What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Knitwear Designer စတီဗင်ဦး အပိုင်း(၃)

၂၀၁၃ ခုနှစ်မှာတော့ မြန်မာပြည်ဖွား စတီဗင်ဦးက အမေရိကမှ တရုတ်ပြည် ရှန်ဟိုင်းမှာ ပြောင်းရွှေ့အခြေချလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


“ ဒီမှာ လာလုပ်တာ ပထမတစ်နှစ်မှာ ကျွန်တော့ရဲ့ စီးပွားရေး နှစ်ဆတိုးခဲ့တယ်။ နှစ်စဉ် ဆက်လက်တိုးများနေတယ်” လို့ သူက ပြောပြတယ်။ တရုတ်ပြည်မှာ စီးပွားဝန်းကျင်က ရှေးယခင်ကနဲ့ အတော်ကွာခြားနေပြီဆိုတာကိုလည်း သူက ပြောပြတယ်။
‘‘အရင်တုန်းက တရုတ်ပြည်က ကုန်ထုတ်လုပ်မှုမှာ အတော်ကောင်းတယ်။ အခုတော့ ကြံဆဖန်တီးတဲ့အပိုင်းမှာ အရမ်းကောင်းနေတာ တွေ့ရတယ်” လို့ သူ့အမြင်ကို ပြောပြတယ်။
“ဒီမှာ စက်ရုံတွေ အများကြီး ရှိနေတာမှာ အများစုက ခေတ်မီတဲ့ စက်တွေ ပံ့ပိုးမှုတွေ ဖြည့်ထည့်ပေးထားကြတယ်။ နောက်ဆုံးပေါ် နည်းပညာတွေလည်း သုံးနေကြတယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဒီမှာ လာစုနေကြတယ်””

စတီဗင်ဦးက တရုတ်ပြည်ကို သူ ပြောင်းရွှေ့တာ အချိန်ကိုက်ပဲလို့ ယူဆပါတယ်။ အခုအခါ တိုင်းပြည်မှာ ကြံဆဖန်တီးတာတွေကို အားပေးနေတယ်။ အဲဒီအတွက် အရင်းအမြစ်တွေလည်း ပေးတယ်။ အခွင့်အလမ်းတွေလည်း ပေးတယ်။ ပြည်ပဒီဇိုင်နာတွေအတွက်လည်း အခွင့်အလမ်းတွေ ပေးတယ်”

သူက ဆက်လက်ပြောပြတာမှာ “ရှော့ပင်းမောတွေ အများအပြားတို့က သူတို့အတွက် ဒီဇိုင်းထုတ်ပေးဖို့ ကျွန်တော့ကို ကမ်းလှမ်းဖိတ်ကြားကြတယ်။ ပြည်တွင်းမှ ၀ယ်ယူသူတွေက အသစ်အဆန်းတွေကို မျှော်လင့်ကြတယ်။ တစ်မူထူးတာ၊ အရသာကောင်းတာတွေကို လိုချင်ကြတယ်”

ရှန်ဟိုင်းစတိုင်လ်ကိုလည်း သူက ပြောပြတယ်။
“ကျွန်တော်က တရုတ်ပြည်မှာ စီးပွားရေး လုပ်ရတာ ကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ထိထိရောက်ရောက် လုပ်ကိုင်ကြတယ်။ အမေရိကမှာဆိုရင် စကားတွေပြောပြီး ဆွေးနွေးနေကြတာနဲ့ပဲ အချိန်တွေ ကုန်နေတယ်။ တရုတ်ပြည်မှာတော့ မြန်မှ ရတယ်။ အရမ်းမြန်ရတယ်”

သူလုပ်ကိုင်နေတဲ့ ဖက်ရှင်လုပ်ငန်းကဏ္ဍမှာ တရုတ်ပြည်က ပတ်ဝန်းကျင် ကာကွယ်ရေးကို အကြီးအကျယ် တိုးတက်ကောင်းမွန်ဖို့ ဦးတည်လုပ်ကိုင်နေတာကို တွေ့ရတယ်။ ‘‘အစိုးရက အမြဲမပြတ် ကြိုးပမ်းအားထုတ်နေတာ ကျွန်တော် တွေ့နေရတယ်။ ဆေးဆိုးတဲ့ စက်ရုံတွေဆိုရင် တင်းတက်းကျပ်ကျပ် စစ်ဆေးတယ်။ အဲဒါ အလားအလာကောင်းတွေပဲ”

ရှန်ဟိုင်းက မြန်ဆန်တာကြောင့် သူ့အဖို့ ပြဿနာ တက်နေရတယ်။ “ဒီမှာ ထိထိရောက်ရောက်လုပ်ကိုင်ကြတာ အရမ်းမြင့်မားတယ်။ ကျွန်တော် မနည်းအမီလိုက်ရတယ်။ ဒါပေမဲ့ စိတ်ကူးကောင်းတွေ ရဖို့ဆိုတာ အချိန်ယူပြီး စဉ်းစားကြံဆပေးရတယ်”
ဒီတော့ သူက ဖြည်းဖြည်းပဲ သွားချင်တယ်။

တရုတ်ပြည်မှာ သူလာလုပ်တာ အခက်အခဲတွေ ရင်ဆိုင်ကျော်လွှားရတာကို ပြောပြတယ်။ “ကျွန်တော်က တရုတ်သွေးပါတဲ့သူ ဖြစ်ပေမဲ့ တရုတ်တွေ စီးပွားရေးလုပ်တဲ့ ဓလေ့ထုံးတမ်းကို မရင်းနှီးဘူး။ လူတွေကို တဲ့တိုး ပြောဆိုတာထက် ကွေ့ပတ်ပြီး ပါးပါးနပ်နပ်နဲ့ ပြောဆိုရတယ်။ ကျွန်တော်က တဲ့တိုးတွေ တုတ်ထိုးအိုးပေါက် ပြောဆိုတော့ အတူတွဲလုပ်တဲ့ စီးပွားရေးသမားတွေက ကျွန်တော့ကို မကြိုက်ကြဘူး။ အဲဒါအတွက် လူတစ်ယောက် ရှာပြီး ဆရာတင်ထားရတယ်”

တကယ်တော့ သူ့မှာ တရုတ်သွေးပါတဲ့အပြင် မျိုးရိုးကလည်း တရုတ်ပြည်မှာ ပေါက်ဖွားခဲ့တာ ဖြစ်ပါတယ်။ သူ့မျိုးရိုးက တရုတ်ပြည် အရှေ့ပိုင်း ဖူကျင်ပြည်နယ်မှ ဖြစ်ပါတယ်။ မိသားစုမျိုးရိုးစဉ်ဆက်မှာ အတက်အကျတွေ ရှိခဲ့တယ်။ တည်ငြိမ်တဲ့ဘ၀ကို ရဖို့ အပြင်းအထန်ရုန်းကန်ခဲ့ရတာတွေလည်း ရှိခဲ့တယ်။ အခွင့်အလမ်းကောင်းတွေ ရဖို့ ရှာဖွေခဲ့ကြရတယ်။

၁၉၄၅ ခုနှစ်မှာ သူ့ရဲ့ အဘိုးအဘွားတို့က ဇာတိမြို့ကို ကျောခိုင်းခဲ့ကြတယ်။ မြန်မာပြည်ကို ရောက်လာခဲ့ကြတယ်။

အပိုင်း(၄) ဆက်လက်ဖတ်ရှုရန် 

 

http://www.textiledirectory.com.mm/articles/item/941-knitwear-designer-steven-oo-part-4.html

Read 1305 times
Rate this item
(0 votes)