What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အိမ်မှာနေရင်း Fashion Design လေ့လာကြမယ်

အိမ်မှာနေရင်း Fashion Design လေ့လာကြမယ်။

Fashion ကို မရူးသွပ်တဲ့သူ ဒီကမ္ဘာမှာရှားပါးလွန်းလှပါတယ်။ ခေတ်မီတိုးတက်လာတာနဲ့ အမျှ Fashion Trend တွေကိုလည်းလူတွေကစိတ်ဝင်တစားရှိလာကြပါပြီ။ Fashion Trend တွေကလည်း တစ်နှစ်ထက်တစ်နှစ်ပိုပိုပြီး ခေတ်မီလို့လာပါတယ်။ Fashion Design တွေဟာ ဘယ်တော့ မကုန်ခန်းနိုင်တဲ့ သမုဒ္ဒရာတစ်ခုလိုပါပဲ။ ဒါပေမယ့် Fashion ကိုလေ့လာလိုက်စားဖို့အတွက် Fashion school တွေတက်မှ Fashion Designer တစ်ယောက်ဖြစ်မှမဟုတ်ပါဘူး။ အိမ်မှာနေရင်းနဲ့လည်း Fashion ကို လေ့လာလိုက်စားလို့ရပါတယ်။

၁။ Fashion Design ကို လေ့လာပါ။

ပထမဦးဆုံး Fashion နဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်တွေကို လေ့လာပါ။ Fashion Design တိုင်းတာနည်းတွေကို လေ့လာပါ။ ချုပ်တဲ့ပိတ်စသားတွေကိုလည်း လေ့လာပါ။ Fashion နဲ့ ပတ်သက်သမျှ အစအဆုံးကို ခရေစေ့တွင်းကျ လေ့လာပါ။ အဲဒီလိုလေ့လာဖို့အတွက် နိုင်ငံခြားက Fashion Magazine တွေကို ဝယ်ဖတ်ပါ။ Online ကနေလည်း လိုက်လေ့လာပါ။

၂။ Idea တွေကို အမြဲတမ်းဆန်းသစ်နေပါစေ။

Fashion Designer တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ Idea တွေဟာ အမြဲတမ်းဆန်းသစ်နေရပါမယ်။ Idea တွေ အမြဲတမ်းဆန်းသစ်နေအောင် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို အမြဲတမ်းစူးစမ်းနေပါ။ စူးစမ်းပြီးရလာတဲ့ Idea တွေကို Sketch ပြန်ဆွဲပါ။ နိုင်ငံတကာ က Fashion Designer တွေရဲ့ Creation တွေကိုလည်း အမြဲတမ်းလေ့လာပါ။

၃။ စမ်းချုပ်ကြည့်ပါ။

Idea တွေကို Sketch Book ထဲမှာပဲ မသိမ်းထားပါနဲ့။ ပိုနေတဲ့ အစတွေနဲ့ စမ်းချုပ်ကြည့်ပါ။ စမ်းချုပ်ကြည့်တဲ့အခါ စင်တီမီတာအပြင် လက်မနဲ့ပါ စမ်းချုပ်ကြည့်ပါ။ အရုပ်မလေးတွေအတွက် အကျီင်္လေးတွေစမ်းချုပ်ကြည့်ပါ။ ဒါမှ ကိုယ်ရဲ့လိုအပ်ချက်တွေကို သိနိုင်မှာဖြစ်ပါတယ်။

၎။ ဇွဲမလျှော့ပါနဲ့။

Fashion Design ကို တတ်မြောက်ချင်ရင် ဇွဲရှိရှိလေ့လာပါ။ Fashion လောကမှာ အောင်မြင်တဲ့ Designer တစ်ယောက် ဖြစ်ဖို့အတွက် အမြဲတမ်းဇွဲရှိရှိလေ့လာနေဖို့လိုအပ်ပါတယ်။ စက်ချုပ်အပြင် Design ပါ တီထွင်နိုင်တဲ့အထိ ဘက်စုံထူးချွန်တဲ့ Designer တစ်ယောက်ဖြစ်အောင် ကြိုးစားပါ။

၅။ ဈေးကွက်ကို သိဖို့လိုအပ်ပါတယ်။

ကိုယ့်ရဲ့ Fashion Brand ထုတ်မယ်ဆိုရင် ဘယ်လို Style မျိုးနဲ့ ပရိသတ်တွေကို ဖမ်းစားမလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ Fashion Styles တွေအများကြီးရှိတဲ့အထဲမှာမှ ကိုယ် ဖန်တီးနိုင်တဲ့ Fashion Style ကိုရွေးချယ်ပါ။ Dress တစ်ခုကို မြင်လိုက်တာနဲ့ ကိုယ့်ရဲ့ Fashion Brand ကထုတ်တဲ့ Creation မှန်းသိဖို့လိုအပ်ပါတယ်။

၆။ ကိုယ့် Brand ကို တည်ဆောက်ပါ။

ကိုယ်ဘယ်လို Fashion Style မျိုး ဖန်တီးနိုင်တယ်ဆိုတာကို လူတွေကို ဖော်ထုတ်ပြပါ။ ကိုယ်ဖန်တီးနိုင်တဲ့ Fashion Style အပေါ်မူတည်ပြီး Brand နာမည်ကို အသေအချာရွေးချယ်ပါ။ ကိုယ့် Brand ရဲ့ Portfolio ကို Social Media မှာလည်း ချပြပါ။ ထိုက်တန်တဲ့ Quality တစ်ခုကိုလည်း သတ်မှတ်ပါ။

လေ့လာသင်ယူနေမှုသာ မပျက်ပါစေနဲ့။ နှစ်တစ်နှစ်ပြောင်းတိုင်း Fashion Trend တွေပြောင်းလဲနေပါတယ်။ ခေတ်နဲ့ တစ်ပြေးညီ သင်ယူလေ့လာနေသမျှတော့ ကျိန်းသေပေါက်တိုးတက်လာမှာဖြစ်ပါတယ်။

source;akhayar

Read 1344 times
Rate this item
(0 votes)