What's new

×

Warning

JUser: :_load: Unable to load user with ID: 845



ကမ္ဘာပေါ်မှာ အကောင်းဆုံး creative ဖက်ရှင်ဒီဇိုင်နာ (၁၀)ဦး google


1.Michael Kors





1copy2

1 1


2.Valentino




2copy

2 1

3.Elie Saab





1copy1

3 1





4copy

4 1

5.Rebecca Minkoff






5copy

5 1

6.Uzma Babar



6

6 1


7.Zac Posen





7copy

7 1

8.Prabal Gurung



8copy

8 1

9.Charlotte Ronson




9copy

 

9 1


10.Hany El Behairy




10copy

 

 

 

10 1

 

 

Unicode ဖြင့်ဖတ်ရန်......
ကမ္ဘာပေါ်မှာ အကောင်းဆုံး creative ဖက်ရှင်ဒီဇိုင်နာ (၁၀)ဦး
ဒီတစ်ခေါက်မှာတော့ Textile ကနေ ဖက်ရှင်လောကရဲ့ creativeဖက်ရှင်ဒီဇိုင်နာ(၁၀)ဦးအကြောင်းကို ပြောပြပေးချင်ပါတယ်နော်

1.Michael Kors

 စာဖတ်သူသာ Michaelကိုသိတဲ့လူဆိုရင် Michaelဟာ top one နေရာရထားတာ အံသြစရာ မရှိလောက်ပါဘူးနော်။ သူ ဟာ accessories နှင့် ready-to-wear တွေမှာ ဆုရဒီဇိုင်နာတစ်ဦးပဲဖြစ်ပါတယ်။

Michaelရဲ့ဒီဇိုင်းတွေဟာဆိုရင် ဆွဲဆောင်မူရှိပြီး classy ဖြစ်နေတဲ့ဒီဇိုင်းတွေနဲ့  ဖက်ရှင်လောကမှာ အအောင်မြင်ဆုံးဖြစ်နေပါတယ်။ Michaelရဲ့ သူများအပေါ်ထားတဲ့ ဂရုဏာစိတ်ကြောင့် လူအများရဲ့ ချစ်ခင်မူကိုလည်း ရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်။

Michaelဟာဆိုရင် Michael Kors ဆိုတဲ့နာမည်နဲ့ accessories၊ eyewear၊ footwear၊ jewelryနှင့် အမျိုးသားဝတ် ၊အမျိုးသမီးဝတ်အစရှိတဲ့ဒီဇိုင်းမျိုးစုံကို ဖန်တီးထုတ်လုပ်လျက်ရှိပါတယ်။

Michaelရဲ့ဒီဇိုင်းလက်ရာများကိုလည်း New York ၊ Hong Kong၊ Tokyo အစရှိတဲ့ ကမ္ဘာတစ်ဝန်းက မြို့တော်တော်များများမှာ ရောင်းချလျက်ရှိပါတယ်။

2.Valentino


  Valentino ဟာ ငယ်ငယ်ကတည်းက ဖက်ရှင်ဒီဇိုင်းတွေကို စိတ်ဝင်စားတဲ့ အီတလီ ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ သူဟာ ပဲရစ်မှာရှိတဲ့ Ecole des Beaux-Art နှင့် Chambre Syndicale de la Couture Parisenne ဖက်ရှင်ကျောင်း တွေမှာ စတင်လေ့လာခဲ့ပါတယ်။

ဒါပေမယ့် Valentinoဟာ Jean Dessès and Guy Laroche တွေ မှာ အလုပ်သင်အနေနဲ့ လုပ်ခဲ့ပါတယ်။ သူ ဟာ ၁၉၅၉ခုနှစ်ကစ၍ ဖက်ရှင်လမ်းကြောင်းပေါ်မှာ ရပ်တည်လာခဲ့ပြီး တစ်နှစ်အတွင်းမှာ  အအောင်မြင်ဆုံးဒီဇိုင်နာတစ်ဦးဖြစ်လာခဲ့ပါတယ်။

