What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာ မရည်မွန်အောင် ၏ ဖန်တီးမှုလက်ရာများ

ဒီဇိုင်နာ မရည်မွန်အောင် ၏ ဖန်တီးမှုလက်ရာများ Facebook

ဒီတစ်ခေါက်မှာတော့ Textile ပရိတ်သတ်ကြီးအတွက်အမျိုးသမီးဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ဒီဇိုင်နာ မရည်မွန်အောင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။


ဒီဇိုင်နာမရည်မွန်အောင်ကတော့ ဒီဇိုင်နာလောကကို ၂၀၁၀ ခုနှစ်က စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး မြန်မာ့ရိုးရာ ထိုင်မသိမ်းတွေကိုဖန်တီချုပ်လုပ်တဲ့နေရာမှာ အလွန်လက်ရာမြောက်သူတစ်ဦးလည်းဖြစ်ပါတယ်။


မြန်မာ့ရိုးရာကိုသေချာစွာလေ့လားထားသူဖြစ်သည့်အတွက် မြန်မာထိုင်မသိမ်းတွေဖန်တီးတဲ့နေရာမှာ အလွန်သေသပ်လွန်းသူတစ်ဦးပါ။


ဒီဇိုင်နာမရည်မွန်အောင်ဟာ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် Rose Garden Hotel တွင်ကျင်းပခဲ့သည့် မြန်မာထိုင်မသိမ်း Show ပွဲတွင် ဖက်ရှင်ဒီဇိုင်နာဆရာပြည်စိုးအောင်တို့နဲ့

အတူသူမရဲ့ဖန်တီးချုပ်လုပ်မှုတွေကို ပါဝင်ပြသခဲ့ပါတယ်။


သူမရဲ့ကိုယ်ပိုင်Show ပွဲတွေကိုလည်းပြုလုပ်ဖို့စီစဉ်ထားသူတစ်ဦးပါ။


၂၀၂၀ မှာ Trend ဖြစ်လာမဲ့ ဖက်ရှင်ဒီဇိုင်းများနှင့် အရောင်များနဲ့ပတ်သက်ပြီး သူမရဲ့ အမြင်ကိုလည်းယခုလိုပဲပြောပြပေးထားပါတယ်။


“ မြန်မာပွဲတက်အနေနဲ့ဆိုရင်တော့ ရိုးရိုးရှင်းရှင်းနဲ့ အရောင်ငြိမ်ငြိမ်လေးတွေဖြစ်ပြီး မြန်မာထိုင်မသိမ်းမှာဆိုရင်တော့ Nude Colour ဘက်ကိုအများဆုံးနွယ်တဲ့ အရောင်ဆန်းလေးတွေရယ်

မြန်မာမှုှုဆန်တဲ့ပုံစံလေးတွေဟာဆိုရင် ပိုခေတ်စားပြီး လူကြိုက်များစေတဲ့ ပုံစံလေးတွေပဲဖြစ်ပါတယ်” လို့သူမရဲ့ထင်မြင်ချက်ကိုပြောပြပေးလိုက်ပါတယ်။


ဒ့ါပြင် ဒီဇိုင်နာမရည်မွန်အောင်အနေနဲ့ ဒီဇိုင်နာတစ်ယောက်မဖြစ်မီနဲ့ဖြစ်ပြီး သူမရဲ့ ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံ၊ အခက်အခဲလေးတွေကိုလည်း မျှပေးထားပါတယ်။


“ အခက်အခဲတွေနဲ့ အများကြီးရင်ဆိုင်ခဲ့ရပါတယ်။ အခုလည်းမိမိပညာရပ်အလုပ်နဲ့သော်လည်းကောင်း Customerဆီကသော်လည်းကောင်း ပညာတွေ မကုန်အောင်သင်ယူနေရတုန်းပါ။

အဲ့ဒီအတွက် ဝါသနာရှင် မောင် ညီမလေးတွေအနေနဲ့ ဘယ်လိုအခက်အခဲမျိုးတွေနဲ့ကြုံပါစေ ဝါသနာ၊ အနုပညာ၊ စေတနာတွေအပြင် ဇွဲရှိရှိနဲ့ မဆုတ်မနှစ်နဲ့ကြိုးစားရင် တစ်နေ့မှာထိုက်တန်တဲ့

