင်္ဂလာဆောင်၊ အလှူအတန်း၊ ဘုရားပွဲများ၊ ပျော်ပွဲရွှင်ပွဲများတွင် ဝတ်ဆင်ကြပါတယ်။  ရိုးရာဓလေ့များအတိုင်း မင်္ဂလာမှုပြုခြင်း ဖြင့် အိမ်ထောင်ဦးမှစတင်ကာ သက်ဆုံးတိုင် ပျော်ရွှင်ခြင်း၊ ပြည့်စုံခြင်း၊ သာယာခြင်းတို့ကိုပိုင်ဆိုင်နိုင်မယ်လို့ မှတ်ယူလေ့ ရှိကြပါတယ်။ အင်ဒိုဝက်စ်တန် ပုံစံကို အဝတ်များကြပါတယ်။ ဒင်ဒိုဝက်စ်တန်ဝတ်စုံများသည် အပေါ်တွင်  အင်္ကျီအတိုနှင့် စကတ်ကားကားလေးက တစ်မျိုး၊  အင်္ကျီအရှည်နဲ့ ဘောင်ဘီရှည်အကျပ် ပုဝါခြုံထားသော ဝတ်စုံကစတိုင်လ်တစ်မျိုး  ၀တ်ဆင်ကြပါတယ်။

desginer

ဒီဇိုင်နာမမျိုးစန္ဒာ ပုံ

အိန္ဒိယနိုင်ငံတွင် ရာဇ၀င်ဇာတ်များ၊ ဘုရင်ဇာတ်ကားများ ရိုက်ရာတွင် ရိုးရာဝတ်စုံအစစ်ကို သီးသန့်ချုပ်လုပ်ပြီး ဝတ်ဆင်ရိုက်ကူးကြတယ်။ ဇာတ်လမ်းသုံးဝတ်စုံများကို အပြင်တွင် မဝတ်ဆင်ကြပါ။ ရာဇာဝင်ဇာတ်လမ်းသုံး လက်ဝတ်လက်စားများသည် ယောက်ျားဝတ် လက်ဝတ်လက်စား၊ မိန်းမဝတ် လက်ဝတ်လက်စားနှင့် ကလေးဝတ် လက်ဝတ်လက်စားဟူ၍လည်း ခွဲခြားထားကြောင်း သိရပါတယ်။ လက်ဝတ်လက်စား အရွယ်အစား အကြီးကြီးတွေကို သုံးထားသည်ကို တွေ့ရတယ်။

19958967 1635572229849188 8886655210592979449 n

အိန္ဒိယ အဝတ်အစားများက လှပပြီး လိုချင် စရာကောင်းလှပါတယ်။ အိန္ဒိယမှ တိုက်ရိုက်မှာယူပြီး ရောင်းချသော ဆိုင်များလည်း ရန်ကုန်တွင် အများအပြားရှိနေပြီ ဖြစ်ပါတယ်။ အချို့ ဆိုင်များတွင် ဒီဇိုင်နာ ကိုယ်တိုင်ထိုင်ပြီး ဝယ်ယူသူများကို မိမိနှင့် လိုက်ဖက်မည့်ပုံစံ၊တတ်နိုင်မည့် ငွေကြေးအရ ဆီလျော်မည့် အ၀တ်အစားကို  အကြံပေးရောင်းချသည့် ဆိုင်များလည်း ရှိပါတယ်။ လက်ဝတ်လက်စားကိုပါ အိန္ဒိယမှ မှာ ယူရောင်းချပါသည်။ ဒီမှာ ပြုလုပ်၍ ရသော်လည်း လက်မှုပညာအရရော၊ စက်ပစ္စည်းပိုင်းမှာ ပါကွာ ခြားသည့်အပြင် ပိတ်စ၊ ချုပ်ပုံချုပ်သားတို့မှအစ ကွာခြားနေသဖြင့်  အိန္ဒိယမှ တိုက်ရိုက်မှာ ယူရောင်းချကြခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၌ မင်္ဂလာပွဲအတွက် ၀တ်စုံဆိုလျှင် အိန္ဒိယမှ တိုက်ရိုက်မှာယူကြလေ့ရှိပြီး မင်္ဂလာဝတ်စုံမှာ ကျပ်တစ်သိန်းခွဲမှ သိန်းတစ်ရာအထိ ရှိပါတယ်။ တတ်နိုင်လျှင် တတ်နိုင်သလောက် အကုန်အကျခံ မှာယူ၍ ရပါတယ်။ သတို့သမီးဝတ်စုံအတွက် စကတ်တစ်ထည်ကို ပိတ်စအနည်းဆုံး ခြောက်ကိုက်မှ ခုနှစ်ကိုက်အထိ ကုန်မည်ဖြစ်ပြီး ကျောက်၊ ဘော်ကျယ်များ အစရှိသည်တို့ အလှဆင်ပြီးသွားသောအခါ ၎င်းစကတ်၏ အလေးချိန်မှာ ကီလိုလေးဆယ်အထိ အလေးချိန် ရှိပါသည်။ ထိုသို့ အလေးချိန် စီးသည့်အတွက် သယ်ယူပို့ဆောင်ခကို သီးခြားကောက်ခံရာ၌ ဈေးသိပ်မမြင့်သော ၀တ်စုံများဆိုလျှင် သယ်ယူပို့ဆောင်ခသည် ၀တ်စုံကုန်ကျစရိတ်ထက် ပိုမိုကုန်ကျပါတယ်။

