What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂိမ်းထဲ ရောက်သွားတဲ့ ဖက်ရှင်ရှိုးပွဲ

ကိုဗစ်ကပ်ရောဂါဘေးကြောင့် မော်ဒယ်တွေနဲ့ ကျင်းပနေကျ ဖြစ်တဲ့ ဖက်ရှင်ရှိုးပွဲတွေ ဖျက်သိမ်းလိုက်ကြရတယ်။

ဖက်ရှင်အသစ်အဆန်းတွေကို လူအများ မြင်ကြတွေ့ကြရအောင် တင်ပြနိုင်ဖို့အတွက် နာမည်ကြီး ဂိမ်းမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေကို မော်ဒယ်တွေအဖြစ် သုံးစွဲကြတာ တွေ့ကြရတယ်။

Nintendo ရဲ့ ရွာတည်တဲ့ဂိမ်းဖြစ်တဲ့ to Animal Crossing: New Horizons မှာ ဇာတ်ကောင်တွေ ဝတ်စားဆင်ယင်ဖို့ နောက်ဆုံးဖော် ဖက်ရှည်ထည်တွေ ရွေးချယ်ဖို့ ပေးထားတယ်။ Marc Jacobs, Sandy Liang နဲ့ Valentino အစရှိတဲ့ ဖက်ရှင်ဒီဇိုင်နာတွေရဲ့ ဖက်ရှင်ထည်တွေကို အဲဒီဂိမ်းထဲမှာ တွေ့ကြရတယ်။

ဖန်တီးထားတဲ့ ဖက်ရှင်တွေကို ချပြဖို့ လမ်းကြောင်းသစ်တစ်ခု ဖောက်လိုက်တာဖြစ်ပြီး ဂိမ်းကစားသူတွေရဲ့ နှစ်ခြိုက် အားပေးမှုကို တွေ့ရတာမို့ အပေါင်းရလဒ် ထွက်ပေါ်တယ်လို့ ဆိုရမယ်။ ဇာတ်ကောင်တွေကို ဖက်ရှင်ထည်တွေ ဝတ်စားပေးပြီး တွစ်တာမှာ ရှယ်ကြတယ်။

သဘောသဘာဝက ဒစ်ဂျစ်တယ် ဖြစ်တာမို့ တကယ်ချုပ်လုပ်နေဖို့ မလိုဘူး။ တစ်နည်းပြောရရင် ဒစ်ဂျစ်တယ် ဖက်ရှင်စစ်စစ် ဖြစ်ပါတယ်။ ပရိသတ် အကြိုက်များကို ရွေးထုတ်ပြီး ထုတ်လုပ်ရောင်းချဖို့အတွက် ချပြလို့ရတဲ့ အခွင့်အလမ်း ပေါ်ပေါက်တာလည်း ဖြစ်ပါတယ်။
ပရိသတ်အများစုအနေဖြင့် အပြင်မှာ ငွေကြေးမတတ်နိုင်လို့ အနားမသီနိုင်ပေမဲ့ ဂိမ်းထဲမှာတော့ အခမဲ့ ရယူပြီး ကိုယ့်ဇာတ်ကောင်တွေကို စိတ်ကြိုက်ဝတ်စားဆင်ယင်ပေးလို့ရတဲ့ အခွင့်သာချက်ကို ရရှိပါတယ်။

Zawgyi

 

ဂိမ္းထဲ ေရာက္သြားတဲ့ ဖက္ရွင္ရႈိးပြဲ

ကိုဗစ္ကပ္ေရာဂါေဘးေၾကာင့္ ေမာ္ဒယ္ေတြနဲ႔ က်င္းပေနက် ျဖစ္တဲ့ ဖက္ရွင္ရႈိးပြဲေတြ ဖ်က္သိမ္းလိုက္ၾကရတယ္။ ဖက္ရွင္အသစ္အဆန္းေတြကို လူအမ်ား ျမင္ၾကေတြ႕ၾကရေအာင္ တင္ျပႏိုင္ဖို႔အတြက္ နာမည္ႀကီး ဂိမ္းမွာ ပါဝင္တဲ့ ဇာတ္ေကာင္ေတြကို ေမာ္ဒယ္ေတြအျဖစ္ သုံးစြဲၾကတာ ေတြ႕ၾကရတယ္။

Nintendo ရဲ႕ ႐ြာတည္တဲ့ဂိမ္းျဖစ္တဲ့ to Animal Crossing: New Horizons မွာ ဇာတ္ေကာင္ေတြ ဝတ္စားဆင္ယင္ဖို႔ ေနာက္ဆုံးေဖာ္ ဖက္ရွည္ထည္ေတြ ေ႐ြးခ်ယ္ဖို႔ ေပးထားတယ္။ Marc Jacobs, Sandy Liang နဲ႔ Valentino အစရွိတဲ့ ဖက္ရွင္ဒီဇိုင္နာေတြရဲ႕ ဖက္ရွင္ထည္ေတြကို အဲဒီဂိမ္းထဲမွာ ေတြ႕ၾကရတယ္။

ဖန္တီးထားတဲ့ ဖက္ရွင္ေတြကို ခ်ျပဖို႔ လမ္းေၾကာင္းသစ္တစ္ခု ေဖာက္လိုက္တာျဖစ္ၿပီး ဂိမ္းကစားသူေတြရဲ႕ ႏွစ္ၿခိဳက္ အားေပးမႈကို ေတြ႕ရတာမို႔ အေပါင္းရလဒ္ ထြက္ေပၚတယ္လို႔ ဆိုရမယ္။ ဇာတ္ေကာင္ေတြကို ဖက္ရွင္ထည္ေတြ ဝတ္စားေပးၿပီး တြစ္တာမွာ ရွယ္ၾကတယ္။

သေဘာသဘာဝက ဒစ္ဂ်စ္တယ္ ျဖစ္တာမို႔ တကယ္ခ်ဳပ္လုပ္ေနဖို႔ မလိုဘူး။ တစ္နည္းေျပာရရင္ ဒစ္ဂ်စ္တယ္ ဖက္ရွင္စစ္စစ္ ျဖစ္ပါတယ္။ ပရိသတ္ အႀကိဳက္မ်ားကို ေ႐ြးထုတ္ၿပီး ထုတ္လုပ္ေရာင္းခ်ဖို႔အတြက္ ခ်ျပလို႔ရတဲ့ အခြင့္အလမ္း ေပၚေပါက္တာလည္း ျဖစ္ပါတယ္။
ပရိသတ္အမ်ားစုအေနျဖင့္ အျပင္မွာ ေငြေၾကးမတတ္ႏိုင္လို႔ အနားမသီႏိုင္ေပမဲ့ ဂိမ္းထဲမွာေတာ့ အခမဲ့ ရယူၿပီး ကိုယ့္ဇာတ္ေကာင္ေတြကို စိတ္ႀကိဳက္ဝတ္စားဆင္ယင္ေပးလို႔ရတဲ့ အခြင့္သာခ်က္ကို ရရွိပါတယ္။

 

 

 

 

Read 937 times
Rate this item
(0 votes)