အရာတွေ ကိုယ့်ဆီ ကိုရောက်လာပါလိမ့်မယ်။ အရေးကြီးတာက ခံနိုင်ရည်ရှိရှိကြိုးစားနေဖို့ပါပဲလို့” လို့ သူမရဲ့အတွေ့ကြုံလေးတွေကို မျှဝေပေးခဲ့ပါတယ်။


ထို့ပြင် သူမအနေဖြင့် ဒီဇိုင်းပညာနဲ့ပတ်သက်ပြီး အရမ်းကို ရူးသွပ်တဲ့တက်သစ်စလူငယ်တွေအတွက်လည်း ယခုလိုပဲအကြံပြုပေးထားပါတယ်။


“ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့ အဓိကအချက်ကတော့ မိမိရဲ့အတွေးအခေါ်ကိုလူအများစုက လက်ခံပြီး (ကာလဒေသနှင့် လိုက်ဖက်တဲ့ ဖန်တီးမှုတွေ) ခေတ်နဲ့အညီ ဖန်တီးမှုတွေရှိဖို့လိုအပ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။


လက်ရှိမှာလည်းထိုင်မသိမ်းအထူး သင်တန်းလေးလဲဖွင့်ထားပါတယ် MIBA University က Fashion Dip သင်တန်းမှာလဲ Illustration နဲ့ ထိုင်မသိမ်းအခြေခံသင်တန်းအတွက်နည်းပြလုပ်ပေးတယ်လို့သိရပါတယ်။

Adress: အမှတ် (၁၆) ဒုဘီ၊ မဂ္ဂင်လမ်း၊ ကျောက်မြောင်း ၊ တာမွေမြို့နယ်။
Phone : 09786666007 / 09786666605

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

ဒီတစ္ေခါက္မွာေတာ့ Textile ပရိတ္သတ္ႀကီးအတြက္အမ်ိဳးသမီးဒီဇိုင္နာတစ္ဦးျဖစ္တဲ့ ဒီဇိုင္နာ မရည္မြန္ေအာင္နဲ႕မိတ္ဆက္ေပးခ်င္ပါတယ္။

 

ဒီဇိုင္နာမရည္မြန္ေအာင္ကေတာ့ ဒီဇိုင္နာေလာကကို ၂၀၁၀ ခုႏွစ္က စတင္ဝင္ေရာက္ခဲ့တာျဖစ္ၿပီး ျမန္မာ့႐ိုးရာ ထိုင္မသိမ္းေတြကိုဖန္တီခ်ဳပ္လုပ္တဲ့ေနရာမွာ အလြန္လက္ရာေျမာက္သူတစ္ဦးလည္းျဖစ္ပါတယ္။

in16

ျမန္မာ့႐ိုးရာကိုေသခ်ာစြာေလ့လားထားသူျဖစ္သည့္အတြက္ ျမန္မာထိုင္မသိမ္းေတြဖန္တီးတဲ့ေနရာမွာ အလြန္ေသသပ္လြန္းသူတစ္ဦးပါ။

in15

ဒီဇိုင္နာမရည္မြန္ေအာင္ဟာ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၁ ရက္ေန႔တြင္ Rose Garden Hotel တြင္က်င္းပခဲ့သည့္ ျမန္မာထိုင္မသိမ္း Show ပြဲတြင္

 

ဖက္ရွင္ဒီဇိုင္နာဆရာျပည္စိုးေအာင္တို႕နဲ႕အတူသူမရဲ႕ဖန္တီးခ်ဳပ္လုပ္မႈေတြကို ပါဝင္ျပသခဲ့ပါတယ္။

in3

 

in10

သူမရဲ႕ကိုယ္ပိုင္Show ပြဲေတြကိုလည္းျပဳလုပ္ဖို႔စီစဥ္ထားသူတစ္ဦးပါ။

 

၂၀၂၀ မွာ Trend ျဖစ္လာမဲ့ ဖက္ရွင္ဒီဇိုင္းမ်ားႏွင့္ အေရာင္မ်ားနဲ႕ပတ္သက္ၿပီး သူမရဲ႕ အျမင္ကိုလည္းယခုလိုပဲေျပာျပေပးထားပါတယ္။

 

“ ျမန္မာပြဲတက္အေနနဲ႕ဆိုရင္ေတာ့ ႐ိုး႐ိုးရွင္းရွင္းနဲ႕ အေရာင္ၿငိမ္ၿငိမ္ေလးေတြျဖစ္ၿပီး ျမန္မာထိုင္မသိမ္းမွာဆိုရင္ေတာ့ Nude Colour ဘက္ကို