15193664 585374208313241 8064111237591797378 n

 

မင်္ဂလာအခမ်းအနားအတွက် အိန္ဒိယရိုးရာအရ အလှပြင်ဆင်ရန် အိန္ဒိယနိုင်ငံတွင် ပြုလုပ်သော ကာခြယ်၊ ဒန်း အစရှိသည်တို့ကို မှာယူသုံးစွဲလေ့ရှိပါတယ်။

19959279 1635572209849190 8090660934406485543 n

 

အိန္ဒိယနိုင်ငံတွင် လူမျိုးပေါင်း များစွာကွဲပြားခြားနားပါတယ်။ ဘင်္ဂါလီ၊ သာမလီ၊ ဟိုက်သရာဘတ်၊ ပါကစ္စတန်စသော လူမျိုးအသီးသီးအတွက်လည်း ရိုးရာဝတ်စုံများ အမျိုးမျိုး ရှိနေသည်။ အဆိုပါ ရိုးရာဝတ်စုံတို့ကို မှာကြားလိုပါက အနည်းဆုံး အချိန်နှစ်လ ကြိုတင်ပေးရမည်ဖြစ်ပြီး ဝတ်ဆင်မည့်သူ၏ ကိုယ်တိုင်း အတိုင်း ဝယ်ယူသူ စိတ်တိုင်းကျ ဆောင်ရွက်ပေးပါတယ်။ အော်ဒါမှာမည်ဆိုပါက ၇၀%ပေးဆာင် ရမည် ဖြစ်ပါသည်။ လက်ဝတ်လက်စားဆိုလျှင် တစ်ဆင်စာကို ငွေကျပ် သုံးသောင်းကျော်မှ လေးသိန်းခွဲအထိ ကုန်ကျမည်ဖြစ်ပါတယ်။