3.Elie Saab

Elie Saab ဟာဆိုရင် ဒီဇိုင်းနဲ့ပတ်သတ်တဲ့ လက်ဘနွန်က ဖက်ရှင်ဒီဇိုင်နာတစ်ဦးပဲဖြစ်ပါတယ်။ သူဟာဆိုရင် သူရဲ့ဖက်ရှင်ဝါသနာအရ  ၉နှစ်အရွယ်လောက်ကတည်းက  သူရဲ့ညီမတွေကို ဝတ်စုံဒီဇိုင်းနှင့်ပတ်သတ်၍ ဆင်မြန်းပေးတတ်လေ့ရှိပါတယ်။

ဆယ်ကျော်သက်အရွယ်မှာတော့ သူရဲ့ အိမ်နီးနားချင်းတွေကို သူကိုယ်ပိုင်ဖန်တီးထားသော လက်ရာများကို ရောင်းချနေပါပြီ။ သူဟာ ၁၉၈၀မှာ ပထမဆုံး ကိုယ်ပိုင်ဖက်ရှင်နေရာလေးတည်ထောင်ပြီးတော့ သတို့သမီးဝတ်စုံတွေကို အထူးပြုလုပ်ဖန်တီးခဲ့ပါတယ်။

သူဟာဆိုရင် ဝတ်စုံတစ်စုံရဲ့ ဇာထိုး၊ပန်းထိုး လက်ရာများမှာ ဖန်တီးနိုင်စွမ်းရှိသူတစ်ယောက်ဖြစ်ပြီး Italian Camera Nazionale Della Moda အဖွဲ့အစည်းရဲ့ ပထမဆုံးသောအီတလီနိုင်ငံသားမဟုတ်တဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

သူရဲ့ဒီဇိုင်းလက်ရာတွေကို  သူရဲ့ဆိုင်အပြင် တခြားနေရာတွေမှာလည်း လက်လီဝယ်ယူရရှိနိုင်ပါတယ်။

4.Diane von Furstenberg

Diane ဟာ ၁၉၇၂ခုနှစ်မှာ DVF brand တစ်ခုကိုတည်ထောင်ခဲ့ပါတယ်။ VDF brand ဟာ ထူးခြားပြီး ဆန်းသစ်တဲ့ ကာလာ၊ဒီဇိုင်းတွေနဲ့ ဖန်တီးထားတဲ့ အမျိုးသမီးဝတ်စုံတွေကြောင့် ဈေးအကြီးဆုံး brand တစ်ခုဖြစ်လာခဲ့ပါတယ်။

ဒီ brand ဟာ အဝတ်အစားတွေကိုပဲ အဓိကထား ထုတ်လုပ်ပေမဲ့ နောက်ပိုင်း ဖက်ရှင်နဲ့ပတ်သတ်တဲ့ accessoriesတွေကိုလည်း ထုတ်လုပ်လာခဲ့ပြီး ဖက်ရှင်လမ်းကြောင်းမှာ အကျော်ကြားဆုံး brandsတွေဖြစ်လာခဲ့ပါတယ်။

VDF brandsတွေကို New Yorkမြို့မှာ အဓိကထုတ်လုပ်ပြီး မြို့ပေါင်း၅၅မြို့နှင့် ဥရောပ၊ အမေရိကန်နှင့် အာရှမှာရောင်းချလျက်ရှိပါတယ်။

5.Rebecca Minkoff

သူမဟာဆိုရင် ဈေးအကြီးဆုံးဇိမ်ခံဖက်ရှင်ရဲ့ စက်မူလုပ်ငန်းအတွက် ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့ကိုယ်ပိုင်brand တစ်ခုဖြစ်တဲ့ Minkoff brand ဟာ  အမျိုးသမီးတွေနဲ့ပတ်သတ်တဲ့ footwear၊ လက်ကိုင်အိတ်၊ အဝတ်အစားနှင့် accessories တွေကို အဓိကပစ်မှတ်ထား၍ ထုတ်လုပ်ဖန်တီးလျက်ရှိပါတယ်။