 

အမ်ားဆံုးႏြယ္တဲ့ အေရာင္ဆန္းေလးေတြရယ္ျမန္မာမႈႈဆန္တဲ့ပံုစံေလးေတြဟာဆိုရင္ ပိုေခတ္စားၿပီး လူႀကိဳက္မ်ားေစတဲ့ ပံုစံေလးေတြပဲျဖစ္ပါတယ္”

 

လို႔သူမရဲ႕ထင္ျမင္ခ်က္ကိုေျပာျပေပးလိုက္ပါတယ္။

in4

 

in9

ဒ့ါျပင္ ဒီဇိုင္နာမရည္မြန္ေအာင္အေနနဲ႕ ဒီဇိုင္နာတစ္ေယာက္မျဖစ္မီနဲ႕ျဖစ္ၿပီး သူမရဲ႕ ၾကဳံေတြ႕ခဲ့ရတဲ့အေတြ႕အၾကံဳ၊ အခက္အခဲေလးေတြကိုလည္း မွ်ေပးထားပါတယ္။

“ အခက္အခဲေတြနဲ႕ အမ်ားႀကီးရင္ဆိုင္ခဲ့ရပါတယ္။ အခုလည္းမိမိပညာရပ္အလုပ္နဲ႕ေသာ္လည္းေကာင္း Customerဆီကေသာ္လည္းေကာင္း

 

ပညာေတြ မကုန္ေအာင္သင္ယူေနရတုန္းပါ။အဲ့ဒီအတြက္ ဝါသနာရွင္ေမာင္ ညီမေလးေတြအေနနဲ႕ ဘယ္လိုအခက္အခဲမ်ဳိးေတြနဲ႕ၾကံဳပါေစ ဝါသနာ၊

 

အႏုပညာ၊ ေစတနာေတြအျပင္ ဇြဲရွိရွိနဲ႕ မဆုတ္မႏွစ္နဲ႕ႀကိဳးစားရင္တစ္ေန႔မွာထိုက္တန္တဲ့ အရာေတြကိုယ့္ဆီ ကိုေရာက္လာပါလိမ့္မယ္။

 

အေရးႀကီးတာက ခံႏိုင္ရည္ရွိရွိႀကိဳးစားေနဖို႔ပါပဲလို႔” လို႔ သူမရဲ႕အေတြ႕ၾကံဳေလးေတြကို မွ်ေဝေပးခဲ့ပါတယ္။

 

in8

ထို႕ျပင္ သူမအေနျဖင့္ ဒီဇိုင္းပညာနဲ႕ပတ္သက္ၿပီး အရမ္းကို ႐ူးသြပ္တဲ့တက္သစ္စလူငယ္ေတြအတြက္လည္း ယခုလိုပဲအၾကံျပဳေပးထားပါတယ္။

 

“ဒီဇိုင္နာေကာင္းတစ္ေယာက္ျဖစ္ဖို႔ အဓိကအခ်က္ကေတာ့ မိမိရဲ႕အေတြးအေခၚကိုလူအမ်ားစုက လက္ခံၿပီး (ကာလေဒသႏွင့္ လိုက္ဖက္တဲ့ ဖန္တီးမႈေတြ)

 

ေခတ္နဲ႕အညီီ ဖန္တီးမႈေတြရွိဖို႔လိုအပ္ပါတယ္”လို႕ေျပာၾကားခဲ့ပါတယ္။

 

လက္ရွိမွာလည္းထိုင္မသိမ္းအထူး သင္တန္းေလးလဲဖြင့္ထားပါတယ္ MIBA University က Fashion Dip သင္တန္းမွာလဲ Illustration နဲ႔

 

ထိုင္မသိမ္းအေျခခံသင္တန္းအတြက္နည္းျပလုပ္ေပးတယ္လို႕သိရပါတယ္။

in5

in6

in11

in12

in7

Adress: အမွတ္ (၁၆) ဒုဘီ၊ မဂၢင္လမ္း၊ ေက်ာက္ေျမာင္း ၊ တာေမြၿမိဳ႕နယ္။

 

Phone : 09786666007 / 09786666605

 

Myanmar Textile and Garment Directory

Read 2099 times
Rate this item
(0 votes)
Tagged under