K Thari စက်ချုပ်သင်တန်းမှစက်ချုပ်ပညာ အဖြာဖြာကို သင်ကြားပို့ချပေးနေပါသည်။
ဘယ်လို တန်းခွဲတွေနဲ့ သင်နေသလဲ။
၁။ ပညာဒါန သင်တန်း
၂။ K Thari သင်တန်း
၃။ အိမ်အရောက် သင်တန်း
၎။ Star Choise သင်တန်း ဆိုပြီး
တန်း ခွဲ ၄ ခု ထားပြီးသင်ကြားပေးနေပါသည်။
ဘယ်လိုနည်းစနစ်တွေနဲ့ သင်နေသလဲ။
သင်တန်းအားလုံးကို လက်မ နည်းဖြင့်
သင်ကြားပေးနေပါသည်။
သင်တန်းခွဲတစ်ခုဆီမှာ ဘယ်ဘာသာတွေပါသလဲ။
ပညာဒါန သင်တန်းတွင်
စက်နင်းနည်း၊
ကိုယ်တိုင်းနည်း အခြေခံ၊ ရင်စေ့ချုပ်နည်း
အခြေခံ၊ရင်ဖုံးချုပ်နည်း အခြေခံ၊ တို့ကို
သင်ကြားပေးနေပါသည်။(စက်ချုပ်ပညာ
စတင်လေ့လာသူများ အတွက်)။
K Thari သင်တန်းတွင်
ချိတ်စကတ်၊ ပတ်ထမီ၊ ၃လွှာစကတ်၊ ၄လွှာစကတ်၊ စကတ်တို (နောက်ကွဲ)၊ထီစကတ်၊ ကိုးရီးယားစကတ်တို၊ ရင်စေ့လက်ပြတ်၊ တက္ကသိုလ်ရင်ဖုံး၊ပုခုံးပျောက်အင်္ကျီ၊ ကုတ်အင်္ကျီ၊ Shirtအင်္ကျီ၊ ရင့်စေ့ ပုံဆန်းအမျိုးမျိုး၊ ရင်ဖုံးပုံဆန်းအမျိုးမျိုး၊ လက်ပုံဆန်း အမျိုးမျိုး၊ ဖြတ်ဆက်အင်္ကျီအမျိုးမျိုး၊ နောက်ကွဲ ဇစ်တပ်အင်္ကျီ အမျိုးမျိုးတို့ကို သင်ကြားပေးပါသည်။
အိမ်အရောက်သင်တန်းတွင်
ချိတ်စကတ်၊ ပတ်ထမီ၊ ၃လွှာစကတ်၊ ၄လွှာစကတ်၊ စကတ်တို(နောက်ကွဲ)၊
ရင်စေ့၊ ရင်ဖုံး၊ ပုခုံးပျောက်၊ ဖြတ်ဆက်အင်္ကျီ၊ နောက်ကွဲ ဇစ်တပ်အင်္ကျီ၊ ကော်လံပုံစံ အမျိုးမျိုး၊ လက်ပုံစံ အမျိုးမျိုး၊ ညဝတ်ဘောင်းဘီ၊ ဦးထုတ်ပါ အနွေးထည် တို့ကို သင်ကြားပေးနေပါသည်။
Star Choice သင်တန်းတွင်
မိမိ သင်လိုသောနှစ်သက်ရာဘာသာရပ်များကို ရွေးချယ်
သင်ယူနိုင်ပါသည်။
သင်တန်းချိန်တွေ ဘယ်လိုသတ်မှတ်သလဲ။
ပညာဒါန ကို
စနေ၊တနင်္ဂနွေ ၂ ရက်၊၁ ရက် ၁ ချိန်၊
၁ ချိန်မှာ ၂ နာရီ၊ အပတ်စဉ် သင်ကြားပေးနေပါသည်။
K Thari သင်တန်း ကို
စနေ၊တနင်္ဂနွေ ၂ ရက်၊
၁ ရက် ၂ ချိန်၊၁ ချိန်မှာ ၂ နာရ်ီ၊ ၃ လ အပြတ်
သင်ကြားပေးနေပါသည်။
အိမ်အရောက်သင်တန်း ကို
၁ ပတ် ၂ရက်၊
၁ ရက် ၁ ချိန်၊ ၁ ချိန်မှာ ၃ နာရီ၊ ၁ လခွဲအပြတ်
သင်ကြားပေးနေပါသည်။
သင်တန်းကြေးတွေက ဘယ်လိုယူသလဲ။
ပညာဒါန သင်တန်းကို
သင်တန်းကြေး လုံးဝ မယူ၊
သင်ထောက်ကူပစ္စည်းဖိုး လုံးဝ မတောင်း
စတင်လေ့လာသူတွေအတွက် free သက်သက်
သင်ကြားပေးနေပါသည်။
K Thari သင်တန်းကို
သင်တန်းကြေး ကျပ်တစ်သိန်းဖြင့် သင်ကြားပေးနေပါသည်။
အိမ်အရောက်သင်တန်းကို သင်တန်းကြေး ကျပ်တစ်သိန်းခွဲဖြင့် သင်ကြားပေးနေပါသည်။
Star Choice သင်တန်း ကို ဘာသာရပ်ပေါ်မူတည်ပြီး
သင်တန်းကြေးယူပြီး သင်ကြားပေးနေပါသည်။
သင်တန်း လိပ်စာ ဖုန်းနံပါတ်တွေက ဘယ်မှာလဲ
အမှတ် ၈၁၆ ဗိုလ်ချိုလမ်း၊ ၄၆ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း 09777310711, 09420011505, 09770312092