19961179 1635572129849198 6148475736108761854 n

ဆာရီတစ်ထည်ကို အနည်းဆုံး ကျပ် တစ်သောင်းခွဲမှ တတ်နိုင်လျှင်တတ်နိုင်သလောက် ဈေးကြီးပေးဝယ်ယူနိုင်ပါတယ်။ ဝတ်စုံများတွင် ပါသော ကျောက်၊ဘော်ကျယ်များကို စက်ထိုးနှင့် လက်ထိုး ဟူ၍လည်း ခွဲခြားထားပါတယ်။ စက်ထိုးက ဈေးအနည်းငယ်သက်သာပြီး လက်ထိုးမှာ ဈေးကြီးပါတယ်။  အိန္ဒိယရိုးရာဝတ်စုံများကို ကလေးအရွယ်မှစတင်ကာ အသက်အပိုင်းအခြားမရွေးဝတ်စုံနိုင်တဲ့ နေ့စဉ်ဝတ်များအပြင် အခမ်းအနားများမှာ တင့်တယ်လှပစွာဝတ်ဆင်နိုင်တဲ့ ပွဲတက်ဝတ်စုံများအထိ ၀ယ်ယူရရှိနိုင်ပါတယ်။ ၀တ်စုံများဟာ အိန္ဒိယနိုင်ငံရှိ ဒီဇိုင်နာများရဲ့ ဖန်တီးမှုများဖြစ်ပြီး စေ့စပ်ပွဲနဲ့မင်္ဂလာအခမ်းအနားများမှာ ဆင်မြန်းဝတ်ဆင်နိုင်ဖို့ မင်္ဂလာမောင်နှံအတွက် ၀တ်စုံများအပြင် မိဘနှင့် မောင်နှမများအတွက်ပါ တစ်နေရာတည်းမှာ ရရှိနိုင်အောင် အိန္ဒိယနိုင်ငံမှ ကိုယ်တိုင်မှာယူတင်သွင်းထားတာဖြစ်ပါတယ်။ ၀တ်စုံများနဲ့ လိုက်ဖက်ညီဖို့ လက်ဝတ်ရတနာများနှင့်အတူ အခြားသော ရိုးရာအဆင်တန်ဆာများကိုလည်း စုစည်းရောင်းချပေးထားပါသေးတယ်။

15241849 585374081646587 7347971220180268085 n

 

ဝတ်စုံဒီဇိုင်းများမှာ Traditional ethic wear (အိန္ဒိယရိုးရာဒီဇိုင်း)၊ Indian Wear (အိန္ဒိယရိုးရိုးဒီဇိုင်း)၊ Indo Western Design (ခေတ်ရေစီးကြောင်းအရ အိန္ဒယရိုးရာနှင့် အနောက်တိုင်းဒီဇိုင်းကိုတွဲဖက်ထားတဲ့ဒီဇိုင်း)၊ Dhoti Pant (ဒိုသီဒီဇိုင်း)၊ Anarkali (အနားကလီဒီဇိုင်း)၊ Patiala (ပန်ချာပီဝတ်စုံ)၊ Gown (ပွဲတက်ဂါဝန်)၊ Daily wear (နေ့စဉ်ဝတ်)များကို လူကြီးလူငယ်မရွေး၊ ကျားမ မရွေးဝတ်ဆင်နိုင်အောင် အရည်အသွေးပြည့်မီမှုကို တန်ဖိုးထားတင်သွင်းထားတာဖြစ်ပါတယ်။ ရိုးရာအဆင်ပိတ်စများကို ၀ယ်ဖို့နဲ့ ချုပ်လုပ်ဖို့အတွက် စိတ်ပူစရာမလိုတော့ဘဲ The Diva Bollywood Couture ကိုသွားလိုက်တာနဲ့ အဆင်ပြေသွားမယ်လို့ ယုံကြည်ပါတယ်။The Diva မှ ရောင်းချရာတွင် ၀ယ်ယူသူမှ ဆိုင်သို့ လာရောက်ဝယ်ယူရမည်ဖြစ်ပြီး မှာကြားသည့် လိပ်စာသို့ လိုက်လံပို့ဆောင်ပေးခြင်း မပြုကြောင်း သိရပါတယ်။ဆိုင်လိပ်စာမှာသာကေတအမှတ်(၂၃၅)အနော်မှာအနောက်(၆)လမ်း၊သာကေတ။  ဖုန်းနံပါတ်များကတော့ ၀၉-၅၀ ၂၉၉၂၄၊ ၀၉-၉၆၅၀၂၉၉၂၄ တို့ ဖြစ်ကြပြီး www.facebook.com/thedivayangon မှာလည်း မေးမြန်းစုံစမ်းနိုင်ပါတယ်။ 

Read 2753 times
Rate this item
(2 votes)