သူမဟာငယ်ရွယ်စဉ်ကတည်းက ဒီဇိုင်းပညာကိုလေ့လာခဲ့ပြီး သူမရဲ့ရည်မှန်းချက်အရ  New Yorkမြို့မှာ ဖက်ရှင်နဲ့ ပတ်သတ်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ သူမရဲ့ ဖက်ရှင်လမ်းကြောင်းဟာ "I love New York" ဆိုပြီးရေးသားထားတဲ့ T-shirts တွေကိုထုတ်လုပ်ခြင်းဖြင့် ပေါ်လွင်ထင်ရှားလာခဲ့ပါတယ်။

နှစ်အနည်းငယ်ကြာတဲ့အခါမှာ သူမဟာ လက်အိတ်ဒီဇိုင်းမျိုးစုံ၊ ready made အဝတ်အစားတွေ အစရှိတဲ့ ဖက်ရှင်နဲ့ပတ်သတ်တဲ့ ပစ္စည်းတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဖန်တီးထုတ်လုပ်လာခဲ့ပါတယ်။

သူမကို Accessories Council မှ Breakthrough Designer Award ဆုကိုချီးမြှင့်ပြီးနောက် သူမရဲ့ brandဟာ အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။

သူမရဲ့ အကိုဟာဆိုရင်လည်း Uri Minkoff ဆိုတဲ့နာမည်နဲ့ အမျိုးသားတွေအတွက် ဖက်ရှင်နဲ့ ပတ်သတ်တဲ့ ပစ္စည်းများကို နေရာတော်တော်များများမှာ ရောင်းချလျက်ရှိပါတယ်။

6.Uzma Babar

သူမဟာ  တမူထူးခြားပြီး မတူညီတဲ့ဒီဇိုင်းတွေနဲ့ဖန်တီးထားသော Umsha brand ကို  စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ သူမရဲ့အဝတ်အစားဒီဇိုင်းတွေဟာ လက်တွေ့ကျကျ ဝတ်ဆင်လေ့ရှိတဲ့ အဝတ်အစားတွေကို အလှအပဒီဇိုင်းတွေနဲ့ဖန်တီးပြုလုပ်ထားတတ်ပါတယ်။

သူမဖန်တီးတဲ့ ရိုးရာဝတ်စုံတွေမှာ ရိုးရာလည်းမပျက်စီးစေဘဲ ဇာထိုး၊ ပန်းထိုးအစရှိတဲ့ အနုလက်ရာတွေကိုလည်း မြင်တွေ့ရတတ်ပါတယ်။ သူမရဲ့ Umsha brand ဟာဆိုရင်လည်း လူကြိုက်များလှပြီး ကမ္ဘာအနှံ့အပြားတစ်ဝန်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။

7.Zac Posen

သူဟာ ကျောင်းတတ်နေစဉ်ကာလမှာ Naomi Campbell ဆိုတဲ့ အမျိုးသမီးအတွက် ဂါဝန်ကို အထူးဖန်တီးပေးခဲ့ပါတယ်။ ထိုဂါဝန်ကို ဖန်တီးပေးဖို့ရာအတွက် လူအများကြား နာမည်ကြီးဂါဝန်ပုံစံနှင့်  ပွဲတတ်ဂါဝန်တွေကိုလည်းငှားရမ်းကာ လေ့လာ၍ ဖန်တီးပေးခဲ့ပါတယ်။


ဒါဟာ သူရဲ့ ပထမဆုံး ဖက်ရှင်လောကကို ဝင်ရောက်လာခြင်းဖြစ်ပြီး သူဟာ ဖက်ရှင်နဲ့ပတ်သတ်တဲ့အကြောင်းအရာများကို စဉ်ဆက်မပြတ်စောင့်ကြည့်နေခဲ့ပါတယ် ။ သူဟာ ဘွဲ့ရပြီး New York ကိုသူမိသားစုနဲ့ အတူပြောင်းရွေ့လာခဲ့ပါတယ်။

၂၀၀၂ မှာ ပထမဆုံး အမျိုးသမီးဖက်ရှင်ဒီဇိုင်းတွေကို ပြသတဲ့ runway showပွဲကိုပြုလုပ်ခဲ့ပါတယ်။ သူရဲ့show ပွဲဟာ ကုမ္ပဏီတော်တော်များများက စိတ်ဝင်စားခဲ့ပြီး အောင်မြင်မူလည်းရရှိခဲ့ပါတယ်။

