What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာမကေခိုင်လွင် ၏ ဖန်တီးမှုလက်ရာများ

ဒီဇိုင်နာမကေခိုင်လွင် ၏ ဖန်တီးမှုလက်ရာများ Facebook

ဒီတစ်ခေါက်မှာတော့ Textile ပရိတ်သတ်ကြီးကို ဒီဇိုင်နာ မကေခိုင်လွင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇိုင်နာ မကေခိုင်လွင်ဟာဆိုရင် ကျောင်းပြီးကတည်းက ဒီဇိုင်နာပညာကိုစတင်လေ့လာခဲ့တာပဲဖြစ်ပါတယ်။


၂၀၁၈ ခုနှစ်မှာတော့ ရန်ကုန်မှာ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ ဖက်ရှင်ဆိုင်လေးတစ်ဆိုင်ကိုစတင်ဖွင့်လှစ်ခဲ့ပြီး


ဒီဇိုင်းပညာနဲ့ ပတ်သက်တဲ့ သင်တန်းလေးတွေကိုလည်းဖွင့်လှစ်ခဲ့ပါတယ်။

 

မကေခိုင်လွင်ဟာဆိုရင် မြန်မာဝတ်စုံတွေနဲ့ Evening Gown ၊ ပွဲတက်ဝတ်စုံတွေ ဖန်တီးချုပ်လုပ်တဲ့နေရာမှာ


အလွန်သေသပ်လှပသူတစ်ဦးလည်းဖြစ်ပါတယ်။ Coustomer တွေအပေါ်မှာ စေတနာ ထားပြီး အပင်ပန်းခံ ကာ

 

စိတ်တိုင်းကျ ဖန်တီးချုပ်လုပ်ပေးတာကြောင့် Coustomer တွေဆီကနေ Feedback ကောင်းတွေရရှိထားတဲ့

 

ဒီဇိုင်နာတစ်ဦးလည်းဖြစ်ပါတယ်။

 

ဒါ့ပြင် မကေခိုင်လွင်ဟာ ၂၀၂၀ မှာခေတ်စားလာမယ့် ဖက်ရှင်လေးတွေ၊ အရောင်လေးတွေနဲ့ ပတ်သက်ပြီး


“၂၀၂၀ မှာတော့အရောင်ငြိမ်းတွေခေတ်စားမယ်ထင်ပါတယ်။ အဓိက Handmade ပိုင်း အားသာတဲ့ ပုံစံလေးတွေ

 

ပိုပြီးခေတ်စားမယ်လို့ ထင်ပါတယ်” သူမရဲ့ ထင်မြင်ချက်လေးကို သုံးသပ်ပြောကြားပေးခဲ့ပါတယ်။

 

ဆက်လက်ပြီး မကေခိုင်လွင်ကဒီဇိုင်းပညာကိုဝါသနာပါပြီး ဒီဇိုင်နာလောကထဲကိုစတင်ဝင်ရောက်လာမယ့်

 

တက်သစ်လူငယ်လေးတွေကို “ ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ့်အလုပ်အပေါ် စေတနာထားပြီး လုပ်ရင်

 

ကိုယ့်ကိုအလုပ်လာအပ် တဲ့ Coustomer တွေဆီကလည်း တူညီတဲ့စိတ်ကျေနပ်မှုကို ရရှိမှာပါ။

 

ပညာရပ်တွေကတော့ လေ့လာဖို့မကုန်နိုင်ပါဘူး။

 

သင်တန်းတိုင်းကလည်း သူဟာနဲ့ သူ အားနည်းချက်အားသာချက်တွေကိုယ်စီရှိကြပါတယ်။

 

အဲ့ဒီထဲကမှ ကိုယ်က အားသာချက်တွေကိုယူသုံးနိုင်ရင် နေရာတိုင်းမှာ ပညာရစရာတွေကြီးပါပဲ။

 

အခုထိလည်းအလုပ်ကနေပညာတွေသင်ယူနေဆဲပါလို့” ဒီဇိုင်းပညာရပ်နဲ့ပတ်သက်ပြီး လေ့လာရမယ့်အချက်လေးတွေကို

 

သူမရဲ့အတွေ့အကြုံတွေနဲ့ ပြောပြပေးခဲ့ပါတယ်။

 

Adress : No.83 , 1st Floor , 8 Street , Lanmadaw Town Ship.

 

Phone : 09 97091139 , 09 790197430   

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 


  



kg1

kg7



kg5

kg3




kg4

kg10




kg9 

kg13








လ့လာရမယ့်အချက်လေးတွေကို သူမရဲ့အတွေ့အကြုံတွေနဲ့ ပြောပြပေးခဲ့ပါတယ်။

kg11

kg12

kgs1

kgs2



Myanmar Textile and Garment Directory    

 
Read 2139 times
Rate this item
(0 votes)
Tagged under