What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ဒီဇိုင်နာ မေမြတ်ဝါဆို

ဖက်ရှင်ဒီဇိုင်နာ မေမြတ်ဝါဆို google

သူမဟာ ဖက်ရှင်နယ်ပယ် အောင်မြင်ကျော်ကြားနေတဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ပဲဖြစ်ပါတယ်။

သူမရဲ့လက်ရာတွေကိုတော့ သူမရဲ့ ဖက်ရှင်ရိူးပွဲမှာတွေ့ရသလို၊ နာမည်ကြီး မင်းသားမင်းသမီးတွင်လည်း မြင်တွေ့ရတတ်ပါတယ်။
၂၀၀၅ ခုနှစ်တွင် အင်္ဂလိပ်စာမေဂျာဖြင့် ဘွဲ့ရရှိခဲ့သော မေမြတ်ဝါဆိုသည်၂၀၀၇ ခုနှစ်တွင် “Happy Heart” အမည်ရှိ Dressmaking & Fashion Design Training Centre ကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး၊ ၂၀၁၀ တွင် “Happy Heart” Brand & Design School ကို ထပ်မံဖွင့်လှစ်ခဲ့ပါသည်။ ဘန်ကောက်မြို့တွင်ကျင်းပသော BIFF & BIL International Fashion Fair နှင့် ဟောင်ကောင်တွင် ကျင်းပသော Hong Kong Fashion Week 2016 တို့တွင် မြန်မာ့ရိုးရာရွှေချည်ထိုး မြန်မာဝတ်စုံများကို သွားရောက်ပြသခဲ့သည်။
၂၀၁၈ ခုနှစ်တွင် Shwe FM မှ ချီးမြှင့်သည့် Designer Award ဆုကိုရရှိခဲ့ပြီး၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များတွင် ပြုလုပ်ကျင်းပသော Indonesia Fashion Week ပွဲတွင် ၃ နှစ်ဆက်တိုက် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ပြသခွင့်ရခဲ့သည်။

မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသော အမျိုးသမီးရေးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲတွင်လည်း ၆ ကြိမ်တိုင်တိုင် ပါဝင်ပြသခဲ့ပြီး ပြည်တွင်းပြည်ပဖက်ရှင်ပြပွဲများအပါအဝင် စုစုပေါင်း ပွဲ ၅၀ ကျော်ပြသခဲ့သည့် အောင်မြင်သော ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်သည်။
သူမရဲ့အကြောင်းကို သူမရဲ့လက်ရာတစ်ချို့နဲ့အတူ မျှဝေပေးလိုက်ပါတယ်။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

သူမဟာ ဖက္ရွင္နယ္ပယ္ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ ဖက္ရွင္ဒီဇိုင္နာတစ္ေယာက္ပဲျဖစ္ပါတယ္။

 

သူမရဲ႕လက္ရာေတြကိုေတာ့ သူမရဲ႕ ဖက္ရွင္ရူိးပြဲမွာေတြ႔ရသလို၊ နာမည္ႀကီး မင္းသားမင္းသမီးတြင္လည္း ျမင္ေတြ႔ရတတ္ပါတယ္။
၂၀၀၅ ခုႏွစ္တြင္ အဂၤလိပ္စာေမဂ်ာျဖင့္ ဘြဲ႕ရရွိခဲ့ေသာ ေမျမတ္ဝါဆိုသည္၂၀၀၇ ခုႏွစ္တြင္ “Happy Heart” အမည္ရွိ Dressmaking & Fashion Design Training Centre ကို စတင္တည္ေထာင္ဖြင့္လွစ္ခဲ့ၿပီး၊ ၂၀၁၀ တြင္ “Happy Heart” Brand & Design School ကို ထပ္မံဖြင့္လွစ္ခဲ့ပါသည္။

ဘန္ေကာက္ၿမိဳ႕တြင္က်င္းပေသာ BIFF & BIL International Fashion Fair ႏွင့္ ေဟာင္ေကာင္တြင္ က်င္းပေသာ Hong Kong Fashion Week 2016 တို႔တြင္ ျမန္မာ့႐ိုးရာေ႐ႊခ်ည္ထိုး ျမန္မာဝတ္စုံမ်ားကို သြားေရာက္ျပသခဲ့သည္။

၂၀၁၈ ခုႏွစ္တြင္ Shwe FM မွ ခ်ီးျမႇင့္သည့္ Designer Award ဆုကိုရရွိခဲ့ၿပီး၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုႏွစ္မ်ားတြင္ ျပဳလုပ္က်င္းပေသာ Indonesia Fashion Week ပြဲတြင္ ၃ ႏွစ္ဆက္တိုက္ ျမန္မာႏိုင္ငံကိုယ္စားျပဳ သြားေရာက္ျပသခြင့္ရခဲ့သည္။

ျမန္မာအမ်ိဳးသမီးမ်ားေန႔ကို ဂုဏ္ျပဳေသာ အမ်ိဳးသမီးေရးရာ ဝတ္စားဆင္ယင္ထုံးဖြဲ႕မႈျပပြဲတြင္လည္း ၆ ႀကိမ္တိုင္တိုင္ ပါဝင္ျပသခဲ့ၿပီး ျပည္တြင္းျပည္ပဖက္ရွင္ျပပြဲမ်ားအပါအဝင္ စုစုေပါင္း ပြဲ ၅၀ ေက်ာ္ျပသခဲ့သည့္ ေအာင္ျမင္ေသာ ဖက္ရွင္ဒီဇိုင္နာတစ္ဦးျဖစ္သည္။

သူမရဲ႕အေၾကာင္းကို သူမရဲ႕လက္ရာတစ္ခ်ဳိ႕နဲ႔အတူ မွ်ေဝေပးလိုက္ပါတယ္။

 

mmws

 

 

mmws1

 

 

mmws2

 

 

Myanmar Textile and Garment Directory

သူတို႔လို လွပစြာ ခ်ဳပ္ဖို႔ ဖက္ရွင္ဒီဇိုင္နာေတြကို သိခ်င္တယ္ဆိုရင္ေတာ့ဒါေလးကို ႏွိပ္လိုက္ပါေနာ္

Read 2036 times
Rate this item
(0 votes)
Tagged under