What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တရုတ်ဒီဇိုင်နာGuo Peiရဲ့ဖန်တီးမှုလက်ရာများ

Guo Pei က ၁၉၆၇မှာမွေးဖွားခဲ့တဲ့ တရုတ်လူမျိုး ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။

သူမကို တရုတ်အနုပညာရှင်များရဲ့အဝတ်အစားများနဲ့ Rihanna ကို ၂၀၁၅ခုနှစ်တုန်းက Met Galal ပွဲတော်အတွက် အဝါရောင်အင်ပါယာအသွင်ဝတ်စုံပြုလုပ်ပေးခဲ့ခြင်းကြောင့် လူသိများပါတယ်။

၂၀၁၄ မှာပြသခဲ့တဲ့ The Monkey King ဇာတ်ကားထဲမှ သူမဖန်တီးပေးခဲ့တဲ့ အဝတ်အစားများကြောင့် ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲမှာ စကာတင်စာရင်းဝင်ခဲ့ပါတယ်။ Guo Pei ရဲ့ဒီဇိုင်းကုမ္ပဏီဟာ စူပါစတားများရဲ့နှစ်သက်မှုကို အများဆုံးရရှိခဲ့တာဖြစ်ပြီး ဒါကသူမကို ဖက်ရှင်လောကရဲ့ အထူးအာရုံစိုက်စရာ ဒီဇိုင်နာတစ်ဦးအဖြစ်သို့ ရောက်ရှိစေခဲ့ပါတယ်။

Guo Pei က သူမရဲ့ပေကျင်းအခြေစိုက်ဖက်ရှင်ကုမ္ပဏီဖြစ်တဲ့ Rose Studio ကို ၁၉၉၇ မှာ တစ်ရာစုနီးပါးလောက် အပြင်ပိုင်းဒီဇိုင်နာအဖြစ်လုပ်ကိုင်ခဲ့ပြီးမှ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတည်းက သူမဟာတရုတ်ပြည်မှာ နာမည်အကြီးဆုံး ဒီဇိုင်နာဝတ်စုံချုပ်လုပ်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ နှစ်အစောပိုင်းလောက်မှာ ဂရမ်မီဆုရှင် Rihanna က Guo ရဲ့ အဝါရောင်အင်ပါယာဂါဝန်ရှည်ကြီးကို နယူးယောက်ခ်မြို့မှာကျင်းပခဲ့တဲ့ Metropoitan Museum of Art ပွဲမှာဝတ်ဆင်ခဲ့ပါတယ်။

2

အဆိုပါဂါဝန်ရှည်ဟာ ပေါင် ၅၅ ပေါင်အလေးချိန်ရှိပြီး ချုပ်ရိုးချုပ်သားအသေးစိတ်ကျနစွာဖြင့် နာရီပေါင်း ၅၀ဝ၀ဝ နာရီ၊ အချိန်အားဖြင့် နှစ်နှစ်နီးပါး အချိန်ယူကာ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။Vogue မဂ္ဂဇင်းကြီးမှလည်း ၄င်းရဲ့ Met Gala အထူးထုတ်စာအုပ်မှာ Rihanna ရဲ့ပုံကို ကာဗာတင်လိုက်ခြင်းအားဖြင့် Guo Pei ရဲ့နာမည်ကို ဖက်ရှင်လောကမှာ နိုင်ငံတကာအောင်မြင်မှုတစ်ခုဖြစ်စေခဲ့ပါတယ်။

1

Guo Pei ဟာ ဖောင်းကြွလက်မှုပညာရှင် အယောက် ၃၀ဝ၊ ဒီဇိုင်နာ အယောက် ၂၀ဝ၊ pattern ဒီဇိုင်းပြုလုပ်သူနဲ့ စက်ချုပ်နည်းပညာရှင်များစွာကို တရုတ်ပြည်မှာ အလုပ်ပေးခန့်အပ်ထားနိုင်ပါတယ်။ သူတို့တွေဟာ နှစ်စဉ် အထည်ပေါင်း ၃၀ဝ၀ လောက်ထုတ်လုပ်နိုင်ကြပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၄၀ဝ၀ ကနေစတင်ပါတယ်။ Rose Studio ဟာခုဆို တရုတ်ပြည်ရဲ့ အလယ်အထက်အဆင့် လူတန်းစားများပိုဝယ်ယူနိုင်ရေးအတွက် လက်မှုပညာအသေးစိတ်တစ်ဝက်ပါဝင်ချုပ်လုပ်ထားတဲ့ တရုတ်သတိုးသမီးလို့အမည်ပေးထားတဲ့ မင်္ဂလာဆောင်ဝတ်စုံတွေကို ထုတ်လုပ်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

5

Rihanna ရဲ့အဝါရောင်ဂါဝန်ကြီးဟာ နိုင်ငံတကာဖက်ရှင်လောကမှာ couture အစိတ်အပိုင်းတစ်ခုအနေဖြင့် သတ်မှတ်ခြင်းခံခဲ့ရပြီး တစ်ခုလုံးကို လက်မှုပညာဖြင့်သာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ Fourfiveseconds သီချင်းအဆိုကျော်မလေးက တရုတ်ဒီဇိုင်နာGuo Pei ရဲ့ဝတ်စုံနဲ့ ကော်ဇော်နီတစ်ခုလုံးကို သူမဘက်ပါအောင် အပိုင်သိမ်းနိုင်ခဲ့ပါတယ်။ ဒီဖောင်းကြွလက်ရာ အနုစိတ်ဂါဝန်ကြီးဆီမှာ သားမွှေး၊ သိုးမွှေးစများအပြင် အခြားသော အဆင်တန်ဆာများကို ထည့်သွင်းချုပ်လုပ်ထားတာဖြစ်ပါတယ်။ပေကျင်းအလှတရားကို ဖော်ပြခဲ့တဲ့ အဆိုတော်မလေးက သူမရဲ့မျက်နှာအပြင်အဆင်ကို ဝတ်စုံနဲ့လိုက်ဖက်အောင်ပြင်ဆင်ခဲ့ပြီး ခေါင်းပတ်ခေါင်းစီးများနဲ့ အပိုအလိုမရှိ ဝတ်စုံကို အကောင်းဆုံးဖော်ကျူးနိုင်ခဲ့ပါတယ်။

4

 

Source:Moda

Read 1321 times
Rate this item
(0 votes)