8.Prabal Gurung

သူဟာ စင်ကာပူနိုင်ငံသားတစ်ယောက်ဖြစ်ပြီး Bill Blassမှာ ၅နှစ်နီးပါး ဒီဇိုင်နာ ဒါရိုက်တာတစ်ဦးအဖြစ်အလုပ်လုပ်ခဲ့ပါတယ်။  Michelle Obama နှင့် Oprah Winfrey တို့ အပါအဝင် တခြား နာမည်ကြီး celebrity တွေလည်း သူရဲ့ brandsကို ဝတ်ဆင်လေ့ရှိကြပါတယ်။

New Delhi’s Institute of Fashion Technology မှ degree ရရှိခဲ့ပြီး ဖက်ရှင်ကျောင်းတော်တော်များများကိုလည်း ဖက်ရှင်အကြောင်း သင်ကြားပေးခဲ့ပါတယ်။ သူဟာဆိုရင် Parsons/FIT design ပြိုင်ပွဲမှာလည်း နှစ်စဉ် အကောင်းဆုံးဒီဇိုင်နာဆုကိုရရှိသူ တစ်ဦးလည်းဖြစ်ပါတယ်။

 9.Charlotte Ronson

သူမဟာဆိုရင် ကမ္ဘာပေါ်မှာအကောင်းဆုံး ဒီဇိုင်နာ list ထဲက ထိပ်ဆုံးမှာရပ်တည်နေတဲ့ အင်္ဂလိပ်ဒီဇိုင်နာတစ်ဦးပဲဖြစ်ပါတယ်။

သူမရဲ့ဖက်ရှင်တွေအကြောင်းကို Vogueမဂ္ဂဇင်းအပါအဝင် တခြားနာမည်ကြီး မဂ္ဂဇင်းတွေမှာ ဖော်ပြခြင်းခံခဲ့ရပြီး နောက်နှစ်မှာ  သူမဟာ New York မှာ သူမကိုယ်တိုင် ဦးဆောင်တဲ့ဖက်ရှင်ဆိုင်နှင့် The Wall လို့ခေါ်တဲ့  ဂျပန်အဝတ်အစား ကုမ္ပဏီတစ်ခု ကိုစတင်တည်ထောင်ခဲ့ပါတယ်။

နှစ်အနည်းငယ်ကြာပြီးနောက် သူမရဲ့brands ဟာ celebritiesနှင့် လူအတော်များများ ကြိုက်နှစ်သက်ဆုံး brandsတစ်ခုဖြစ်လာတဲ့အထိ အောင်မြင်လာခဲ့ပါတယ်။

10.Hany El Behairy

သူဟာဆိုရင်တော့ အီဂျစ်ရဲ့ဖက်ရှင်ပုံရိပ်ကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ အီဂျစ်ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ သူဟာငယ်ရွယ်စဉ်ကတည်းက ပုံဆွဲခြင်း၊ ဆေးခြယ်ခြင်း၊ အရုပ်မလေးတွေရဲ့ အဝတ်အစားနှင့် ဆံပင်တွေကို ခြယ်သပေးခြင်းတို့မှာ အထူးဝါသနာထုံသူတစ်ယောက်လည်းဖြစ်ပါတယ်။

သူဟာ celebrityတွေရဲ့ပုံရိပ်တွေကို အမြဲစောင့်ကြည့်တတ်သူတစ်ယောက်ပါ။ အဒေါ်ရဲ့မင်္ဂလာဝတ်စုံကို ကူညီပေးရင် ဖက်ရှင်ဒီဇိုင်းပညာကို စတင်လေ့လာခဲ့ပါတယ်။ သူဟာ လအနည်းငယ်ကြာ အီဂျစ်ရဲ့ မင်္ဂလာဝတ်စုံဒီဇိုင်းပုံစံတွေကို လေ့လာခဲ့ပါတယ်။

သူဟာ အမျိုးသမီးဝတ်စုံဖန်တီးတဲ့နေရာမှာ ဆရာတစ်ပါး ဖြစ်လာခဲ့ပါတယ်။

အားလုံးအတွက် ဗဟုသုတရလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင့်

 

Myanmar Textile and Garment Directory

Read 3252 times
Rate this item
(0 votes)
Tagged under